သတင်းတို

ပခုက္ကူနှင့်မြိုင်တွင် တိုက်ပွဲဖြစ်ပြီး ၁ ရက်အတွင်း စစ်သားနဲ့ပျူစောထီး ၄ ဦးသေကာ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

"၂၆ ရက်က ဘုန်းကန်ပျူရွာက စစ်သားနဲ့ ပျူစောထီးတွေက မနက် ၇ နာရီကနေ ၁၀ နာရီအထိ ဒီကောင်တွေက လက်နက်ကြီးနဲ့ ပစ်နေတာကြားလို့ ကျနော်တို့လည်း ဒရုန်း ၅ စီးနဲ့ Drop Bomb ဗုံးသီး ၃၀ ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့တယ်။ ဖြုတ်ချတိုက်ခိုက်တာ ၇ ကောင်လောက်ဒဏ်ရာရတယ်။ ပခုက္ကူက စစ်ကူလာတာက ကား ၂ စီးလာတာ။ ၁ စီးက စစ်**တွေ ၁ စီးက ပျူစောထီးတွေပါတယ်။ အဲ့ဒီ ၂ စီးကို မိုင်းပွိုင့် ၂၀ နဲ့ တိုက်ခိုက်တာ ၂ စီးလုံး ကားတွေပျက်သွားတယ်။ ထိခိုက်ဒဏ်ရာရတာ ၁၁ ဦးလောက်ရှိတယ်။ နောက်ထပ်လုံခြုံရေးနဲ့ ကားတွေကို ပခုက္ကူပြန်ဆွဲသွားတယ်။"

တန့်ဆည်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

"လက်လုပ်အမျိုးအစား လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ စစ်သား ၂ ယောက်သေတယ်။ ဒဏ်ရာရတာ ၄ ယောက်လို့ အတည်ပြုနိုင်ပါတယ်။ ရွာထဲက အိမ်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်"

နမခကထွက်လာတဲ့ စစ်ကြောင်းကို BNRA ခြုံခိုတိုက်ခိုက်၊ သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

“ရှေ့ပြေးကာကင်း တပ်စိတ် ၁ စိတ်၊ ၁၀ ဦးခန့်ကို ကျ‌နော်တို့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်သိမ်းဆည်းရခဲ့တာ။ အကွာအဝေးက မီတာ ၅၀ အတွင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၃ ဦး လောက်သေတယ်”

SNA က တပ်စိတ်မှူးအဆင့်ရှိ ရဲဘော် ၂ ဦးအပါ ၅ ဦး လက်နက်တွေနဲ့အလင်းဝင်

“ပြည်သူနဲ့ ပူးပေါင်းပြီး ပြည်သူ့ဘက်က ရပ်တည်ချင်လို့ ဝင်လာတာပါ၊ ဆိုင်ရာဆိုင်ရာ ရပ်ကျေး ပကဖတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာပါတယ်၊ အားလုံးကို သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ကူညီပံ့ပိုးပေးနေတယ်။”

မင်းလှ၊ သင်တောရိုးကျေးရွာအုပ်စုမှာ ပေါ်တာကြေးဆိုပြီး လစဉ်ငွေကောက်ခံနေ

"အုပ်ကြီးက ကိုယ့်အုပ်စု(ကျေးရွာအုပ်စု)ထဲပဲ နေပါ။ ဘယ်မှမသွားနဲ့ အုပ်စုအပြင်ဘက်ရောက်ရင် ဖမ်းမှာပဲတဲ့။ အဲ့ဒီတော့ ရပ်ရွာက လူငယ်တွေက ဘယ်မှမထွက်ရတော့ ဒီလစဉ် ၂၀၀၀၀ ကို ဘယ်ကဝင်ငွေနဲ့ ပေးရမှာလဲ။ အကုန် အကြောက်တရားနဲ့နေရပြီး စိတ်ညစ်နေရတယ်"

ပခုက္ကူခရိုင်တပ်ရင်း ၃ ထံ ပေါက်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

"ကျနော်တို့ တပ်ရင်းကို ဆက်သွယ်လာတာပါ။ ရဲဘော်တွေ သွားခေါ်ခဲ့ရတယ်။ ရင်း ၃ ကို အလင်းဝင်တာ ဒီတဦးပဲ ရှိပါသေးတယ်"

အကောက်တောင်ဘုရားဖူးရင်း မြစ်ထဲရေဆင်းချိုးရာက ဆယ်ကျော်သက်လူငယ် ၄ ဦး ရေနစ်သေဆုံး

“ သူတို့ကအင်ပင်ကနေ Light Truckကားနဲ့ အကောက်တောင်ကို ဘုရားဖူးလာရင်း ရေဆင်းချိုးကြတာ။ လာတာက ကားနဲ့အပြည့်လာတာလို့သိရတယ်။ အဲ့ဒီထဲက ၅ ယောက်ရေချိုးဆင်းရင်း ၄ ယောက်ရေနစ်သွားကြတာ။ အဲ့ဒီနေရာက ရေနစ်တဲ့အပိုင်း”

စစ်ကြောင်းကိုရိက္ခာထောက်ပံ့ဖို့ဆိုကာ လုပ်ငန်းရှင်တွေကိုစစ်တပ်ထဲခေါ်ပြီး သိန်းဆယ်ချီတောင်း

"မြို့နယ်ထဲက လုပ်ငန်းရှင်အားလုံးကိုခေါ်ပြီးပြောတာ။ လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီး ငွေထည့်ဝင်ကြဖို့ ပြောတယ်။ အကူအညီတောင်းတဲ့ပုံစံပြောပေမယ့်လည်း ငွေအမောက်(ပမာဏ)ကိုတော့ သတ်မှတ်တယ်။ မပေးရသေးတဲ့သူတွေလည်း ရှိတယ်"

နွားကျောင်းဖို့ရွာပြင်ထွက်လာတဲ့ ပျူစောထီးတွေ အပစ်ခံရပြီး ၁ ဦးသေ

“အဝေးလည်း သွားမကျောင်းရဲဘူး။ ကျနော်တို့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်တဲ့အခါမှာ ဦးခေါင်း ထိမှန်ပြီး ပွဲချင်းပြီး ပျူစောထီး ၁ ကောင်သေဆုံးသွားတယ်။ တဦးလဲကျသွားတော့ တခြား**တွေကတော့ ရွာထဲဝင်ပြေးကြတာ”

ရန်ကုန်-မန္တလေးလမ်းမှာ ယာဥ် ၃ စီးတိုက်၊ လမ်းဘေးအိမ်ကိုပါဝင်တိုက်မိပြီး ၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

"မှားတာက လိုက်ထရပ်ယာဥ်က မှားတာ။ လူသေဒဏ်ရာရများတာက ဘဲတင်လာတဲ့ကားပေါ်က များတယ်။ ဘိလပ်မြေတင်ယာဥ်အိမ်ထဲဝင်သွားလို့ အိမ်နားက လူတွေပါဒဏ်ရာရကုန်တယ်"

အညာဒေသက တပ်ရင်းတပ်ဖွဲ့  ၆ ဖွဲ့ ပေါင်းပြီး "ခွန်အားမျှပါ" သိန်း ၅၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ကမ်ပိန်းပါ တပ်ဖွဲ့ ၆ ဖွဲ့ဟာ တော်လှန်ရေး ၃ နှစ်တာကာမှာ တပ်ဖွဲ့တွေ ရပ်တည်နိုင်ရေးအတွက် ဖြစ်သလိုနေ ဖြစ်သလို စားသောက်နေခဲ့ကြပြီး အခုလို တိုက်ပွဲတွေအရှိန်မြှင့်လာတာအခါမှာ ရဲဘော်တွေနေရေး စားရေးထက် တပ်ဖွဲ့တကယ်လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ နည်းပညာဆိုင်ရာတွေကို ဖြည့်တင်းသွားနိုင်ဖို့ ဒီကမ်ပိန်းကနေ မျှော်မှန်းထားကြတယ်လို့ ဆိုကြပါတယ်။ ခွန်အားမျှပါ သိန်း ၅၀၀၀ ကမ်းပိန်ကိုတော့ ဧပြီ ၂၁ ရက်ကနေ ဇွန် ၂၁ ရက်ထိ နှစ်လကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

"သေနတ်သမားတွေက လူတော့မများဘူး။ နှစ်ယောက်သုံးယောက်တော့ပါမယ်။ သူ့အိမ်ထဲဝင်ပြီး လေး၊ ငါး၊ ဆယ်ချက်ထက်မနည်း ပစ်ခတ်ပြီး ပြန်ထွက်သွားကြတယ်လို့တော့ သိရတယ်"

အောင်လံမှာ ပြည်သူ ၁၅၀ နီးပါးကို စစ်တပ်ကဖမ်းပြီး သွေးစစ်တာတွေလုပ်နေ

“အရင်နေ့က ရွာတွေထဲက မဲပေါက်တဲ့သူတွေကို လိုက်ခေါ်ထားတာရှိတယ်။ အဲ့လူတွေကိုက ရွှေတောင်(မြို့)ကို ပို့တယ်။ မနေ့က ထပ်ဖမ်းထားတဲ့ သူတွေက အထက ၁ ထဲမှာပဲ ရှိနေတယ်။ မြို့ထဲကို ‘အောင်လံမိုး’ ယာဥ်လိုင်းကကားတွေနဲ့ ပတ်ဆွဲတာပါ။ မနက်ဖြန်ကျရင် ရွာတွေထဲထိ ဝင်ဆွဲမယ်လို့ ကြားတယ်။”

ပေါက်မှာ လေယာဥ်နဲ့ဗုံးကြဲချိန်ထိမှန်ပြီး အမျိုးသား ၁ ဦး ကိုယ်တပိုင်းပြတ်သေဆုံး

"ပေါင် ၃၀၀ ဗုံးတွေနဲ့ကြဲချခံရတယ်။ ၅ လုံး ၆ လုံးလောက်ရှိမယ်။ အမျိုးသားတဦးကတော့ တပိုင်းပြတ်နဲ့သေသွားတယ်။ တိရစ္ဆာန်တွေလည်း သေတယ်”

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စရဖ ၁ ဦးအသတ်ခံရ

"သူကိုစောင့်ကြည့်နေတာကြာပြီ။ သူကိုရှင်းရင်လည်း ဘာမှမရနိုင်လို့ ဖမ်းဆီးပြီး သတင်းရယူဖို့ ကြိုးစားတာ။ သူကထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။ သူဆီကနေတော့ ဖုန်းတလုံးရခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10