ရုပ်သံ

ပေါက်နယ်မှာ စစ်ယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရလို့ ၅ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများ (ရုပ်/သံ)

ယမန်နေ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီကြားဝန်းကျင်အတွင်း ကမ္မမြို့ မန်းကျည်းသုံးပင်နားအရောက် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ များပြားနိုင်တယ်လို့ ပကဖ မြိုင်မြို့နယ် တာဝန်ခံကပြောပါတယ်။

ပုလဲမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံးရှုံး (ရုပ်/သံ)

"ထမင်းချက်နေတဲ့အချိန် မီးဖိုနားမှာကျန်ခဲ့တဲ့ ဂက်စ်မီးခြစ်ပါမီးလောင်ပေါက်ကွဲပြီးတော့ မီးကူးစက်တာပါ။ နေပူတဲ့အချိန်လောင်တာရယ် လေကလည်းတိုက်တော့ မီးမငြှိမ်းနိုင်ကြဘူး။ လူတွေလည်း ဘေးလွတ်ရာ ပြေးရတာပေါ့"

PDF ထဲကို စနေမ ဘယ်လိုရောက်လာခဲ့တာလဲ (အမျိုးသမီးကဏ္ဍ)

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက လက်နက်နဲ့ တော်လှန်ချင်ခဲ့တာဖြစ်ပေမယ့် အိမ်ကခွင့်မပြုခဲ့လို့ အခုမှလက်နက်ကိုင်ခွင့်ရခဲ့သူပါ။ မန္တလေးတိုင်း ကျောက်ဆည်မြို့က အသက် ၁၈နှစ်အရွယ် စနေမ ဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းလိုက်ချိန်က သူဟာ အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ်။

ဥပုသ်သီလစောင့်တဲ့ သက်ကြီးရွယ်အိုတွေကို PDF ရဲဘော်တွေက ဆေးကုသိုလ်အဖြစ် ကုသပေး (ရုပ်/သံ)

နှစ်ဆန်းတရက်နေ့မှာ ဥပုသ်သီလစောင့်ဖို့ လာရောက်ကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ကျန်းမာရေးမကောင်းသူ လူဦးရေ ၈၀ ကျော်ကို ဆေးကုသိုလ်ပြုတဲ့အနေဖြင့် ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံရပြီး စစ်သား ၁ ဦးသေ ၂ ဦး လက်ဖြတ်လိုက်ရ (ရုပ်/သံ)

Shar Htoo WAW နည်းပညာနဲ့ Fixed Wings Drone တွေကို ဗုံးသီး ၆ လုံးပစ်ချရာမှာ စခန်းရှိ ဘန်ကာတွေ ကတုတ်ကျင်းတွေပေါ်ကို ကျရောက်ခဲ့တာလို့ Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။

“အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ မုန်လာဥဖြူပင်” (Podcast)

သွေးအားနည်းသူများ မုန်လာရွက်ကိုဘယ်လိုသုံးစွဲပေးသင့်သလဲ။ ကင်ဆာရောဂါတွေကို ဟန့်တားထိန်းချုပ်နိုင်အောင် မုန်လာဥဖြူကို ဘယ်လိုစားသုံးရမလဲ။ မုန်လာဥဖြူကို ဆီးချိုဝေဒနာရှင်တွေ ဘာကြောင့်စားသုံးသင့်သလဲ။ မုန်လာဥဖြူမှာ အသည်းကိုကျန်းမာစေတဲ့ဓာတ် ဘယ်နှမျိုးပါဝင်သလဲစတာတွေကို နားဆင်ရမှာပါ။

တော်လှန်ရေးကာလ လုပ်မှားကိုင်မှားတွေကို ထောက်ပြခဲ့တဲ့ အမျိုးသမီးသံချပ်အဖွဲ့ (ရုပ်/သံ)

"အမျိုးသမီးသံချပ်ဆိုတာ ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ NUG၊ NUCC အနေနဲ့ လူထုကို ကိုယ်စားမပြုတဲ့ ကိစ္စတွေရှိခဲ့ရင် သံချပ်ထိုးပြောနေဦးမှာပါ"

96 Soldiers PDF ရဲဘော်သစ်တွေ သင်တန်းဆင်းပြီး ပျော်ရွှင်စွာ သီချင်းဆို (ရုပ်/သံ)

" ရဲဘော်တွေ သင်တန်းဆင်းတဲ့ညမှာ ပျော်နေကြတာပါ။ ရဲဘော် ၆၀ ကျော် သင်တန်းဆင်းခဲ့တယ်။ မနောဆိုတဲ့ သင်္ကြန်သီချင်းနဲ့ ပျော်နေကြတာပါ"

ချက်ပြုတ်ရေနဲ့သောက်ရေအတွက် PDF တွေ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာ အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ Triple Revolution အဖွဲ့က ရဲဘော်တွေဟာ ချက်ပြုတ်ရေနဲ့ သောက်ရေအတွက် စခန်းနဲ့မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ဒေသအခေါ် လက်ထောင်းတွင်း)ကို တူးကြပြီး ရေအသုံးပြုနေကြတာ ဖြစ်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကိုင်း-မင်းကွန်းလမ်းကို အသုံးမပြုဖို့ PDF အသိပေး - ချင်းပြည်နယ်ကို ရိက္ခာပို့မယ့် စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီး ကား ၇ စီးကို မီးရှို့ဖျက်ဆီး - ပုလဲက မြို့နယ်ပညာရေးမှူးရုံး စီးနင်းခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ - စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာ - စစ်အုပ်စု ရိက္ခာကား ၄ စီးနဲ့ အင်အား ၅၀ ပါ ခြေလျင်စစ်ကြောင်း ပေပါမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး - ရေမြက်နီရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီး၊ စစ်ဘေးရှောင် ၁၀၀၀ ကျော် ရွာပြန်မဝင်နိုင်သေး - ယခင်နှစ်ထက်ရေရှားပါးတဲ့အညာမှာ တိုက်ပွဲတွေကြောင့် ရေရဖို့ခက်ခဲနေပြီး အကူအညီလိုအပ်နေ - တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရပြီး အကူအညီလိုအပ်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေ - ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းလည်းဆွဲခံရလို့ စစ်သား ၇ ဦးသေ ၂၀ ကျော်ဒဏ်ရာရ

Fixed Wing Drone တွေနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ THU RAIN TR အဖွဲ့ (ရုပ်/သံ)

တပ်ဖွဲ့မှာလိုအပ်နေတဲ့ Fixed Wing Drone တွေကို ဝယ်ယူနိုင်ဖို့ "ရုန်းထပျံတက် ဖီးနစ်ငှက်များ" ကမ်ပိန်းကို THU RAIN TR အဖွဲ့က ပြုလုပ်နေပြီး လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

တောင်ငူမှာ အမျိုးသား ၁ ဦး စစ်မှုထမ်းဖို့ မဲပေါက်ပြီးနောက် အဆုံးစီရင် (ရုပ်/သံ)

"သိရတာက စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လာပြောပြီးကတည်းက စိတ်ညစ်တယ် စစ်မှုမထမ်းချင်ဘူးပြောပြီး ထွက်သွားတယ်တဲ့။ ညပိုင်းအိမ်ပြန်လာတော့မူးနေပြီး ကြိုးဆွဲချသွားတာလို့ သိရတယ်"

တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်သေဆုံးတဲ့ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ရုတ်တရက်လဲကျသေဆုံးတဲ့ ရဲဘော်တဦးကို သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောပါတယ်။

တာဝန်တွေကြားက ဥပုသ်စောင့်နိုင်ခဲ့တဲ့ ABSDF ရဲဘော် မိုဟာမက်( ရုပ်/သံ)

“တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ချင်တယ်၊ ဥပုသ်ကိုလည်း မပျက်မကွက်ဘဲနဲ့ စောင့်ချင်တယ်၊ အဲ့အတွက် အခက်ခဲတော်တော်ကြုံရတယ်၊ တပ်သားတယောက်ဖြစ်လာတဲ့အပေါ်မှာ တာဝန်တွေ အများကြီး ပိလာတယ်၊ တနေ့လုံး မအားတာတွေ၊ နေ့ရော ညရော မအားတာတွေ ရှိတယ်၊ အဲ့အတွက် ဥပုသ်လကို အပြည့်အဝ မယူနိုင်ဘူးပေါ့ဗျာ၊ အဲ့အတွက်လည်း အများကြီး စိတ်မကောင်းဖြစ်ရတယ်။”

ကန့်ဘလူတိုက်နယ် ပကဖ ထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းအခြေစိုက် ကန့်ဘလူတိုက်နယ် ပကဖထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10