Cherry

စေတုတ္တရာမှာ ၄ နာရီကြာတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံး

“ကျနော်တို့ တပ်ခွဲနဲ့ ထိပ်တိုက်တွေ့တာ၊ စစ်ကောင်စီဘက်က ၅ယောက်လောက် သေတယ်၊ မိုင်းထိတဲ့သူတွေကလည်း အများကြီး၊ ကျတော်တို့ဘက်က ခံစစ်ဆို‌တဲ့အနေထားမှာ ကာမိုင်းတွေနဲ့ ကောင်းကောင်းရပ်တည်နိုင်ခဲ့တယ်၊ သူတို့(စစ်ကောင်စီ)ဘက်က တရွတ်တိုက်ဆွဲခေါ်သွားတာတွေ ၄၊ ၅ယောက်ရှိတယ်၊ ထမ်းပြီးပြန်ရတာတွေရှိတယ်၊ RPGပစ်တဲ့နေရာမှာလည်း ထိတဲ့သူတွေရှိတယ်။”

ကံထူးမရဲစခန်း ဖျက်ဆီးခံလိုက်ရပြီးနောက် စစ်တပ်က ရွာကို မီးဆက်တိုက်ရှို့နေ

ကံထူးမ‌ကျေးရွာ ရဲစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းရှိ ဘန်ကာ ၆ ခုအနက် ၅ ခုကို မီးရှို့ဖျက်ဆီးကာ ရဲစခန်းအဆောက်အဦးကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး

"တပွိုင့်ကို ရှေ့ထွက်မိုင်းနဲ့ စလစ်မိုင်း ၃ လုံးနဲ့ ၂ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တယ်။ မာစီဒီးကားထဲမှာ အကောင်ကြီးတွေပါတာသိလို့ အဲ့ဒီကားကို ဦးတည်ပြီးဆွဲလိုက်တာပါ။ ၂ ပွင့်ဗိုလ်ကြီး ၁ ယောက်သေတယ်"

ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး

“စခန်း ၃ ခုသိမ်းထားပြီ၊ တောင်နဲ့မြောက် အတူတူ‌ ပူးပေါင်းတိုက်နေတာပါ။ စစ်ကောင်စီက battle ရင်ဆိုင်နိုင်တဲ့ အခြေနေမှာတော့ မရှိတော့ဘူး။ လက်နက်အင်အားပဲ ရှိတော့တာ။ လူအင်အား မရှိတော့ဘူး။ ကျနော်တို့ကတော့ စနစ်တကျနဲ့ ခရီးပေါက်သလောက် သွားမှာပါ။”

တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ဝင်တိုက်၊ စစ်တပ်ဘက်က အကျအဆုံးများပြီး စခန်းကို ဘူဒိုဇာနဲ့ ရှင်းလင်းခဲ့

“ဘန်ကာ နောက်ဆုံးတခု ကျန်တဲ့အနေအထားမှာ လေယာဉ်လာလိုက်တာ။ အပြီးသတ်တော့ ရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စခန်းကိုတော့ မီးရှို့ပြီး အကုန်လုံးကို ထိုးချခဲ့တယ်။ ရဲစခန်းကြီးတခုလုံးလည်း မရှိတော့ဘူး။ မီးလည်းရှို့တယ်၊ ဘူဒိုဇာနဲ့လည်း ထိုးချခဲ့တယ်။”

မြေလတ်ဗမာကာကွယ်ရေးတပ်က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ဟာ ပဲခူးတိုင်းထဲမှာ အဓိက စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား

“လေကြောင်းတွေနဲ့ပါ ပစ်နေတာ၊ အဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ပြန်ခုခံနေတယ်၊ ထိခိုက်ပျက်စီးမှု အခြေအနေအတိကျတော့ မသိရဘူး။ ဇီးတောရွာဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။”

ပြည်မြို့မှာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲလုပ်

“သူတို့(စစ်ကောင်စီ) ဝန်ထမ်းတွေက မပါမနေရ ပါရတယ်။ အဓိက အုပ်ကြီးတွေနဲ့ သူတို့ဝန်ထမ်းတွေ ပဲပါတာ၊ သိပ်တော့ အင်အားမများဘူး၊ ခုတခါပွဲက မြို့ပေါ်က တပ်ထောက်ခံတဲ့ သူတွေတောင် မပါဘူး၊ ခါတိုင်းဆို ပေါ်တော်မူထဲက လူတွေပါတယ်။”လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥ‌ပဒေကို မစိုးရိမ်ဖို့ ဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေ

“လမ်းသွားလမ်းလာတွေကို ဝေတာ၊ ပြည်ထောင်စုလမ်း လူစည်တဲ့နေရာတွေရော ဝေတယ်၊ ဇောတိက မီးပွိုင့် ဗိုလ်ချုပ်လမ်းမှာလည်း ရဲတွေ လာဝေသွားတယ်။”

စစ်ကောင်စီက မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ စက်ရုံတချို့မှာ လူစာရင်းကောက်ယူနေ

“အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲ၊ အိမ်ထောင်ဦးစီးဘယ်သူလဲ မေးတယ်။ ဘာလုပ်ဖို့စစ်တာလဲ မေးကြည့်တော့ မှတ်ပုံတင်လုပ်ပေးမလို့ဆိုလား၊ အိမ်နံပါတ်လုပ်ပေးမလို့ဆိုလား ဖြေသွားတယ်၊ တချို့စက်ရုံ အလုပ်ရုံတွေမှာတော့ အလုပ်သမားတွေရဲ့ နာမည်နဲ့ နေရပ်တွေ စစ်တမ်းကောက်သွားတယ်”

အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါ ရဲဘော် ၁၄၀ ပြီး‌မြောက်အောင်မြင်

“တပ်စိတ်မှူးနဲ့အထက် တာဝန်ထမ်းဆောင်တဲ့သူတွေ မဖြစ်မနေတက်ရတယ်၊ အခြေခံ စစ်ပညာ သင်တန်းကို တက်ပြီးသူမှသာ NCO ကို တက်ရောက်ခွင့်ရှိတယ်၊ သင်တန်းမှာဆိုရင် စစ်ပညာအပြင် ခေါင်းဆောင်မှု သင်တန်းတွေကအစ သင်ပေးရတယ်၊ တပ်ပုံစံအရဆိုရင် နောက်ထပ်ရာထူးတွေ တိုးဖို့ NCO မတက်ထားလို့ မရဘူး၊ သင်တန်းမှာ ရဲမေ ၁၀ ယောက်ကျော်လောက် ပါပါတယ်။”

စစ်မှုမထမ်းမနေရ ဥပဒေအပေါ် မြေလတ်ဒေသက PDF ခေါင်းဆောင်တွေဘာပြောလဲ အင်တာဗျူး( ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့ အပေါ်မှာ သူတို့အမြင်၊ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့သူတွေနဲ့ လူငယ်တွေကို သူတို့ပေးတဲ့ အကြံပြုစကား၊ PDF ထဲဝင်ချင်သူတွေအတွက် ပြင်ဆင်ထားပုံတွေနဲ့ အကယ်၍ ရှေ့တန်းစစ်မြေပြင်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ရင် ဘာတွေလုပ်ကြရမလဲ ဆိုတာတွေကို ပြောဆိုထားကြပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ

“သင်တန်းသားတွေ ထပ်လာမယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျောင်းတကျောင်းမှာဆို volunteer အနေနဲ့ အနည်းဆုံး ၁၀ ယောက်ကျော်လိုတယ်။ ကျနော်တို့က တမြို့နယ်လုံးစာ ဖြန့်ကျက်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်လို့ ပညာတတ်လူငယ် volunteer တွေလည်း အများကြီးလာဖို့ မျှော်လင့်ပါတယ်။ ”

ကလေးမြို့နယ်မှာ စစ်တပ်က အမျိုးသား ၄၀ ကျော် ဖမ်းဆီး၊ လူဖမ်းတာတွေ ဆက်တိုက်လုပ်လာ

“ရွာထဲကို ခြေလျင်ဝင်ပြီးကို ဆွဲသွားတာ။ လူငယ်တွေချည်းပဲ။ ဖမ်းထားတဲ့လူတွေကို ကားနဲ့ မြို့ထဲခေါ် ဝင်သွားတာကို တွေ့တဲ့သူတွေ ရှိတယ်။ မြို့ပေါ်မှာတော့ ဟိုရပ်ကွက်ထဲ ဝင်ဆွဲ၊ ဒီရပ်ကွက်ထဲ ဝင်ဆွဲပဲ။”

စစ်တပ်က လေကြောင်းရော လက်နက်ကြီးနဲ့ပါပစ်လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးသေဆုံး

“ဟောင်ဝစ်ဇာကြောင့်ထိတဲ့ ကလေးမလေးက ဆေးကုနေရင်း ညနေ ၃နာရီလောက်ကျ ဆုံးသွားတယ်၊ အဲ့ဒီနေရာတွေက တိုက်ပွဲ မဖြစ်ဘူး၊ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အဲ့ဘက်ကို လေကြောင်းနဲ့ကြဲတာ၊ နောက်ပြီးတော့ ဟောင်ဝစ်ဇာနဲ့ပါ ဆက်ပစ်တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10