ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)
စစ်ကောင်စီတပ်သားတွေ တောင်အိုတာတိုင်ကနေထွက်ပြီးကတည်းက သတင်းရရှိခဲ့လို့ ၅ မိုင်အကွာခန့်မှာရှိတဲ့ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာ စောင့်ဆိုင်း မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးမှုကိုတော့ ဒရုန်းကနေမျက်မြင်တွေ့ရတာလို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။