သတင်းတို

လေကြောင်းက တိုက်ခံရလို့ မြေလတ်ဒေသပြောက်ကျားအဖွဲ့ စခန်းသစ်ပြောင်းရွှေ့လိုက်ရ

“ရန်သူက နောက်ရက်တွေမှာလည်း စခန်းပေါ်ကနေ လေယာဉ်တွေဝဲနေတော့ စခန်းကို စွန့်လွှတ်ခဲ့ရတယ်။ ကျောင်းနေအရွယ် ကလေး ၂ ယောက်ကတော့ ခေါင်းကိုထိသွားတယ်။ ထိသွားတဲ့ ကလေး ၂ ယောက်ကိုလည်း ကျနော်တို့ကပဲ တာဝန်ယူပြီးဆေးကုပေးထားတယ်။ ခေါင်း ၇ ချက်ချုပ်လိုက်ရတဲ့ကလေးကတော့ ခေါင်းတွေကိုက်တုန်းပဲ ”

ပြည်မြို့မှာ လူငယ်အမျိုးသား ၁ ဦး အဆုံးစီရင်

"သိရသလောက်ကတော့ လူမှုရေးကိစ္စတွေရှိတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရဘူး။ အဲဒါကို စိတ်ညစ်ပြီး လုပ်သွားတာ။ အိမ်သားတွေ အပြင်ကပြန်လာမှ သိရတာ"

ကလေးနဲ့ NUG ထိန်းချုပ်နယ်မြေ ခမ်းပါတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲမှု အနည်းဆုံးအရပ်သား ၃ ဦးသေဆုံး

“ တလုံးနဲ့ တလုံးကမိနစ်ပိုင်းပဲခြားတယ် ကြဲသွားတာ။လတ်တလောသိထားတာက စော်ဘွားရေရှင်က ၁ ယောက်၊ ခမ်းပါတ်က ၂ ယောက်သေတယ်။ ဒဏ်ရာရတာက ခမ်းပါတ်က ၈ ယောက်၊ ရေရှင်က ၅ ယောက်”

ဥပဒေပညာပါ သင်ကြားပေးခဲ့တဲ့ RKDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပြီ (ရုပ်/သံ)

“သင်တန်းသားတွေက တိုက်ခိုက်ရေး တမျိုးထဲကိုပဲ သင်ယူရတာမဟုတ်ဘူး၊ ညစခန်းသိမ်း နေ့စခန်းသိမ်းဆိုတဲ့ ပုံစံမျိုးစုံနဲ့ သင်တန်းပေးတယ်၊ ဥပဒေပညာကိုတော့ စာတွေ့အနေနဲ့ သင်ကြားပေးတယ်၊ သင်တန်းမဆင်းခင် စာမေးပွဲတွေ ဖြေဆိုခဲ့ရတယ်။”

ရေတာရှည်တိုက်ပွဲ ၅ ရက်ကျော်ကြာလာပြီး စစ်တပ်ဘက်ထိခိုက်သေဆုံးမှုရှိ

"တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးတွေလည်း များတယ်။ စကစဘက်ကတော့ ပိုများတယ်။ မနေ့ကဆို ပိတောက်ကုန်းကျေးရွာပတ်လည်မှာ ဖြစ်တာ။ ဒီမနက်ထိလည်း လက်နက်ကြီးပစ်တာ တွေရှိနေတယ်။"

လက်ပံတန်းမှာ “အနက်‌ရောင်သေမင်းတမန်အဖွဲ့" ကတ်ပြားချိတ်ဆွဲထားတဲ့ လူငယ်အမျိုးသားအလောင်း တွေ့ရှိ

” မနက် ၃ နာရီလောက်က လက်ပံတန်းမြို့ဘက်ကနေ ကားနဲ့လာချသွားတာလို့ သိရတယ်။ သေဆုံးသူက ကျနော်တို့ တပ်ဖွဲ့ဝင်ထဲက‌တော့ မဟုတ်ဘူး။ ရဲဘော်လေးတွေကိုလည်း သွားမကြည့်ခိုင်းဘူး ထောင်ချောက်ဆင်ထားတာဖြစ်မှာ စိုးလို့ “

ကောလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေဆုံးများ

“ပွဲက တနေ့လုံးနီးပါးဖြစ်တာ၊ ဝန်းသိုကနေ ဟောင်ဝစ်ဇာ တရစပ် ထုပေးနေတယ်။ ကောလင်းက ထွက်ခဲ့တဲ့ **တွေကတော့ အတုံးအရုန်း သေသွားတယ်။ အကောင်ရေကတော့ အတိကျ မသိရဘူး။”

ကျေးရွာ PDF ခေါင်းဆောင်အမေကိုသတ်ပြီး ရွာကိုပါမီးရှို့သွားတဲ့ စစ်ကောင်စီတပ် (ရုပ်/သံ)

“အဖွားတယောက်ကိုတော့ နားထင်ကိုတေ့ပြီး ပစ်သွားတယ်။ အဖွားကလည်း အသက်ကြီးပြီဆိုတော့ဘာမှမဖြစ်လောက်ဘူးထင်ပြီး ရွာထဲမှာနေခဲ့တာဖြစ်ဖို့များတယ်။ လေတွေလည်းတိုက်နေတော့ မီးငြိမ်းဖို့ကခက်ခဲနေပါတယ်။ PDF တွေက တတ်နိုင်သမျှငြှိမ်းပေးနေပါတယ်”

၃ ရက်အတွင်း ထီးလင်းမြို့ပေါ်  ၅ နေရာတိုက်ခိုက်ခံရ (ရုပ်/သံ)

အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြို့မရဲစခန်း၊ ရုပ်သံရုံးနဲ့ ရေမျက်နီရဲစခန်း တို့ကို ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြတာလို့ Yaw Revolution Army-ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

တောင်တွင်းကြီးက ရာအိမ်မှူး ၃ ဦး ရဲစခန်းအနီးမှာ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"ဖြစ်တဲ့နေရာက ရဲစခန်းရှေ့မျက်နှာချင်းဆိုင်လို့တောင် ပြောလို့ရတယ်။ သူတို့ကိုပဲရွေးပြီး ခေါင်းချည်းပဲ ပစ်ခတ်သွားတာ။ နေရာမှာပဲ နှစ်ယောက်သေသွားတယ်"

လက်ပစ်ဗုံးဆောင်ထားတဲ့ ပြည်သူ့စစ်သင်တန်းဆင်းအမျိုးသား အသတ်ခံရ

“သူ့ကို ဖမ်းဆီးစစ်မေးနေတုန်း ထွက်ပြေးလို့ပစ်သတ်ခဲ့ရတာ။ ပွဲချင်းပြီးသေသွားတယ်”

မုံရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတခုမှာ အကူညီတွေလိုအပ်နေ

“ကလေးတွေက ရှိတဲ့အပင်ရိပ်အောက်တွေမှာ သင်ရတယ်။ ခုဆို မိုးရာသီရောက်တော့မှာ အမိုးဆိုတာလည်း မရှိဘူး၊ စာသင်ခုံလည်းဘာမှမရှိဘူး၊ စာအုပ်လည်း ပေးစရာကိုမရှိတာ။”

နွားထိုးကြီးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၃ ဦးသေ (ရုပ်/သံ)

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။

ကမ်ပိန်းငွေနဲ့ အရေးပေါ်လိုနေတဲ့ ကျည်ဆန်နဲ့ ပွိုင့်ဖိနပ် MBT တပ်ဖွဲ့ စတင်ဝယ်ယူ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲအနေဖြင့် "မြိုပြဆီသို့ သိန်း ၃၀၀၀ ကမ်ပိန်း" ပြုလုပ်ရာမှာ ရရှိလာတဲ့ငွေကြေးနဲ့ အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ဧပြီ ၁၁ ရက်က စတင်ဝယ်ယူထားတယ်လို MBT တပ်ဖွဲ့ဆီကသိရပါတယ်။

ညောင်ဦးမှာ အုပ်ချုပ်‌ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

"အဲ့ရုံးနားမှာရှိနေတာ ဘာလုပ်နေကြလဲဆိုတာတော့ မသိရဘူး။ သေနတ်နဲ့ပစ်ခံရလို့ အုပ်ကြီးနဲ့သူတပည့်တယောက်သေတယ်။ ပြည်သူစစ်အချို့ ဒဏ်ရာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10