Cherry

လူထုသပိတ်တွေ ပြန်လည်အားကောင်းလာဖို့ စုပေါင်းဆန္ဒပြပွဲ ပကဖနဲ့ လူထုအများအပြားပါဝင်

ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာ လူထုတိုက်ပွဲအရှိန်မြှင့်ဖို့၊ နွေဦးဝောာ်လှန်ရေးကို ပြန်လည်အသက်သွင်းဖို့၊ CDM လုပ်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့၊ တော်လှန်ရေးမှာ ပြည်သူလူထုကအင်အားက အရေးပါတဲ့အတွက်ပါဝင်ကြဖို့စတာတွေကို အထိုင်သပိတ်လုပ်ဟောပြောခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အညာကတပ်ဖွဲ့တွေကို လုံလောက်မျှတတဲ့ လက်နက်ခွဲဝေပေးရန် ဆောင်ရွက်ဖို့လိုအပ်နေ

"တော်လှန်ရေးသမားတွေ လိုအပ်ချက်က လက်နက်ပဲဗျ။ အခုနောက်ပိုင်း တန်းတူညီမျှ အခွင့်အရေးတခုကို ထပ်တောင်းဆိုဖို့ လိုအပ်လာတယ်။ အများကြီးမပေးနိုင်တောင် ထိုက်သင့်သလောက် တပ်ဆင်ပေးမှုမျိုးကို တောင်းဆိုတာပါ။ ခုချိန်ထိတော့ မရောက်လာသေးဘူး။ မြို့နယ်အတွင်းမှာ ကျေးရွာအကုန် မီးလောင် တလင်းပြင် ဖြစ်နေတယ်။ လက်နက်ပံ့ပိုးမှု ဘာတခုမှ မရသေးဘူး။ တထောင့်ထိုးနဲ့ ၂ နှစ်တာအထိ ဖြစ်သလို တော်လှန်နေကြတာ" လို့ ရွှေဘိုခရိုင်ထဲက ရဲဘော်တဦးက ပြောပါတယ်။

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း စာသင်နေချိန် လေကြောင်းနဲ့ ပစ်ခတ်ခံရ

“Location တည့်တည့်ကို ထုသွားတာ၊ ကလေးတွေက စာသင်နေတာရှိတယ်။ ကလေးတွေက ခုံအောက်တွေမှာ ပုန်းနေတာဆိုတော့ မမှန်လိုက်ဘူး။ ဘာလို့ဆို ကလေးတွေက အနောက်ခြမ်းမှာ ရောက်နေတာ အရှေ့ခြမ်းကို ထုသွားတာ။ မိဘတွေက လေယာဉ်လာတာကို သိတယ်။ အထဲက ကလေးတွေနဲ့ ဆူညံနေတော့ ဆရာမတွေက မသိဘူး။ မိဘတွေက ကိုယ့်ဆီကို ပစ်တာမဟုတ်ဘူး‌‌ဆိုပြီး ထိုင်ကြည့်နေကြတာ။ အပစ်ခံရမှ ဆရာတွေက ကလေးတွေကိုလည်း မထွက်တော့နဲ့ မထူးဘူးဆိုပြီး အနောက်စပ်က ခုံတွေအောက် ကုပ်နေတာ" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့က စစ်တိုက်နားချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်

“သစ်တောပြုန်းတီးတဲ့အခါ ခံစားရမဲ့ အကျိုးဆက်၊ ရှားပါးသတ္တဝါတွေ ရှိတယ်ပေါ့နော်။ လိုအပ်တာထပ်ပိုပြီး အမဲလိုက်မိရင် ‌မျိုးတုန်းပျောက်ကွယ်မယ် ဆိုတာမျိုးလောက်တော့ သိသလောက် မျှဝေပေး ဖြစ်ပါတယ်။ နေထိုင်ရေးအတွက် ခုတ်ဖို့လိုအပ်မယ်ဆိုရင် ပကဖနဲ့ ချိတ်ဆက်ဖို့ ပြောပါတယ်။ ကျတော်တို့က စစ်တိုက်နေရုံနဲ့ မပြီးဘူးဗျ။ သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။" လို့ ရဲဘော်မင်းကိုက ပြောပါတယ်။

ဆီထည့်နားရင်း ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို သေဆုံးလျက် ပြန်တွေ့

“ရွှေမုဌောဘုရားနားက ရေကန်အဟောင်းထဲမှာ ပြန်တွေ့တာ၊ ကန်က ဆီဆိုင်နဲ့ကပ်လျက်ပဲ။ အဲ့ကန်က လူခဏခဏ သေဖူးတယ်။ ကန်တောင်ဘက်ဖျားက ရေတိမ်တယ်။ ပေါင်လည်လောက်ထိ မြောက်ဖျားက နစ်တယ်။ ကလေးက မြောက်ဖျားဘက် ရောက်သွားပုံရတယ်။ အလုံပိတ်ထားတာကို ကလေးက ဘယ်လိုရောက်သွားမှန်း မသိဘူး” လို့ ကူညီကယ်ဆယ်ခဲ့တဲ့ ပရဟိတလူမှုရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လှည့်ကင်းလာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ တပ်ကြပ်ကြီးအဆင့် ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

"ကျနော်တို့အဖွဲ့ကို ဒေသကာကွယ်ရေးမိတ်ဖက်အဖွဲ့တွေကခေါ်လို့ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ချိန်ကတော့ မိနစ် ၂၀လောက်ကြာတယ်။ သူတို့လူတွေ အလစ်အငိုက်ခံလိုက်ရလို့ ပြန်ပစ်တာပါ။ ထိခိုက်သူတွေကို သူတို့အဖွဲ့တွေပြန်ဆွဲသွားတာက မျက်မြင်ပါ။ မျက်မြင်အရတော့ ၄ ယောက်သေတယ်” လို့ ပြောပါတယ်။

စာသင်ကျောင်းမှန်းသိရဲ့ မီးရှို့ခဲ့လို့ ကျောင်းသား ၆၀၀ကျော် ပညာသင်ခွင့်ရပ်သွား

“အဓိကကတော့ စာသင်ကျောင်းမှန်းသိလို့ ရှို့တာဗျ၊ ဘာလို့ဆို ဒီဟာကကလေးတွေအတွက် လုံခြုံရေးလည်း စိတ်ချရအောင်လို့ဆိုပြီး ရွာ့ရဲ့အတွင်းပိုင်း ချောင်ကျတဲ့နေရာမှာ ထန်းလက်မိုး အဆောက်ဦးဆောက်ထားတာ၊ ရည်ရွယ်ချက်မရှိဘူးဆိုရင် နီးစပ်ရာအိမ်တွေရောရှို့သွားမှာကို ဘေးအိမ်တွေလည်းလုံးဝ ရှို့မသွားဘဲနဲ့ ဒီစာသင်ကျောင်းကိုပဲ သီးသန့်ရှို့သွားတာ။” လို့ ပြောပါတယ်။

ဆားလင်းကြီးက လူရာချီပါဝင်တဲ့ သပိတ်စစ်ကြောင်းကို PDF တွေလုံခြုံရေးယူပေး

ဖေဖော်ဝါရီလ ၂၀ ရက်ဒီကနေ့နေ့လည်က “ငါတို့သည်ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်”ဆိုတဲ့ ဘန်နာကိုင်စွဲပြီး၊ ကျေးရွာအကြီးအကဲတွေနဲ့ သပိတ်ကော်မတီဝင်၂ ဦးက သပိတ်တရားဟော‌ပြောကာ သွေးသစ္စာသီချင်းနဲ့ သပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲမှာ ဒဏ်ရာရပြီးပြန်လာတဲ့ စစ်ကောင်စီဘက်က ဗိုလ်၂ ဦး စခန်းထဲမှာသေဆုံး

“ဗိုက်ကိုထိပြီး ဒဏ်ရာရခဲ့တာ၊ ကိုးတောင်ဘို့ရောက်မှ ဆုံးသွားတာ။ မိုင်းကွင်းမိတာပါ။ သူတို့က၊ တခါတည်းကျတဲ့ စစ်သားတွေကတော့ အဲ့ရွာက အိမ်တွေပေါ်မှာတင်ပြီး မီးရှို့ထားခဲ့တာ။ တကယ်တန်းကျ ဗိုလ်တွေမို့လို့ ပြန်ခေါ်ခဲ့တဲ့ပုံစံမျိုး။ ဟိုမှာက တပ်သားတွေလည်း ကျသေးတယ်လေ။ အရိုးတွေ တော်တော်များတယ်။ အကျများတာပေါ့”

ကျဆုံးရဲဘော် နှစ်ပတ်လည် အောက်မေ့ခြင်းအခမ်းအနားနဲ့ အထိုင်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်ဒီကနေ့မှာ အထိုင်သပိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့အိမ်တွေ ပြန်တည်ဆောက်ရတာများလို့ ထန်းရွက်တွေ ရှားပါးလာ

စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးရတာတွေ များပြားလာလို့ အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ထန်းရွက်တွေ ရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်ရင်းတပ်ဖွဲ့နဲ့ Local PDF တွေအတွက် နိုင်ငံရေးအသိပညာပေး သင်တန်းတွေပို့ချ

“အဓိက လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရသွားတဲ့အခါမှာ သတ်ပုံကျကျနဲ့ စစ်ရေးအထိန်းကွပ်လည်း ရှိစေချင်တယ်။ စစ်သည်တော် ကျင့်ဝတ်နဲ့အညီလည်း ဖြစ်စေချင်တဲ့အတွက် COC ၂ ရပ်ကို အဓိကထား ပို့ချပါတယ်” လို့ သင်တန်းပို့ချပေးခဲ့တဲ့ တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

PDF ယာယီစခန်း ရုတ်တရက် ဝိုင်းပစ်ခံရလို့ ပစ္စည်းအချို့ဆုံးရှုံး

"စစ်ကြောင်းက လာမှန်းကို မသိရတာ။ စခန်းနားကို ညကပ်တာ။ ကင်းပုန်းယူပြီး လက်နက်ကြီးနဲ့ ပထမတချက်ထုတော့ ရဲဘော်တွေက အသံမိုင်း Error တက်ပြီး ကွဲတယ်ထင်တာ။ နောက်တချက်ကျ စခန်းဘေးကိုကျတာ။ အဲ့ချိန်မှ ကိုယ့်အနီးနားရှိတဲ့ပစ္စည်းလေးတွေ ဆွဲပြီးပြေးရတာ။ လုံးဝ စခန်းကိုကောင်တာထောက်ပြီးပစ်တာ။ ရွာတွေကိုလည်း မဝင်ဘူး။ စခန်းကိုတိုက်ရိုက်လာတာ။" လို့ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲနားချိန်တွေမှာ ထိန်းချုပ်နယ်မြေအတွင်း ဆေးခန်းဖွင့်ကုသပေးနေ

“ဒီနေ့ဆို မနက်ထဲကဖွင့်တာ ခုချိန်ထိ မပိတ်ရသေးဘူး။ တပ်ရင်းရုံးမှာ တခုပဲဖွင့်ထားပြီး ရွာတွေကိုပတ်ပြီး ကုပေးတယ်။ ကျတော်တို့က စစ်တပ်တခုလို ဖွဲ့စည်းထားတော့ ပြည်သူတွေက အထဲကိုလာမပြရဲဘူး။ အဲ့တော့ ရွာတွေပတ်ကုပေးတယ်။" လို့ Pakokku Generation Z အဖွဲ့ တပ်ရင်းမှူးက ပြောပါတယ်။

မြို့နယ် ပအဖ၊ ပကဖကို ဆပ်ကြေးပေးပြီး ကျွန်းသစ် အဆမတန် ခိုးထုတ်မှုများ ရှိနေ

“တရုတ်လုပ်ငန်းရှင်တွေ ထုတ်တာ ဗမာစကားတောင် မတတ်ဘူး။ သက်တမ်းရင့် ကျွန်းသစ်ကို အဓိကထုတ်‌နေတာ။ တမလန်းက အနည်းအကျဥ်းပဲ။ ကျွန်းသစ်ဆိုရင် ရွှေဝါဆပ်ပြာချောင်းအတိုင်းပဲ။ ဝင်းလို့ဝါလို့ အပြစ်အနာအဆာ လုံးဝမရှိတဲ့ဟာတွေပဲ သယ်တာ။ သစ်တောကြိုးဝိုင်းရော အပြင်ဘက်ကရော အကုန်ထုတ်ယူနေတာ။ ကျနော်တို့ရွာက နှစ်ချို့ကျွန်းပင်ကြီးတွေဆို အကုန်ပြောင်၊ ရင်နာနာနဲ့ကြည့်နေရတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10