သေဆုံးရဲဘော်တွေနဲ့ စစ်ရှောင်တွေကိုငဲ့ပြီး သင်္ကြန်မှာအပျော်မလွန်ကြဖို့ တောင်းဆိုဆန္ဒပြ
အဲဒီဆန္ဒပြပွဲကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက တန့်ဆည်ပင်မသပိတ်နဲ့ တန့်ဆည်အမျိုးသမီးသပိတ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့ရဲဘော်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ စစ်ရှောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စာနာပြီး သင်္ကြန်မှာမပါဝင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်