Kyaw Gyi

ဆိုင်ကယ်စီးအမျိုးသမီး ၁ ဦးဆီက လုယက်သူ ၂ ဦးကို ပြည်သူတွေက ဝိုင်းဖမ်းခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၁ ဦးကို လုယက်ဖို့ ကြိုးစားသူကို ပြည်သူတွေက ဝိုင်းဖမ်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မင်းတုန်း၊ ဝက်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ကမနက် ၈ နာရီလောက်မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

မုံရွာက ဖုန်းဆိုင်တဆိုင်ကို ဓါးပြတိုက်ပြီး ဗုံးပစ်ချခဲ့လို့ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းရှိ Mobile 1 ဖုန်းဆိုင် ဓားမြတိုက်ခံရပြီး ဗုံးပစ်ခံရလို့် ဝန်ထမ်း ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းထိလို့ ၂ ဦး သေဆုံးဟုဆို

"ကျွန်မတို့က စကစ အဖွဲ့တွေ လာနိုင်တဲ့နေရာပေါ့ အဲနေရာကို တိုက်မိုင်းဆင်ထားတာ။ ဒါကို မနက်အစောပိုင်းမှာ ရွာအရှေ့ဘက်ကို ကင်းပုန်းထွက်ဝပ်ချိန် ထောင်ထားတဲ့ တိုက်မိုင်းထိသွားတာ။ သူတို့ မိုင်းထိတာက ရွာပြင် လယ်ကွင်းနားမှာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးသိရတာက မြေပြင်ကနေ ပြန်သိရတဲ့သတင်းအရ ပြောနိုင်တာပါ" လို့ သူကပြော

မြင်းခြံမှာ တရက်တည်း ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် တရက်တည်းမှာပင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးကို PDF တွေဆိုကာ စစ်ကောင်စီဖမ်းဆီး

"မနေ့က စကစ အဖွဲ့တွေ မြို့ထဲမှာစစ်ဆေးရေးတင်းကြပ်ခဲ့တယ်။ PDF ၁၀ ယောက်လောက် မြို့ထဲရောက်နေတယ်ဆိုပြီး သတင်းထွက်နေတော့ တွေ့ကရလူ စစ်ဆေးဖမ်းဆီးသွားတာနေမယ်။ စကစ ဘက်ကတော့ လူဖမ်းချင်ရင် ဒီလိုဘဲခေါင်းစဥ်တပ်ဖမ်းနေတာပဲ"လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံးမှာနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ကျနော်တို့သွားပစ်တဲ့အချိန်မှာ ၅ ယောက်လောက်ဘဲရှိတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ပြန်ပစ်တာကော ထွက်ပြေးတာ ကောရှိတယ်။ ပစ်ခတ်မှုကတော့ ၁၀ မိနစ်လောက်ပဲကြာမယ်။ ပစ်ခတ်မှုအတွင်းမှာ ကျနော်တို့ဘက်က ပစ်တာလား၊ သူတို့ဘက်က ပစ်တာလားမသိဘဲ ပြည်သူအမျိုးသမီး ၁ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။

လှည့်ကင်းလာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ တပ်ကြပ်ကြီးအဆင့် ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

"ကျနော်တို့အဖွဲ့ကို ဒေသကာကွယ်ရေးမိတ်ဖက်အဖွဲ့တွေကခေါ်လို့ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ချိန်ကတော့ မိနစ် ၂၀လောက်ကြာတယ်။ သူတို့လူတွေ အလစ်အငိုက်ခံလိုက်ရလို့ ပြန်ပစ်တာပါ။ ထိခိုက်သူတွေကို သူတို့အဖွဲ့တွေပြန်ဆွဲသွားတာက မျက်မြင်ပါ။ မျက်မြင်အရတော့ ၄ ယောက်သေတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာ ၃၀ ကျော် တင်ဆောင်လာတဲ့ ၆ ဘီးကား သာယာဝတီမှာဖမ်းဆီးခံရ

"ပြန်သိရတာက စကစတွေ စစ်ဆေးနေချိန်မိတာလို့ သိရတယ်။ သူတို့ သတင်းရလို့နေမယ်။ သူတို့ကို တင်လာတဲ့ကားက ကျောက်တွေတင်တဲ့ဖောကား။ အပေါ်ကနေ ဝါးထရံတွေအုပ်ပြီး အောက်မှာ လူတွေလိုက်လာတာ။ ခုတော့ ဖမ်းသွားပြီအားလုံးကို။ ဒီလမ်းကြောင်းတွေက ရခိုင်ဘက်ကနေ ရန်ကုန်သွားတဲ့သူတွေကို သယ်နေကျ လမ်းကြောင်းပဲ။ ခုတခါက ပိုက်ဆံမရလို့လား၊ သတင်းပေးတိုင်လို့လား မသိဘူး"လို့ ပြောပါတယ်။

မန္တလေးမှာ ဆေးလိပ်တိုကတဆင့် မီးလောင်လို့ နေအိမ် ၂ လုံး ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ အကွက် (၇၅၀)၊ ကုလားပျိုရပ်၊ ၃၃ အေလမ်း၊ လမ်း ၇၀နဲ့ ၇၁ လမ်းကြားမှာ ဆေးလိပ်တိုကတဆင့် မီးလောင်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဘ က လမ်းလိုက်ပြခိုင်းလို့ဆိုပြီးလာခေါ်တာကို လိုက်သွားမိတဲ့ အုပ်ချုပ်ရေးမှူးနဲ့အကိုဖြစ်သူ ပစ်သတ်ခံရ

"သူတို့အိမ်ကို လူ ၂ ယောက်ရောက်လာပြီး အဘလွှတ်လိုက်တာ၊ လမ်းပြပေးဖို့ လိုက်ပို့ဆိုလို့ သူတို့ ညီအကို ၂ ဦးလိုက်သွားတာ။ အချိန်အတော်ကြာ ပြန်ရောက်မလာမှလိုက်ရှာကြတာ။ ည အတော်နက်မှ ပစ်သတ်ခံထားရတဲ့ သူတို့အလောင်းကိုတွေရတာ"လို့ ပြောပါတယ်။

ရေတာရှည်တိုက်ပွဲမှာ အရာရှိအလောင်းတွေကောက်သွားပြီး တပ်သားအလောင်းတွေထားခဲ့

"ဖြစ်ခဲ့တာကတော့ ပွဲကြီးပါပဲ။ တိုက်ပွဲက ၄ နာရီကျော်လောက်ဖြစ်ခဲ့တယ်။ သူတို့ ရွာတွေကို မီးရှို့ သိမ်းဆည်းပြီးပြန်လာတာကို ကြားဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စကစ အရာရှိတွေကိုတော့ ​သူတို့ဘက်က ပြန်ကောက်သွားတယ်လို့ သိရတယ်။ အခြားအဆင့် အလောင်းတွေဘဲ ကျန်ခဲ့တယ်။ "

မန္တလေးက တည်ခိုခန်းတခု ဗုံးခွဲခံရလို့ ၉ လအရွယ်ကလေးငယ်နဲ့ မိခင်ဒဏ်ရာရ

"ညက ပေါက်ကွဲသံကြားရပြီး တည်းခိုခန်းရှေ့နေတဲ့ သားအမိ ဒဏ်ရာရသွားတာတော့ သိရတယ်။ ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ထိခိုက်သွားတဲ့သူတွေက တည်းခိုခန်းရှေ့က မျက်နှာချင်းဆိုင် အိမ်ရှေ့မှာ ထိုင်နေတဲ့ သားအမိထိသွားတာ" လို့ ပြောပါတယ်။

ဂျုံရောင်းသွားတဲ့ အမျိုးသား ၅ ဦးကို PDF ဆိုပြီး စစ်ကောင်စီဖမ်းဆီးထား

"သူတို့ယာခင်းကထွက်တဲ့ ဂျုံတွေကို သွားရောင်းတာ။ ထော်လာဂျီ ၂ စီးနဲ့။ ပွဲရုံရောက်တော့ ဂျုံဖိုးငွေချေနေတဲ့အချိန်မှာပဲ စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး PDF တွေပိုင်တဲ့ ဂျုံတွေဆိုပြီး သူတို့ကို ဖမ်းသွားတာ။ ကျနော်တို့ဘက်မှာက ဘယ် PDF မှ မရှိဘူး" လို့ ပြောပါတယ်။

ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရ

"သူတို့ ကင်းသွားယူတာမှာ စကစ စစ်ကြောင်းနဲ့ တည့်တည့်တိုးတာလို့ ပြောရမှာပေါ့။ ရဲဘော် ၂ ဦးကို သူတို့တွေက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်။ ပြီးတော့ ဒေသခံပိုင်တဲ့ ထွန်စက်ပေါ်တင်ပြီး မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10