ကင်းလှည့်ထွက်တဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံးပြီး သေနတ် ၇ လက်ကို သိမ်းဆည်းခဲ့

ကင်းလှည့်ထွက်တဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံးပြီး သေနတ် ၇ လက်ကို သိမ်းဆည်းခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးမှာ ခြေလျင်လှည့်ကင်းထွက်တဲ့ ရဲအဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရာမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

မေ ၂ ရက် ညနေ ၃ နာရီခန့်မှာ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကနေ ရဲအင်အား ၇ ဦးဟာ ပန်းတိုင်းခြုံကျေးရွာ သွားလမ်းအတိုင်း ခြေလျင်ကင်းလှည့်နေချိန်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"ပန်းတိုင်းခြုံဂိတ်က အဖွဲ့တွေ ထွက်လာတာကို သတင်းရလို့စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကုန်သေကုန်တယ်။ ပြန်ပစ်ချိန်တောင် မရလိုက်ဘူး"လို့ ရေစကြိုအခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အဆိုပါပစ်ခတ်မှုအတွင်း ရဲအရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၇ လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီနေရာတဝိုက်ကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ ရောက်နေပြီး စစ်ဆေးရှာဖွေတာတွေလုပ်ကာ ပန်းတိုင်းခြုံကျေးရွာကို မီးရှို့နေတယ်လို့ အထက်ပါတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဘက်က ရွာကိုမီးရှို့နေလို့ နေအိမ် ၃၀ လောက် မီးလောင်ကျွမ်းနေပြီး ဒေသခံတွေလည်း ရွာကနေထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #တိုက်ခိုက် #သေဆုံး #လက်နက်သိမ်းဆည်း #ပဋိပက္ခ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10