ဆောင်းပါး

စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးထားတဲ့ ကလေးမြို့မှာ တိုက်ပွဲဆက်ဖြစ်နေ (သတင်းဆောင်းပါး)

တိုက်ပွဲတွေစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက် မနက် ၄ နာရီလောက်မှာ ကလေးမြို့ မြောက်ပိုင်းက ကံကြီးရွာစခန်း၊ ကံသာယာရွာစခန်းနဲ့ ကလေးတောင်ပိုင်းက စက္ကန့်ရွာစခန်း စတဲ့ စစ်ကောင်စီစခန်း ၃ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်ဦး (သို့မဟုတ်) သားသေ၊ ဘဝပျက်၊ ပကဖရန်ကြောက်လို့ ရွာစဉ်လှည့်ပြေးနေရသူ

“ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲ ရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကို မေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှ မကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကို ကြုံတွေ့နေရတာပါ”

ရာသီစက်ဝန်းကြားက တော်လှန်အမျိုးသမီးများ (ဆောင်းပါး)

အညာဒေသမှာ မိန်းကလေးရဲဘော်တယောက်အနေနဲ့ ရှေ့တန်းလိုက်ရတဲ့အချိန် အခက်အခဲဆုံးကိစ္စက ဓမ္မတာဆင်းချိန်နဲ့ ကြုံတာဖြစ်တယ်လို့ ရဲဘော်အန်နာက ပြောပါတယ်။ အမျိုးသမီးတွေ ဓမ္မလာတဲ့အခါ လစဉ်သုံးတွေကို သုံးတတ်ကြပေမယ့် အညာဒေသက ရဲဘော်အန်နာ အပါအဝင် အမျိုးသမီးစစ်သည်တွေကတော့...

စစ်ဗိုလ်ကြီး အိပ်မက်

မကွေး အဝေးသင်ကျောင်းသားဘဝက တပ်ကြပ်တယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်။ သူက အဝေးသင်မှာ နှစ်ကြီးသမား။ ကျတော်ထက်လည်း အသက် ၄ နှစ်လောက်ကြီးတယ်။နောက်ဆုံးနှစ်အင်္ဂလိပ်စာ မေဂျာကျောင်းသား။ နောက်မှ သိရတာက နောက်ဆုံးနှစ်မှာ စာမေးပွဲ မဖြေဘဲ နေနေတာ သုံးနှစ်လောက် ရှိပြီတဲ့။

စစ်မှုထမ်းဥပဒေအောက် ကျွန်ခံမလား တော်လှန်မလား (သတင်းဆောင်းပါး)

မြန်မာနိုင်ငံမှာ အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တာကြောင့် ရက်ပိုင်းအတွင်း မြို့ပြတွေမှာ အလုပ်လုပ်နေကြတဲ့ လူငယ် မြောက်များစွာဟာ စစ်မှုမထမ်းလိုတဲ့အတွက် တချို့က နယ်မြို့တွေ၊ ကျေးရွာတွေကို ပြန်ကြပြီး တချို့က တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်သွားကြပါတယ်။

နိုင်ငံရဲ့အနာဂတ်ကိုသင်းသတ်မယ့် မတရားဥပဒေအောက်က လူငယ်များ

“ကိုယ့်အိမ်တံခါးကို လာမခေါက်ခင် (စစ်မှုထမ်းဖို့ဆင့်ခေါ်စာလာမပို့ခင်) အရင်ထွက်သွားနိုင်အောင်လို့ ကျွန်တော်ကြိုးစား နေတယ်”

စစ်တိုက်ရင်း အကြွေးနွံနစ်နေကြရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ (သတင်းဆောင်းပါး)

“သေနတ်ကလည်းဗျာ ကျည်မရှိရင်တုတ်တစ်ချောင်းလိုပဲ။ အဲဒီတော့ ကျည်ရှိဖို့ အဓိကလိုအပ်တယ်။ ခဲယမ်းမီးကျောက်ဖြည့်တင်းဖို့အတွက် ကျွန်တော်တို့က ဝယ်လိုက်တယ်၊ အကြွေးတင်သွားတယ်။ ပြီးရင် အဲဒီအကြွေးတွေပြန်ဆပ်ဖို့ ဒီအလုပ်ကိုလုပ်ရတယ်၊ ဒါပါပဲဗျာ”

တပ်စခန်းမီးရှို့ခံရပေမယ့် တော်လှန်ရေးကို ရှေ့ဆက်နေဦးမယ့် ဆိပ်ဖြူဘာမထီ (သတင်းဆောင်းပါး)

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်လာတဲ့ကာလအတွင်းမှာ အသက်ပေးသွားရတဲ့ တပ်ဖွဲ့ဝင်တွေရှိကြသလို စိတ်ပင်ပန်းမှုအမျိုးမျိုး၊ အသက်အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် “ ရှေ့ဆက်ပြီးတော့ လျှောက်လှမ်း သွားမှာပါ” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

ကရင်နီက တပ်မအပျက်ကြီးကိုကွပ်ကဲဦးမယ့် စစ်မတိုက်ဖူးတဲ့ တပ်မမှူး (ဆောင်းပါး)

ကရင်နီပြည်နယ်အတွင်း အရေးနိမ့်နေတဲ့ တပ်မ ၆၆ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း ဟာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရပြီး ၎င်းရဲ့နေရာမှာ တပ်မမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ခန့်အပ်ကာ စစ်ဆင်ရေးတွေကိုကွပ်ကဲဖို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ရွေးချယ် စေလွှတ်လိုက်တာပါ။

အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်ချင်သလား (အတွေးအမြင်)

ယခုအခါ စစ်ကောင်စီဘက်မှ စစ်ရေးပြင်ဆင်မှုများကို လက်တွေ့ကျကျရှေ့သို့ နောက်တလှမ်းတိုးလာခြင်း ဖြစ်သည်။ တော်လှန်ရေးအပေါ်အကောင်းမြင်သည့်ရှုထောင့်မှနေ၍ “တပ်ပျက်နေပြီ” ၊ “မကြာခင် စစ်အာဏာရှင် ကျရှုံးတော့မည်”၊ “သေနတ်ပြောင်း မင်းအောင်လှိုင်ဘက်သို့ လှည့်လိမ့်မည်” ဟု ရှုမြင်ကြမည့်အစား စစ်ကောင်စီ၏ ဤစစ်ရေးပြင်ဆင်မှုကို မည်သို့ လက်တွေ့ကျကျ ရင်ဆိုင်မည်နည်းဟူသော ရှုထောင့်ကသာ ကြည့်ပြီး အလေးအနက် ကြိုတင်ပြင်ဆင်သင့်သည်။

အရပ်သားတွေအပါအဝင် နှစ်ဘက်သေဆုံးမှုများခဲ့တဲ့ ဇရပ်ကြီးတိုက်ပွဲ (သတင်းဆောင်းပါး)

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရော တော်လှန်ရေးတပ်တွေပါ သေဆုံးမှုများခဲ့ကာ လက်နက်၊ ခဲယမ်း ဆုံးရှုံးမှုလည်း အပြန်အလှန်ရှိခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြား အရပ်သားတွေလည်း အများအပြား သေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်အနီးနယ်မြေက ပြည်သူ့စစ်တွေကို လက်နက်တပ်ပေးပြီး အင်အားဖြည့် (သတင်းဆောင်းပါး)

“ နေပြည်တော်ပတ်လည်မှာက နယ်မြေခံတပ်တွေ ခပ်စိပ်စိပ်ချပြီး ကာထားပြီးသား။ လယ်ဝေး စကခ ၆ ကလည်း နေပြည်တော်ကို အဓိက ကာဖို့ပဲ ထားထားတာ။ ဒါပေမယ့် တောင်ငူခရိုင်ထဲ တိုက်ပွဲပြင်းထန်ရင်တော့ စကခ ၆ တပ်တွေကိုတော့ စစ်ကူပို့တာမျိုးတွေ့ရတယ်။ ဆိုတော့ ဒီနယ်တွေကပျူတွေကို အလျင်စလို လက်နက်ပေးနေတာက နေပြည်တော်ရဲ့အပြင်စည်းကနေ သူတို့နဲ့ထပ်ကာတာလို့မြင်ပါတယ်”

နွေဦးရဲ့ ရဲရဲနီပန်းတပွင့် (သို့မဟုတ်) စစ်မြေပြင်ထဲက တကိုယ်တော်အမျိုးသမီးသူနာပြု

တောနေထူထပ်သလို တောင်ဆင်းတောင်တက် ကြမ်းတမ်းမတ်စောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသအတွက် ကျန်းမာရေးဖြေရှင်းဖို့ရာ သာမာန်ကျန်းမာရေးအသိရှိသူ တဦးနှစ်ဦးကသာ ဆေးထိုးပေးနေသည်။ တခြားနည်းကတော့ တိုင်းရင်းသားရိုးရာကုထုံးများနှင့် ဗိန္ဓောဆရာ တို့သာရှိသည်။ ဒေသတခုလုံးတွင် စနစ်တကျသင်ကြားတတ်မြောက်လာသည့် ကျန်းမာရေးမှူး၊ သူနာပြု၊ ဆရာဝန် မရှိပေ။ ဌာနတိုင်းရင်းသားများအတွက် ကျန်းမာရေးကိစ္စခက်ခဲသည့်အနေအထားတွင် တိုက်ပွဲဝင်စစ်မြေပြင်ထဲက ရဲဘော်များအတွက်တော့ ကုရာနတ္တိ ဆရာဝန်မရှိအခြေနေ။ ထိုအခြေအနေမှာပဲ သူနာပြုလိုအပ်ချက်အရ မမီးမီး သံတောင်ဒေသကို ရောက်သွားခဲ့သည်။ ထိုနေ့က ...

“မြွေဟောက်” အကိုက်ခံရသူများ (ဆောင်းပါး)

ကရင်ပြည်နယ်ကို ရောက်ရှိလာတဲ့ တပ်မ ၄၄ တပ်မမှူးတွေဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေအကြား ရင်ဆိုင်တိုက်ပွဲတွေမှာ ဘယ်လိုတွေ့ကြုံပြီး ရာထူးကနေအနားပေးခံခဲ့ရလဲ၊ ဘယ်လိုတွေ သေဆုံးခဲ့ရလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။

အညာသူများ ပြောသည့် စစ်ခွေးဋီကာ (ဆောင်းပါး)

ခွေး၊ ခွေးကြောင်းဟု ဆိုလိုက်လျှင် တိရစ္ဆာန်ခွေးကို ရည်ရွယ်ခြင်းမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်လိုက်တပ်ဖွဲ့ဝင်များနှင့် စစ်တပ်စစ်ကြောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ကလေးအစ လူကြီးအဆုံးအားလုံး နားလည်ပြီးဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ၎င်း၏နောက်လိုက်တပ်ဖွဲ့များသည် လူစင်စစ် ဖြစ်ပါလျက် မည်သည့်အတွက်ကြောင့် ခွေးဟုခေါ်နေခြင်းဖြစ်ကြောင်းနှင့် အညာသူများပြောပြသည့် စစ်ခွေးများ အကြောင်းကို ရေးသားလိုက်ရပါသည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10