မန္တလေးမှာ PDF အယောင်ဆောင်တွေက ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းနေ
"ခုက ငွေတောင်းခံရတဲ့ သူတဦးကနေပြီး ကျနော်တို့ဆီကို သူတို့ပို့ထားတဲ့စာကို ပြန်ပို့လာပေးလို့ သိရတာ။ ဘယ်နှဦးလောက်ထိ သူတို့က ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေတောင်းထားပြီပြီလဲဆိုတာ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့အဖွဲ့က အရင်ကလည်း ခုလို ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်း အလှူခံတာမျိုးမရှိသလို နောင်လည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခုလုပ်ရပ်ဟာ စစ်ကောင်စီဘက်က PDF နဲ့လူထုကို သွေးခွဲနေတဲ့ လုပ်ရပ်လို့ မြင်တယ်"