ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ”
ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။ သြဂုတ် ၂၆ ရက်က စစ်ကိုင်း-ရွှေဘိုကားလမ်းမဘေးက လက်ဖက်ရည်ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် မလှလှ ဖမ်းချုပ်ခံထားရစဉ် ဘေးကပ်လျက်အခန်းထဲက သူ့ယောင်းမကို စစ်ကောင်စီတပ်သား တယောက်ပြီး တယောက် ထိုသို့ ခြိမ်းခြောက်ပြောဆိုရင်း အဓမ္မပြုကျင့်ခဲ့သည်ဟု သူကပြောသည်။