သတင်းတို

နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး

“မနေ့က သေတဲ့သူတွေကို သင်္ချိုင်းပို့တာလေ၊ ပို့ရင်း အဲ့နားကို လက်နက်ကြီးကျတာ။ ကျနော့်သူငယ်ချင်း တယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တယောက်က အောက်ဆီဂျင်သွင်းထားသေးတယ်။ နာရီဝက် လောက်နေမှ ဆုံးတာ။”

အိမ်စီးကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို PDF တိုက်ခိုက်ပြီး ကားကိုမီးရှို့ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက အိမ်စီးကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်သားနဲ့ရဲတွေကို ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defence Force - NPDF အဖွဲ့ဆီက သိရပါတယ်။

မစ်ရှင်လုပ်ဖို့တိုင်ပင်နေချိန် လေယာဥ်ဗုံးကြဲခံရလို့ PDF ၁ ဦးကျဆုံး

မစ်ရှင်လုပ်ဖို့အတွက် ဘုန်းကြီးကျာင်းတဝိုက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေခဏလူစုနေချိန် ခုလို ပစ်ခတ်ခံရတာဖြစ်ပြီး PDF ရဲဘော်တဦးကတော့ ကျည်ထိမှန်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ကျဆုံးရဲဘော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားတာ မရှိပါဘူး။

အိမ်စီးကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို PDF တိုက်ခိုက်ပြီး ကားကိုမီးရှို့ခဲ့

"သူတို့ (စစ်ကောင်စီ) ၄ ယောက်ဒဏ်ရာရတယ်။ ကားထားပြီး ထွက်ပြေးသွားကြတယ်။ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမရှိပါဘူး"

မြင်းခြံပူးပေါင်းတပ်ဖွဲ့ရဲ့ ဆင်မင်းစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး ၅ ဦးအရှင်ဖမ်းမိ

“စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်၊ အပြင်က အဖြတ်အတောက်အကြောင်းရောဆိုရင် ပေါင်း ၇ ကြောင်းနဲ့ စစ်ကြောင်းပုံစံထုတ်ပြီး တိုက်ခိုက်ခဲ့တယ်”

သဲကုန်းက LGBT တဦး ပစ္စည်းလုအသတ်ခံရ

“သူက LGBT ပါ။ ကိုယ်မှာ ဝတ်ထားတဲ့စိန်နားတောင်း ၅ ခု၊ လက်စွပ်၊ ဟန်းချိန်း၊ ဖုန်းတွေပါ သတ်တဲ့သူက အကုန်ယူသွားတာ။ သိန်း ၂၀၀ ဖိုးလောက်ရှိနိုင်တယ်။ သူစီးတဲ့ CLICK ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ အူတွေလည်း ပွင့်နေတယ်”

လျာထားချက် မပြည့်မီသေးလို့ "မြေလတ်ဒေါင်းတို့ပွဲကစို့" ကမ်ပိန်း ရက်ထပ်တိုး (ရုပ်/သံ)

မေ ၅ ရက်မှာ ကမ်ပိန်းအငြိမ့်ပွဲကို စတင်ပြသဖို့ စီစဥ်ထားသော်လည်း လက်မှတ်ရောင်းအား မပြည့်မီသေးတဲ့အတွက် မေ ၁၈ ရက်ကို ပြောင်းရွှေ့ထားပြီး လက်မှတ်များကို "မြေလတ်ဒေါင်းတို့ ပွဲကစို့" ပေ့ချ်မှတဆင့်ဝယ်ယူ အားပေးနိုင်တယ်လို့ သိရပါတယ်။

စစ်တပ်ကပစ်တဲ့ ဒရုန်းဗုံးထိမှန်လို့ PDF ၂ ဦးကျဆုံး

"သူတို့က စကစ စစ်ကြောင်းလာနိုင်လို့ ပွိုင့်ကင်းစောင့်နေတာ။ စကစ စစ်ကြောင်းက လွှတ်တဲ့ ဒရုန်းဗုံးသီး ထိမှန်ပြီးနေရာမှာပဲ ကျဆုံးသွားတာ။ ကျဆုံးရဲဘော် နှစ်ယောက်ကို နောက်တန်းတောင် ပြန်မယူနိုင်ဘဲ ရှေ့တန်းမှာပဲ နာရေးလုပ်လိုက်ရတယ်"

မြင်းခြံမှာ ပစ်ခတ်မှုဖြစ်လို့ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ကိုသိမ်းဆည်းခဲ့

“စခန်းကိုတိုက်ပြီး ပြန်အဆုတ်မှာ စစ်အုပ်စုရဲ့ ပတ်ကင်း ၃ ယောက်နဲ့တိုးပြီး နှစ်ဘက်ပစ်ခတ်ရင်း သူတို့ဘက်က သေတဲ့တယောက်ရဲ့ MA 1 သေနတ်ကိုသိမ်းခဲ့တာ”

စစ်ကောင်စီတပ်သားတွေ RPG နဲ့ ပစ်ခတ်ခံရပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူ အထက ၁ ကျောင်းထဲကနေ မြို့ကို ကင်းပတ်ထွက်လာတဲ့ ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သားတွေ RPG ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ DK PDF MMU အဖွဲ့ဆီက သိရပါတယ်။

ကလေးမြို့မှာ စစ်တပ်ကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်လို့ ရဲဘော် ၂ ဦးနဲ့ ကလေးတွေအပါ အရပ်သား ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ပျဥ်းတော်ဦးရွာနဲ့ညောင်ကုန်းရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးထိမှန်လို့ ကာကွယ်ရေးရဲဘော် ၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ်ကလေးအပါ ၉ ဦးဒဏ်ရာရ

"သိရသလောက်က အဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ အဲ့နေရာတွေက KNU ထိန်းချုပ်နယ်မြေဆိုတော့ စကစဘက်ကလည်း လေကြောင်းကနေပစ်တာနဲ့ လက်နက်ကြီး ပစ်တာတွေက အမြဲလိုလိုလုပ်လေ့ရှိတယ်"

DSAကျောင်း ရှော့ဒုံးပစ်ခံရပြီးနောက် ပြင်ဦးလွင်မြို့တွင်းမှာ စစ်ကိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြား

“ထွေအုပ်ကနေတဆင့် မြို့ပေါ်က ဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီးပြောတာပါ။ ဆိုင်တွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်တဲ့သူပါရင် ရပ်ကွက်ရုံးမှာ မှတ်တမ်းဓာတ်ပုံရိုက်ပြီး သေချာစာရင်းသွင်းဖို့ ပြောတယ်”

လက်ပံတိုရေနံမြေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ PDF တွေက မီးငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ဧပြီ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်မြောက်ပိုင်း၊ လက်ပံတိုရေနံမြေစခန်းရှိ MOGE မန်နေဂျာရုံး၊ ပစ္စည်းဌာန၊ အုပ်ချုပ်ရေးရုံး၊ ပစ္စည်းစတိုရုံး၊ အထွေထွေမန်နေဂျာရုံး၊ ထုတ်လုပ်ရေးရုံး၊ သယ်ပို့စက်ပြင်ရုံးနဲ့ အင်ဂျင်နီယာရုံး တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာလို့ BLY-ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

အောင်လံကစစ်တပ်ဂိတ်တခုမှာ လမ်းသွားကားတွေတားပြီး လူငယ်တွေကိုဖမ်းဆီးနေ၊ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရ

“အရှေ့တောဘက်ကလာတဲ့ တောကားတွေပေါ်မှာ ပါလာတဲ့ လူငယ်တွေကို ဆွဲခေါ်ထားပါတယ်။ ကားတိုင်းကို ကားပေါ်တက်ကြည့်တယ်။ လူငယ် ၃ ယောက်လောက်ပါရင် သန်သန်မာမာ ၂ ယောက်လောက်ဆွဲတယ်။ ၂ ယောက်ပါရင် တယောက်ရွေးပြီးဆွဲတယ်။ ‘မင်းတို့ခဏနေခဲ့ဦး’ပြောပြီး အကုန်ဆွဲချထားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10