ဆောင်းပါး

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ပြာကျပျက်စီးသွားခဲ့တဲ့ ဟင်္သာမကျေးရွာ (ဆောင်းပါး)

၂၀၂၁ မတိုင်ခင်က ဟင်္သာကျေးရွာအုပ်စုထဲမှာရှိတဲ့ တရွာနဲ့တရွာဟာ အသွားအလာမပျက် ဆွေမျိုးတွေ လိုနေခဲ့ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်က ရွာသာယာရွာမှာ ပျူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းပေးကာ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ခဲ့တာကြောင့် ဟင်္သာမကျေးရွာအုပ်စုအပါအဝင် အနီးအနားက ကျေးရွာတွေဟာ မီးလောင်ပြာကျပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဟင်္သာမကျေးရွာအုပ်စုထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

တပ်ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးတွေပါ ထိတ်လန့်ထွက်ပြေးနေရတဲ့ ပြည်သူ့စစ်ဂယက် (သတင်းဆောင်းပါး)

တိုက်ပွဲအတွင်းအသေအဆုံးများပြီး စခန်းတွေအသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းဖို့ ဇန်နဝါရီလဒုတိယအပတ်ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်သူ့စစ်စုဆောင်းတာ၊ ပျူစောထီး တပ်ဖွဲ့ဖို့ ကြိုးစားတာတွေ ဆက်တိုက်လုပ်လာတဲ့အခါ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ ပြည်သူ့စစ်(ပျူစောထီး)ထဲ မဝင်ချင်လို့ ထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်နေကြတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ က တံဆိပ်ကပ်ပေးလိုက်တဲ့ "မင်းအောင်လှိုင်လက်ထက် ရုပ်အပျက်ဆုံးစစ်တပ်"

“နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်ခဲ့တဲ့ စွမ်းရည်ပြည့်ဝတဲ့ ခေတ်မီမြန်မာ့တပ်မတော်ကြီး” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ တပ်ထောက်ခံသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်မြှောက်ပင့်ပြောဆိုခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်နက်မဲ့အရပ်သားတွေကို သတ်ဖြတ်နိုင်တာကလွဲရင် လက်ရှိရင်ဆိုင်တိုက်ပွဲတွေမှာ တနေရာမှ အသာစီးမရပါဘူး။

ပဲခူးရိုးမတောင်ခြေက တိတ်ဆိတ်သွားတဲ့ ခေါင်းလောင်းသံ (အက်ဆေး)

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ဆရာက သူအားကြိုးမာန်တက် ထူထောင်ထားတဲ့ ကျောင်းလေးသတင်းကို ကျနော်မမေးဘဲ မက်ဆက်ဂျာကနေ ပြောတယ်။ ဖုန်းဆက်ပြောတာမဟုတ်လို့ သူ့အသံကို မကြားရပေမယ့် သူရေးထားတဲ့ စာသားမှာ ခံစားချက်တွေ အပြည့်ပါတာ မြင်သာတယ်။ “သွားပြီ ဆရာရေ။ ကျနော့်ကျောင်းလေး ခွေးတွေ မီးရှို့နေပြီဗျာ"

မြန်မာပြည်မှာ ဘာသာ၊ သာသနာဖျက်၊ လူသတ်နေတာ ဘယ်သူလဲ (အတွေးအမြင်)

တခွန်းတည်းပြောရရင် တိုင်းပြည်အနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ အကြံကုန်လို့ ဂဠုန်ဆားချက်ချင်နေတဲ့ လုပ်ရပ်ဆိုတာ အားလုံးသိပြီးသားပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တသိုက်ဟာ တိုင်းပြည်မှာရှိတဲ့ပြည်သူတွေကို ကိုယ်တိုင်သတ်ဖြတ်လို့ အားမရနိုင်တဲ့အဆုံး ဘာသာရေးမှိုင်းတိုက်ပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေချင်တဲ့ ဆန္ဒ၊ တိုင်းပြည်ကို ဒုက္ခတွင်း နက်သထက် နက်အောင်လုပ်ချင်နေတဲ့ ခြေလှမ်းဆိုတာ အကြိမ်ပေါင်းများစွာ ခံထားဖူးတဲ့ ပြည်သူတွေက အသိဆုံးပါ။

အသေများလာတဲ့ စစ်ကောင်စီတပ် ပျူစောထီးရှာဖို့ ပဲခူးတိုင်းထဲ ခြေဆန့်လာ (သတင်းဆောင်းပါး)

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ မြန်မာပြည်အနှံ့မှာ အသေအဆုံးများနေသလို ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာလည်း ဇန်နဝါရီလပထမထဲမှာ ဗိုလ်မှူးချုပ်တွေအပါအဝင် စစ်သားထောင်ချီကာ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ မြို့နယ်တွေက ပြည်သူတွေကို ခြိမ်းခြောက်ကာ ပျူစောထီးတပ်ဖွဲ့ထဲဝင်ရောက်ဖို့ အတင်းဓမ္မစေခိုင်းတာတွေ လုပ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးတွေလက်က ထွက်ပြေးလွတ်မြောက်လာတဲ့ သားအမိ (ဆောင်းပါး)

ဇီးဖြူကုန်းကျေးရွာထဲမှာ သူတို့မိသားစုအပေါ် ပျူစောထီးတွေက ယုံကြည်မှုမရှိဘဲ သံသယတွေနဲ့ အမြဲစောင့်ကြည့်နေကြတယ်။ တဖက်မှာ မိသားစုစားဝတ်နေရေးကလည်း ပိုမိုကျပ်တည်းလာတာကြောင့် ဒေါ်တင်တို့ မိသားစု ၄ ယောက်ဟာ ကျေးရွာကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်တင်ရဲ့သား ၃ ယောက်ဟာ အသက် ၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။

“လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားရမယ့်နှစ်ဖြစ်ပါတယ်” (ရုပ်သံဆောင်းပါး)

မြင်းခြံ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ၂၀၂၃ က သင်ခန်းစာတွေ၊ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ၂၀၂၄ မှာ အာဏာသိမ်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

“လက်နက်ရှိရင် တော်လှန်ရေးလုပ်လို့ရပြီဆိုတဲ့ အတွေးကနေ တော်လှန်ရေးလုပ်ရင် အလုံးစုံတည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အခြေအနေအထိ ကျနော်တို့အတွေးတွေ ပြောင်းလဲလာခဲ့တယ်”  (ရုပ်သံဆောင်းပါး)

ဧရာဝတီမြစ်အနောက်ဘက်ကမ်းလွတ်မြောက်ရေးနဲ့ ကပစ စက်ရုံတွေကို ပစ်မှတ်ထားတဲ့ People’s Revolution Alliance - PRA Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်ပြောတဲ့ ၂၀၂၃ အထိဖြတ်သန်းမှုနဲ့ ၂၀၂၄ ရည်မှန်းချက်

၂၀၂၃ အတွင်း မြေလတ်ဒေသမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ (သတင်းဆောင်းပါး)

စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များ တိုက်ပွဲအတွင်းအရေးနိမ့်သည့်အခါ ပစ်ကူပေးခြင်း၊ PDF များရှိသည်ဟုယူဆသည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အနီးရှိကျေးရွာများကို တိုက်ခိုက်ခြင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများရှိသည့် စခန်းနေရာနှင့် အဆောက်အဦများကိုတိုက်ခိုက်ခြင်းများတွင် လေကြောင်းကို အသုံးပြုခဲ့ကြသည်။

၂၀၂၃ အတွင်း စစ်ကောင်စီတပ် ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်း ၂၀၂၃ ခုနှစ်၌ စစ်ကောင်စီလက်အောက်ခံ စစ်တပ်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဖော်ပြလိုက်သည်။ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်များသည် စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအားကောင်းသည့် အဆိုပါ တိုင်းဒေသကြီး ၃ ခုမှ အများဆုံးဖြစ်ပြီး ၅ ဦးနှင့်အထက် တချိန်တည်း၊ တနေရာတည်း အသတ်ခံရသည့် သတ်ဖြတ်မှုများကို စုစည်းထားခြင်း ဖြစ်သည်။

သမိုင်းထဲက ဖယ်ဒရယ်နှင့် တိုင်းရင်းသားတန်းတူရေးဆိုင်ရာ သင်ခန်းစာများ

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ပြည်တွင်းစစ်မီးများသည် အမျိုးသားရေးတန်းတူညီမျှမှုမရှိဘဲ တခြားတိုင်းရင်းသားများအပေါ် ဗမာလူမျိုးအုပ်ချုပ်သူလူတန်းစားကသာ ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များပင်ဖြစ်သည်။

၂၀၂၃ အတွင်း မင်းအောင်လှိုင် ဖြုတ်ချခဲ့တဲ့ စစ်ဗိုလ်ချုပ်များ

၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ဗိုလ်ချုပ် ၁၀ ဦးထက်မနည်းကို ထောင်ဒဏ်ချမှတ်တာ၊ ထုတ်ပယ်အနားပေးတာနဲ့ နယ်ဘက်ပို့ဆောင်တာတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က လုပ်ဆောင်ခဲ့ပါတယ်။

လောက်ကိုင် လောင်းကစား ဘယ်ကိုရွေ့သွားနိုင်လဲ (အတွေးအမြင်)

ကာစီနိုလုပ်ငန်းတွေကတော့ သူတို့ရဲ့ ပစ္စည်းတွေကို သယ်သွားလို့မရတာကြောင့် လောက်ကိုင်မှာပဲ ထားခဲ့ကြရပြီး ရှမ်းမြောက်တိုက်ပွဲမတည်ငြိမ်သေးသ၍ သူတို့ဟာ လောက်ကိုင်ကို ပြန်လာပြီး လောင်းကစားလုပ်ငန်းကို လုပ်ကိုင်ကြဦးမှာ မဟုတ်ဘူးလို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။ “အကုန်လုံး ပြေးကုန်ပြီ။ အွန်လိုင်းကာစီနိုဆိုတဲ့ဟာ အကြီးကြီးက ၃၊ ၄ ခုလောက်ရှိတယ် တကယ့်ကာစီနိုပေါ့။ ကျားဖြန့်တို့၊ ဘာတို့မဟုတ်ဘူး။ တကယ့်အကြီးကြီးကိုပြောတာ။ " လို့ ဒေသခံတဦးက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10