သတင်းတို

ပေါက်ခေါင်းမြို့နယ်မှာ အရိပ်မဲ့ စစ်ဆင်ရေးအဖြစ် ရဲစခန်းထဲမိုင်းဝင်ထားပြီး ဖောက်ခွဲခဲ့

" အဆောက်အဦးတလုံးတော့ထိခိုက်ပျက်စီးသွားတယ်ဗျ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုပေမဲ့ခိုင်လုံမှုတော့မရှိသေးပါဘူး၊ အင်အားကတော့ အဲ့စခန်းမှာ ၁၀ ယောက်ကျော်ရှိမယ်လိုသိရတယ် စစ်သားတွေတော့မရှိဘူးဗျ ညကဖြစ်ပြီးတော့ ကပစ(၁၉)ကစစ်ကူသဘောလာတယ်လိုသိရတယ်"

စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

"သူဆိုင်ထဲကိုဝင်လာတဲ့အခါ အိတ်အမဲတလုံးကိုင်လို့ဝင်လာတယ်။ အိတ်ထဲမှာ မီးပြင်တဲ့ကိရိယာတခုပါတယ်။ ပြီးတော့ ငွေထုတ်ဖို့ပုံစံ လုပ်ပြီးတော့ စာရေးမဆီကလက်ကောက်ကြည့်ဖို့ တောင်းတယ်။စာရေးမကလည်း တစ်ကွင်းထုတ်ပြတယ်။သူကနောက်ထပ်ဒီလိုပုံစံတစ်ကွင်း မရှိဘူးလားမေးတော့။စာရေးမကထုတ်ပြလိုက်တယ်။အဲဒီနှစ်ကွင်းကို ကိုင်ပြီးတော့ထွက်ပြေးသွားတယ်။ ကျွန်မတို့လိုက်တော့ မမီလိုက်ဘူး"

ရခိုင်တွင် ၁ သောင်းကျပ်တန် ငွေစက္ကူအတုများဖမ်းဆီးရမိ၊ အသုံးပြုသူ ၃ ဦးကိုအမှုဖွင့်ထား

ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ရေး "ရခိုင်နေ့စဉ်"က ယနေ့ဇူလှိုင် ၁၃ ရက်နေ့တွင် ဖော်ပြထားသည်။

ရဲဘော်တဦး လက်လုပ်မိုင်းတွေဖောက်ခွဲပြီး အသေခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး

" သူတို့တပ်စွဲထားချိန် ညနေ ၆နာရီလောက်မှာ ကျနော်တို့နဲ့ မဟာမိတ်ရပ်ရွာကာကွယ်ရေးရဲဘော်လေးတဦးလည်း အဲ့လမ်းကြောင်းက သူ့ရွာကို ပြန်ရမှာ၊ တပ်စွဲထားတာကိုမသိတော့ အဲ့ဒီလမ်းကြောင်းကို သုံးမိသွားတာ၊ သဲတောဘုန်းကြီးကျောင်းရှေ့ရောက်တော့ စစ်ကောင်စီခွေးတွေက ပစ်လိုက်တာ ဆိုင်ကယ်ကိုထိပြီး လဲကျသွားတယ်၊ သူလည်း ပြေးပေါက်မရှိတော့တာနဲ့ သူ့မှာပါလာတဲ့ လက်လုပ်မိုင်း ၃လုံးကို ဂတ်စ်မီးခြစ်နဲ့ ရှို့ပြီး အသေခံမိုင်းခွဲလိုက်တာပဲဗျ"

ပုတီးကုန်းရဲက ပုပ်ပွသေဆုံးနေတဲ့အလောင်းကိုဆေးစစ်ချက်မယူဘဲ မီးသဂြိုလ်

"အလောင်းက ရင်းတိုက်မှော်ရွာအနီးက ကိုင်းတောထဲမှာ သေနေတာ ပိုးတွေလည်း တွယ်နေတယ်လို့ပြောတယ် ဘာဖြစ်သေမှန်းမသိဘူး ဒါကိုရဲက ဆေးစစ်ချက်မယူပဲ တခါတည်း မီးသဂြိုလ်ခိုင်းလို့ ​သဂြိုလ်ရတာကို မိသားစုဝင်တွေက သံယဝင်နေတယ် ခုဟာက ဘယ်လိုဖြစ် သေမှန်းမသိဘူး သူများပဲ သတ်သလားပေါ့ "

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရပြီးနောက် ဒေသခံတချို့ ဆက်တိုက်ဖမ်းဆီးခံနေရ

"အဖမ်းခံနေရတာကတော့ ဆက်တိုက်ပဲ အရင် NLD ပြန်ကြားရေးလုပ်ခဲ့ဖူးသူလည်း အဖမ်းခံလိုက်ရတယ်။ နောက် မြို့ကနာမည်ကြီးစီးပွားရေးသမားတယောက်လည်း လာဖမ်းသွားတယ်။ ပြန်လွှတ်မလွှတ်တော့မသိဘူး နောက်ပြီး ပေါင်းတလည်နဲ့ ဝက်ထီးကန်မြို့တွေမှာလည်း ဖုန်းနဲ့လိုက်တိုက်စစ်ပြီး ရှာတယ်။ တချို့လည်း ရှောင်နေကြတယ်။ ကိုကျော်ဇေယျနဲ့ ဆက်စပ်မှုရှိတယ်မရှိဘူးကတော့ သေချာမပြောနိုင်ဘူး"

စစ်တွေမြို့တွင် ပထမဆုံး မွတ်ဆလင်နှင့်ရခိုင်လူယ်များ စုပေါင်းကာ ကုရ်ဗာနီနေ့ ပွဲပြုလုပ်

"ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်း အကြား သဟဇာတကျနိုင်ဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ အကုန်လုံးအတူတူရှိနေစေချင်လို့ ဒီလိုလုပ်ရတာဖြစ်ပါတယ်။"

ပုလဲနဲ့ မြိုင်နယ်စပ်မှာ စစ်ကောင်စီနဲ့ PDF အဖွဲ့ ၄၀နီးပါးတို့ တိုက်ပွဲပြင်းထန်ခဲ့

" ကျနော်တို့ ဆွဲမိုင်းတွေထောင်ထားတဲ့ လမ်းပိုင်းကို သူတို့က ဆိတ်အုပ်ကို အရင်လွှတ်လိုက်တာ ဆိတ်တွေက ကြိုးတွေကို ဆွဲသွားသလိုဖြစ်ပြီး မိုင်းတွေ အကုန်ပေါက်ကွဲကုန်တာ၊ အဲ့ချိန်သူတို့ထွက်ပြေးတာကို ကျနော်တို့ လက်နက်ကြီးနဲ့ လိုက်ထုတာ"

ဘားအံထောင်က နိုင်ကျဉ်း ၅၀ကျော်နဲ့ တိုက်ပိတ်ခံရသူ ၈ဦးကို သာယာဝတီထောင်ကိုပြောင်းရွှေ့

" နိုင်ကျဉ်းတွေချည်းပဲ အကျဆောင်မှာ ချခံထားရတာ အားလုံး ၅၇ယောက်ရှိတယ်၊ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား ၈ဦးပါတယ်၊ သူတို့ကတော့ ဘာပုဒ်မတွေဆိုတာ မသိရဘူး"

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုလက်မခံဘူးလို့ NLD ကြေညာ

စစ်ကောင်စီရဲ့ ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံး(ရွေးကောက်ပွဲအပါအဝင်) မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မျှ ညီညွတ်မှုမရှိလို့ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုံးဝအသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ပခုက္ကူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့နေ

ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ အင်အား ၁၀၀လောက်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲလည်းမရှိဘဲ ရွာထဲကိုဝင်ရောက်လာပြီး အခုလိုမီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

PDF တွေတိုက်ခိုက်တာခံရလို့ စစ်​သား ၁၂ ဦးသေပြီး အလောင်းမသယ်နိုင်ဘဲ စခန်းချနေရ

"မနေ့က အဲ့နေရာမှာတင် အင်အား ၄၀ မှာ တိုက်ပွဲကြားမှာတင် သေချာပေါက်လဲကျပြီးတေ့ာ သေသွားတာ ၁၂ ယောက် ၊ ၇ယောက်လောက်ကတေ့ာ တော်တော်ဒဏ်ရာ ရသွားတယ် တဝက်လောက်တေ့ာ အင်အားထိခိုက်သွားတယ်၊ မနေ့ညကထိကို အလောင်းတွေကို လာမသယ်နိုင်ဘူး အဲ့နေရာမှာတင် စခန်းချနေတယ်ပေါ့ဗျာအခုလက်ရှိလဲ အဲ့နေရာမှာပဲ ဖြေးဖြေးခြင်း ရွေ့နေတယ် ၆လောင်းလောက်ကို ကျတော်တို့လှမ်းမြင်နေရသေးတယ်"

ကနီမှာ PDF တွေဦးဆောင်ပြီး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲပြုလုပ်

" ကျနော်တို့ဆီမှာ ၁ နှစ်ကျောင်းပြီးလို့လုပ်တာပါ၊ကျောင်းသားဦးရေက ရွာကသေးသေးဆိုတော့အရမ်းကြီးတော့သိပ်မများဘူး၊ပညာရေးအပိုင်းကတော့ ပုံမှန်သင်သလိုပါပဲ၊ကျနော်တို့အနေနဲ့မြို့နယ်ကလုပ်ခိုင်းတာကြောင့်လုပ်ကြတာပါ၊ကနီမှာနှစ်ပတ်လည်လုပ်တာပါ၊ကျနော်တို့ကမြို့နယ်ကစီမံချက်အတိုင်းပဲလုပ်တာ"

ကျောင်းပိတ်ဖို့စာတင်လို့ ပြည်မြို့ က ၇ တန်းကျောင်းသား ၇ ဦးကို ကျောင်းအုပ်ကြီးက ဖမ်းခိုင်း

"သိတာတော့ ကလေးတွေက ရုံးခန်းထဲက စားပွဲခုံကိုဆိုလား စာခေါက်လေးသွားတင်တာ။ အဲဒီမှာ သူတို့ကိုခြိမ်းခြောက်ပါတယ်ဆိုပြီး ကြောက်လန့်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တော့ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ကားတွေနဲ့ ကလေးတွေ အိမ်တွေကို လာခေါ်ဖမ်းသွားတာ။ စာရေးထားတဲ့စာရွက်က စာလုံးပေါင်းတောင်မမှန်ပါဘူး အဲဒါကိုကလေးတွေကို စစ်ကားတွေနဲ့လာဖမ်းကြတာ"

၁ လနီးပါး စစ်ကြောရေးမှာ ဖမ်းဆီးထားသူ ၂ ဦးကို စစ်ကောင်စီ ၅၀၅(က)ဖြင့် တရားစွဲ

"စစ်သားဖက်က ဘယ်သူစွဲတာလဲဆိုတာကိုတော့ မသိရသေးဘူး။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ ဒီလို ထောင်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်းရတာကလွဲရင် ဘာမှမပြောတတ်တော့ပါဘူး။ အပြစ်မရှိတဲ့သူတွေကို ဒီလိုလုပ်တာဟာ လုံးဝမတရားပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10