သတင်းတို

ကျပ်ထိုးရဲစခန်း တရက်ထဲ ၂ ကြိမ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဘန်ကာပေါ်ဗုံးထိမှန် ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မေ ၃ ရက်က ညနေ ၃ နာရီ တကြိမ် ညနေ ၄ နာရီ တကြိမ်၊ တရက်တည်းမှာ ၂ ကြိမ် ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံးပစ်ချရာမှာ ကျပ်ထိုးရဲစခန်းအတွင်းက ဘန်ကာနဲ့ စခန်းပေါ်ကိုတည့်တည့် ကျရောက်ခဲ့တာလို့ BLY ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှံပြည်စုတ် က ပြောပါတယ်။

လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုခံရသူ ကယ်ရီသမား အသက်ရှင်၊ လုယက်သူကို ဖမ်းဆီးရမိ

" လူယက်မှုကျူးလွန်တဲ့ လူပုံစံကိုသိရတော့ ရဲတွေက သူ့ရွာမှာ သွားရှာတယ်။ အဲဒီကမှတဆင့် သူပုန်းနေတဲ့နေရာကိုသိပြီး ဖမ်းဆီးရမိခဲ့တာ။ ဆိုင်ကယ်လည်းပြန်ရခဲ့တယ်"

လေပြင်းတိုက်၊ မိုးသီးကြွေကျလို့ ပျက်စီးသွားတဲ့ နေအိမ် ၃၅၀ ကျော်နဲ့ နှမ်းခင်းဧက ၅၀၀ (ရုပ်/သံ)

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျလာတာကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တော၊ သရက်ကန်၊ ကိုင်းကံ၊ မအုံး၊ မြင်းတန်းကျေးရွာက နေအိမ် ၃၅၀ ကျော် သွပ်အမိုးလန်တာ၊ ပြိုကျတာ၊ အိမ်ခေါင်မိုးပြုတ်ထွက်တာတွေဖြစ်ပြီး နှမ်းစိုက်ဧက ၅၀၀ နီးပါးပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။

မြောင်၊ မင်းတန်းရွာကို ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော် ပျက်စီး

“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”

ညောင်လေးပင်က အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးပျောက်ဆုံးနေ

မိသားစုဝင်တွေက လူငယ်နှစ်ဦးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စိတ်ပူနေရတာကြောင့် အဆိုပါ လူငယ် ၂ ဦး ကိုတွေ့ရှိသူများအနေနဲ့ မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်း 09250547440 နဲ့ 09429559911 ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

ချောင်းတော်ဝရွာက နေအိမ် ၂၀ ကို စစ်တပ်ကမီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာက နေအိမ် ၂၀ ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အချိန်မရွေးပစ်ခတ်မှုတွေဖြစ်နိုင်တဲ့အတွက် ရေနံချောင်းနယ်က လမ်းပိုင်း ၄ ခုကို အချိန်နဲ့သွားဖို့ ပကဖ သတိပေး

“အဓိကတော့ အပြန်အလှန်စစ်ရေးတင်းမားမှုနဲ့ ထိတွေ့မှုတွေရှိလို့ပါ။ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အတိုင်းအတာကိုတော့ စစ်ရေးအရ ပြောပြလို့မရသေးဘူး။ အဓိကတော့ ပြည်သူတွေကိုပြောချင်တာက အခု ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးပါ။”

မြစ်သားမှာ တာဝါတိုင်စောင့်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

"ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာပါ။ စစ်** ၁ ကောင်ပွဲချင်းပြီးသေတယ်။ ၂ ကောင် ဒဏ်ရာရခဲ့တယ်"

ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

“ဆုံးတာက အဲ့တယောက်ထဲ၊ သူ့ယောက်ကျ်ားလည်း ခါးထိတာ အခြေအနေမကောင်းဘူးလို့ပြောတယ်၊ အသက်ရှင်ရင်တောင်မှ ဘာမှလုပ်နိုင်မယ့်ပုံ မရှိတော့ဘူး။”

ယင်းမာပင်မြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးရွာပြီးမိုးသီးများကြွေကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက‌ ပြောပါတယ်။

စစ်ရှောင်စခန်းက မူလတန်းလွန်ကျောင်းအတွက် အမိုးအကာနဲ့ အကူညီတွေလိုအပ်နေ (ရုပ်/သံ)

မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောင်းအတွက် အမိုးအကာတွေနဲ့ စာသင်ကြားရေး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းဖြစ်တဲ့အတွက် အစစအရာရာခက်ခဲနေပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေစားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသလို စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မင်းဘူးနယ်က ဆန်စက်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွား

"သိရသလောက်က ဓားပြတိုက်ခံရတယ်လို့ သိရတယ်။ သူတို့အိမ်မှာက ကလေးတွေအပါအဝင် လူက ၆ ယောက်လောက်ရှိတယ်။ အကုန်လုံးကြိုးတုပ်ပြီး ပစ္စည်းနဲ့ငွေတွေယူသွားကြတယ်လို့တော့ သိရတယ်"

ပဲခူးမြစ်ထဲရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံး

"နေ့လယ်ကတခေါက် သူသားအိမ်ပြန်မလာလို့ သူအဖေလိုက်ရှာတာ။ မြစ်ဘေးမှာ သူ့ငယ်ချင်းတွေနဲ့ အတူ အရက်သောက်နေတယ်ဆိုလို့ နွားယူပြီးပြန်သွားတယ်တဲ့။ ညထိပြန်မလာလို့ လိုက်ရှာမှ ရေနစ်သေတာကိုသိရတာ"

စားသုံးဆီဖူလုံဖို့စိုက်ပျိုးခဲ့တဲ့ CDF KKG ရဲ့ နေကြာစိုက်ခင်းတွေ အထွက်နှုန်းလျော့ကျ (ရုပ်/သံ)

ယခင်က နေကြာစိုက်ပျိုးရာမှာ ပုံမှန်ရာသီဥတုနဲ့ ရေရရှိမှုကောင်းမွန်ပါက ၁ ဧကကို နေကြာ ၁၀ တင်းအထက် ထွက်ရှိနိုင်ပေမယ့် ယခုစိုက်ပျိုးမှုမှာတော့ ၄ ဧကကိုမှ ၁၁ တင်းသာ ထွက်ရှိတဲ့အတွက် ပုံမှန်အထွက်နှုန်းရဲ့ တဝက်ခန့်ပင် မထွက်ခဲ့ဘူးလို့ သိရပါတယ်။

ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10