သတင်း

ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"

သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်နှောင့်ယှက်တဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ NUG ဆို

စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာဆိုင်ရာ သဘောထားထုတ်ပြန်ချက်မှာ အချက် ၈ ချက်ပါဝင်ပြီး ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံတာ၊ သတင်းမီဒီယာတွေရဲ့ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမယ့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

ယင်းမာပင်က စစ်ရှောင်တွေကို ရေဓာတ်ပြည့်ဝဖို့ ဓာတ်ဆားထုပ် ၃၀၀၀ ကျော် ထောက်ပံ့

"ကလေးတွေဆိုရင် အပူဖုတွေ၊ မျက်စိနာတာတွေ ဖျားနာတာတွေဖြစ်ကြတယ်။ လူကြီးတွေမှာ မူးဝေတာ အဖြစ်များနေပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဖို့ ဓာတ်ဆားတွေ မျှဝေပေးခဲ့တာ"

နတ်မောက်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်လို့ နေအိမ် ၂ လုံးပျက်စီး

”အခုတိုက်တဲ့လေက သင်္ကြန်အပြီးမှာ ပထမဆုံးတိုက်တဲ့ လေပါ။ မိုးရော လေရော တခါတည်းပါလာတာ တော်တော်ပြင်းတယ်။ အမိုးအကာတွေ ပြုတ်ထွက်သွား‌အောင် တိုက်တာ။”

စလင်းမှာ မိုးရွာချိန် ခရီးသည်တင် Express ကား တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

" မိုးကလည်းရွာနေချိန်ဆိုတော့ စလစ်ဖြစ်ပြီးမှောက်တာလို့ သိရတယ်။ ကားပေါ်မှာလည်း ခရီးသည် ၃ ဦးနဲ့ယာဥ်မောင်း ယာဥ်နောက်လိုက်တွေပဲ ပါတယ်"

ကမ္မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

“ကျနော်တို့နဲ့ချိတ်ထားတာ ၁ နှစ်လောက်ကြာပါပြီ။ သူကဒဏ်ရာရနေလို့ မနေ့ကမှထွက်လာတာ။ ကျနော်တို့ ရန်သူ့နယ်မြေအထိ သွားခေါ်ခဲ့ရတာ။ အင်အားအလုံးအရင်းနဲ့ သွားခေါ်ခဲ့ရတာ”

အင်တာနက်သုံးဖို့ သစ်ပင်တက်နေရသူတွေ (ရုပ်/သံ)

ဒေသခံတွေဟာ ဖုန်းတခါပြောဖို့နဲ့ အင်တာနက်သုံးဖို့အရေးကို သစ်ပင်ပေါ်နဲ့ တောင်ကုန်းတွေပေါ်တက်နေရပြီး တချို့ သော တော်လှန်ရေးအင်အားစုတွေကတော့ စတားလင့်ဂြိုလ်တုအင်တာနက်နဲ့ ချိတ်ပြီး ဆက်သွယ်နေကြပါတယ်။

ကျောက်ထုအမြောက်တပ်က တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

“သူ့ရဲ့မိခင်တပ်ရင်းကတော့ ကျောက်ထုအမြောက်တပ် ၃၆၈ ကဖြစ်တယ်။ အဲ့ဒီကနေမှ ထီးလင်းမှာ တာဝန်ကျနေတာပါ။ တာဝန်ကျနေတဲ့အချိန် ကျနော်တို့ဘက်ကို အလင်းဝင်လာတာ ဖြစ်ပါတယ်။ အရင်ကလည်း ကျနော်တို့ထဲမှာက သူတို့တပ်က တဦးအလင်းဝင်လာတာရှိတယ်။ သူနဲ့ ချိတ်ဆက်ထားတာဖြစ်တယ်။ သူလာမဲ့လမ်းကို လမ်းခုလတ်တနေရာက သွားကြိုခဲ့ရတာရှိပါတယ်”

အုတ်ဖိုက ပျူစောထီးခေါင်းဆောင်ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

“သူ့အိမ်မှာ တီဗွီကြည့်နေတုန်း သေနတ်နဲ့လေးချက် ပစ်ခတ်ခဲ့တာပါ။ ဦးခေါင်းပွင့်ပြီး ပွဲချင်းပြီး သေတယ်။”

ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းကွဲ

"မိုင်းကိုတော့ ဘယ်အချိန်ကတည်းက ဘယ်လိုပုံစံလာထားသွားလဲတော့ မသိရဘူး။ မနက်ရုံးတက်ချိန် မရောက်သေးတော့ အထိအခိုက်က နည်းသွားတာ"

ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့  ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေ တောင်အိုတာတိုင်ကနေထွက်ပြီးကတည်းက သတင်းရရှိခဲ့လို့ ၅ မိုင်အကွာခန့်မှာရှိတဲ့ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာ စောင့်ဆိုင်း မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးမှုကိုတော့ ဒရုန်းကနေမျက်မြင်တွေ့ရတာလို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ကင်းလှည့်ထွက်တဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံးပြီး သေနတ် ၇ လက်ကို သိမ်းဆည်းခဲ့

"ပန်းတိုင်းခြုံဂိတ်က အဖွဲ့တွေ ထွက်လာတာကို သတင်းရလို့စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကုန်သေကုန်တယ်။ ပြန်ပစ်ချိန်တောင် မရလိုက်ဘူး"

ချောင်းဦးမှာ ခရီးသွားတွေဆီက ငွေကောက်တဲ့ စစ်ကောင်စီဂိတ် တိုက်ခံရပြီး ၃ ဦးသေဆုံး

“ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ကြာသွားတယ်။ အဲဒီလမ်းပိုင်းမှာ သူတို့က နေ့တိုင်းလိုလိုပိုက်ဆံလာ ကောက်နေတာ။ ပစ်ခတ်ပြီးချင်း ၁ ဦးက ရင်ဘတ်မှန်ပြီး ပွဲချင်းပြီး သေတယ်။ ဒီနေ့မနက် ဒဏ်ရာရတဲ့ထဲက ၂ ကောင်ထပ်သေတယ်”

LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ

“ဝိုင်းဝိုင်းကို ပြည်မြို့မှာဖမ်းမိပြီး ချစ်ရှိုင်းကိုတော့ သဲကုန်းမြို့မှာ ရဲကဖမ်းမိတာပါ။ သူတို့ နှစ်ဦးက ‘ငွေငါးသိန်းတောင်းမယ် မရရင်လူသတ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်ချက်နဲ့ သတ်တာပါ’လို့ စစ်ချက်ထွက်တယ်”

အလှူရှင်လာလို့ ပျော်ပြီး ကခုန်သီချင်းဆိုခဲ့ကြတဲ့ ဒုက္ခသည်စစ်ရှောင်တွေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ မြစ်သဲသောင် တနေရာက စစ်ရှောင်ပြည်သူတွေဟာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီး အလှူရှင်လာရောက်တဲ့အတွက် ပျော်ပြီးကခဲ့ကြတယ်လို့ ထောက်ပံ့ကူညီဖို့ သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10