ကပ်ရောဂါမတိုင်ခင် စီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့ တခုတည်းသောနိုင်ငံအဖြစ် မြန်မာဆက်ရှိနေ
မြန်မာနိုင်ငံဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ် စီးပွားရေးအခြေအနေထက် ၁၀ ရာခိုင်နှုန်းဆက်လက်နိမ့်ကျနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်စစ်တမ်းအရလည်း အလားတူ ၁၀ ရာခိုင်နှုန်း နိမ့်ကျနေခဲ့ကာ လက်ရှိမှာတော့ ပဋိပက္ခတွေပိုမိုဆိုးရွားလာနေတာကြောင့် ၂၀၂၄ ခုနှစ်မှာလည်း စီးပွားရေးနလန်မထူနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။