အညာမီးလောင်ပြင်က အညာပစ်တိုင်းထောင် (Photo Story)

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အညာဒေက လူနေအိမ်တွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို မီးရှို့ခံနေရပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တဲ့အခါ မီးရှို့တာတွေအပြင် မြင်မြင်သမျှ လူကြီးလူငယ်မရွေး ပစ်ခတ်တာတွေကြောင့်လည်း အညာဒေသက လူတွေရဲ့အသက်ဟာ နေ့မြင်ညပျောက် ဖြစ်နေကြပါတယ်။  

မသေတဲ့သူတွေကတော့ တောင်ပြေး၊ မြောက်ပြေးနဲ့ နေစရာမဲ့၊ စားစရာမဲ့ဖြစ်သွားတဲ့အထိ အညာသူ၊ အညာသားတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဒဏ်ကို ခံနေကြရပါတယ်။

ခုလိုပြာပုံအတိနဲ့ ဆောက်တည်ရာမဲ့ မီးလောင်ပြင်ကြီးမှာ ‘အညာပစ်တိုင်းထောင်’ ဆိုတဲ့ အဖွဲ့တဖွဲ့ ပေါ်ပေါက်လာပါတယ်။

ဒီအဖွဲ့က နေအိမ်မီးထဲပါသွားလို့ ကူကယ်ရာမဲ့ဖြစ်နေတဲ့ အညာဒေသခံတွေကို သူတို့တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာပါ။

ဘယ်လောက်အထိဆိုးဝါးတဲ့ အခြေအနေမျိုးရောက်နေပါစေ အညာဒေသခံတွေဟာ ဘယ်တော့မှ လဲကျမသွားရဘူးလို့ သူတို့က ခံယူထားပါတယ်။

 

တင်ဆက် - ဟယ်ရီ

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10