မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားအစစ်က ဘယ်သူလဲ (အတွေးအမြင်)
မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ကာလမှာ စစ်တပ်ကလည်း တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို အကြမ်းဖက်စစ်အုပ်စုလို့ ခေါ်ကြတယ်။ ဒါကြောင့် ဒီနေရာမှာ ဘယ်သူက အကြမ်းဖက်သမားအစစ်လဲဆိုတာ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်ပါ။