အလုပ်မရှိ ရေသောက် ဗိုက်မှောက်နေမယ်ဟေ့
အလုပ်မရှိ ရေသောက်ဗိုက်မှောက်နေကြမယ်ဟေ့ ဆိုတဲ့စကားကို အခုအချိန်မှာတော့ ရပ်ကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြပါပြီ။ အရင်တုန်းက အဲဒီစကားကို ရေရွှန်းပတ်ရွှန်း ပြောခဲ့ရင်တောင် အယူသီးလှပါတယ်ဆိုတဲ့ ရှေးလူကြီးတချို့ရဲ့ "ဟဲ့ ဟဲ့ ဒီစကား မပြောကောင်း မဆိုကောင်းဘူးကွဲ့" ဆိုပြီး တားမြစ်ခဲ့သူမရှိသလို တားမြစ်တာကိုလည်း ကြားလည်းမကြားမိခဲ့ဘူးပါ သူတို့စိတ်ထဲမှာလည်း ဒီစကားဟာ ဥပမာအနေနဲ့ တင်စားပြောဆိုတယ်လို့ပဲ ထင်မှတ်ထားပုံရပါတယ်။