သတင်းတို

မင်းကွန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ပျူစောထီး ၄ ဦးသေဆုံး

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ၊ လက်နက်ကြီးက ၄၀ မမ နဲ့ ၆၀ မမ တွေပါတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့တယ်”

ပျူစောထီးကျေးရွာက ထွက်ပြေးလာသူတွေကို ဆန် တင်း ၁၀၀ ထောက်ပံ့

"မိုးရာသီဆို အလှူရှင်တွေ အရောက်နည်းတယ်။ ဆန်မရှိမှာကို စိုးရိမ်နေကြတယ်ဗျ။ အခုသူတို့စားဖို့ တလစာ လှူပေးခဲ့တယ်။ မိုးတွင်း ၅ လအတွက် ဆန်လိုအပ်ချက်ရှိနေပါတယ်"

ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

" သူတို့က ဦးလေးဖြစ်တဲ့ စစ်ရှောင်ရဟန်းကိုသွားကြိုတာ။ သူတို့သွားတဲ့ကားလမ်းပေါ်မှာ ကြိုးကတန်းလန်းခံနေတာဆိုတော့ မိန်းမဖြစ်သူကကားပေါ်က ဆင်းပြီး ကြိုးကိုသွားဖယ်တာမှာ မိုင်းပေါက်ကွဲတာ "

ဖောင်းပြင်က ဒေသခံတွေကို သတ်ဖြတ်သွားတဲ့စစ်ကြောင်းကို PDF ကတိုက်ခိုက်၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ

“ သေတာတွေကတော့ အတိကျတော့ မသိနိုင်ဘူး။ ကျနော်တို့ သူတို့ရဲ့ ပိုးခြင်း ၅ ခြင်းရတယ်။ သူတို့ပစ္စည်းတွေရတာနဲ့ ခန့်မှန်းကြည့်ရင် မသေပါဘူးဆိုရင် ၁၀ ယောက် ကျော်ကတော့ အနည်းဆုံးပဲလို့ ခန့်မှန်းရတာပေါ့”

မုန်းမြို့မှာ ရေခပ်ဆင်းတဲ့အမျိုးသမီးတဦး မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်လုံးပြတ်

"ညာဘက်ခြေထောက်က ဒူးခေါင်းအောက်နားကနေ တုံးတိပြတ်သွားတယ်။ ဘယ်ခြေထောက်လည်း ပြတ်သွားတာပါပဲ။ အရေပြားတွဲလောင်းပဲ ကျန်ခဲ့တယ်။ ညာဘက် ရင်အုံနားမှာ ဒဏ်ရာတချက်ရတယ်"

စစ်အုပ်စု တပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်နဲ့ မီးသတ်ရုံးကို မေ ၁၇ ရက် ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ရွှေဘိုမြို့ပေါ်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်ခိုက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ယမန်နေ့ မေ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့အထိုင်စခန်းရဲ့ ကိုက် ၂၀၀ ခန့်အကွာကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရှေ့ထွက်မိုင်း ၁ လုံးဆွဲကာ မောင်းပြန်တွေ၊ စက်လက်ကလေးတွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက်ရာ ထိတွေ့ချိန် ၁၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ Buffalo Soldiers Freedom Force ချေမှုန်းရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုနန္ဒက ပြောပါတယ်။

မင်းလှ‌မြို့နယ်ထွေအုပ်နဲ့ ရဲစခန်းကို PDF ဗုံးသီးချတိုက်ခိုက်

”ထွေအုပ်ရုံးက စကစတွေ အိပ်တဲ့ နေရာကို ဗုံးကြဲချတာပါ။ စစ်**တွေက ဒရုန်းကို သေနတ်နဲ့ လိုက်ပစ်တယ်။ ရုံးအပြင်တော့ ထွက်မလာဘူး။ အဲ့ဒါနဲ့ ရဲစခန်းကို ထပ်ပြီးဗုံးကြဲခဲ့တာ“

ဖောင်းပြင်၊ အင်းဝိုင်းရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီး ၁၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်

“ အင်းဝိုင်းက အေးဆေးနေတဲ့ရွာ မထင်မှတ်ဘဲ ဝင်စီးခံရတာ။ ရွာထဲကိုဝင် ပေါ်တာဆွဲပြီး ကတုတ်ကျင်းတွေ တူးခိုင်းတယ်။ အဲ့ရွာကို ခြေကုတ်ဝင်ယူတဲ့သဘောပေါ့။ ပြည်သူတွေကို ရက်ရက်စက်စက် သတ်သွားတယ်။ တချို့ မီးရှို့သတ်ထားတဲ့ဟာတွေတောင်မှ ရှိမယ်”

ဈေးဝယ်ထွက်လာတဲ့ ရဲအုပ်စုကားကို PDF က စောင့်ကြိုပစ်ခတ်လို့ ဒုရဲအုပ်အပါ ၆ ဦးသေ၊ သေနတ် ၆ လက်ရ

“ သူတို့ဘက်က ပစ်ချိန်တော့မရဘူး။ ကားပေါ်မှာလည်း သေတယ်၊ ကားကိုရပ်ပြီး ထွက်ပြေးကြတာကို နောက်ကနေလိုက်ပစ်တာမှာ **ကတော့ အကုန်လစ်တယ်။ စစ်ကူလာဖို့ အရမ်းလွယ်လွန်းနေလို့ ပစ်ပြီး ပစ္စည်းကောက်ပြီး တန်းဆုတ်လာရတာပါ”

စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

ဒရုန်းနဲ့ ဖျက်အားပြင်း အီနာဂါဗုံးသီး ၂၀ လုံးပစ်ချရာမှာ စစ်ဆေးရေးဂိတ်က ဘန်ကာတွေပေါ်ကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ဗေကြီးက ပြောပါတယ်။

ဆီပိုက်ပေါက်နေတဲ့ဆိုင်ကယ် မီးလောင်ရာက နေအိမ်တွေပါမီးလောင်ပျက်စီး

"မနက်ပိုင်း သူ့မိသားစုဝင်တွေက စျေးသွားတယ်။ ဆိုင်ကယ်ဆီပိုက်ပေါက်နေတာကို မသိဘူး။ စျေးကနေပြန်လာပြီး အိမ်မှာရပ်ထားချိန် အင်ဂျင်ကလည်းပူနေ ဆီကလည်း အင်ဂျင်ပေါ်ကျတော့ မီးထလောင်တာ"

ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

“လက်နက်ကြီးစက ထရံကနေပေါက်ပြီးတော့ သူ့ကုတင်ပေါ်ကျသွားတယ် ။ အဲ့မှာအစထိမှန်ပြီးဆုံးသွားတာ သူ့သားကတော့ မျက်ခုံးကိုထိသွားတယ်။ အခြားသူတွေကတော့ နဖူး၊ ခြေထောက်၊လက် ၊ဗိုက်တွေကိုထိသွားတယ် ”

ရွှေဘိုမြို့မရဲစခန်းနဲ့ တရားရုံး ဗုံးကြဲခံရပြီး ဗိုလ် ၁ ဦး ရဲ ၇ ဦးသေဆုံး (ရုပ်/သံ)

မြို့မရဲစခန်းကို ၈၁ မမ ဗုံးသီး ၂ လုံးကြဲချပြီး မြို့နယ်တရားရုံးကိုတော့ ၆၀ မမ ဗုံးသီး ၃ လုံး ကြဲချနိုင်ခဲ့တာမှာ မြို့မရဲစခန်းထဲက ဗိုလ် ၁ ဦးနဲ့ ရဲ ၇ ဦးသေဆုံးခဲ့တာလို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးနဲ့ဘဏ္ဍာရေး တာဝန်ခံက ပြောပါတယ်။

စစ်ရှောင်စာသင်ကျောင်း ၃ ကျောင်းကို စာသင်ဆောင်၊ ရေတုံကင်နဲ့ စာရေးကိရိယာများ ထောက်ပံ့ပေး (ရုပ်/သံ)

နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ ကလေးငယ်တွေ စာသင်ဖို့နေရာထိုင်ခင်း မလုံလောက်တာ၊ သောက်ရေရဖို့ ခက်ခဲနေတာနဲ့ စာသင်ကြားရာမှာလည်း စာရေးကိရိယာတွေ မပြည်စုံတဲ့အတွက် မေလလယ်ပိုင်းက ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10