သတင်းတို

ပွင့်လင်းရွာတိုက်ပွဲမှာ ဗိုလ်အဆင့်ရှိတဲ့အရာရှိ ၂ ဦးသေ၊ ၁၅ ဦးထက်မနည်းဒဏ်ရာရဟုဆို

“သူတို့‌ဖောကားပေါ်ကို နာနတ်သီး ၁ လုံးပစ်ထည့်ခဲ့တာ။ရှေ့ကကားကိုတော့ ပစ်မထည့်ဘူး။ နောက်ကလာတဲ့ ဖောကား ၁ စီးပေါ်ကို နာနတ်သီးပစ်ထည့်တာမှာ ပေါက်ကွဲတာ။ တော်တော်ပြင်းထန်လိုက်တယ်ပေါ့နော်။ သူတို့ဘက်ကလည်း ပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ ဖောကား ၂ စီးနဲ့ပြန်လာတာ။ ကျနော်တို့သိရတာက ဝါဇီတပ်က စစ်သားတွေပါ။ သေသွားတဲ့ဗိုလ်ကလည်း ဝါဇီတပ်က ဗိုလ်လို့သိရတယ်။ ဗိုလ်အဆင့်ရှိတဲ့ အရာရှိ ၂ ဦးသေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်။”

အဆိုတော်မာရဇ္ဇ ရဲ့ နောက်ဆုံးခရီး (ရုပ်/သံ)

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ နောက်ဆုံးခရီး စျာပနအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် ဒီကနေ့မှာ ရန်ကုန်မြို့ ရေးဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။

မုံရွာမြို့တော်ခန်းမက စစ်ကောင်စီတပ်သားတဦး ဘက်ပြောင်းခိုလှုံ

“ကျနော်တို့ကို လှမ်းဆက်သွယ်တာတော့ အဲ့နေ့မနက်ခင်းကပါပဲ သွားခေါ်တာ၊ မြို့ထဲထိသွားရတာဆိုတော့ နည်းနည်းလေးတော့ အန္တရာယ်ရှိတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အထောက်တွေနဲ့ သေချာချပြီးတော့သွားတာပေါ့လေ။ သူ့ရဲ့လှုပ်ရှားမှုကိုလည်း ကျနော်တို့ အဆင့်ဆင့်စောင့်ပြီးမှခေါ်လာရတာ။”

ရေကြည်ဦး PDF စစ်ဆေးရေးဂိတ်ဟောင်း ဒရုန်းဗုံးသီးချခံရလို့ ခရီးသွား ၅ ဦးထိခိုက်ဒဏ်ရာရ

"ကျောက်ဆည်ကန်ပျူရွာကနေ ဒရုန်းလွှတ်တာ။ ဗုံးလာချတဲ့နေရာက မီတာ ၁၀,၀၀၀ လောက်ရှိမယ်။ သူတို့က လမ်းပေါ်ချတာဆိုတော့ ဖြတ်သွားဖြတ်လာကားတွေပေါ်ကျတာ။ ထိတဲ့သူတွေထဲက အမျိုးသမီး ၁ ယောက်ကတော့ စိုးရိမ်ရတယ်။"

ကျေးရွာပေါင်း ၇၀ ကျော်ကို စလင်းပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

"ကျနော်တို့ စိုးမိုးနယ်မြေမှာ ရွာပေါင်း ၈၀ ဝန်းကျင်ရှိ‌နေပြီးတော့ ဆေးဝါးဝန်ဆောင်မှုကို‌နယ်မြေရောက်ပြီး မကြာခင်မှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ၂၀၂၄ နိုဝင်ဘာလထဲမှာ ဆေးဝါးအပတ်စဉ် ၁ သင်တန်းအောင်မြင်စွာသင်တန်းဆင်းပေးခဲ့ပြီးတော့ ဆေးဝါးကျွမ်းကျင်သင်တန်းသားတွေနဲ့ အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်"

စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမှာ "မန်းမြေက အရှိန်မပျက် လူထုတိုက်ပွဲ" ပြုလုပ်

"မြို့ပေါ်မှာ ကျွန်တော်တို့ သပိတ်အင်အားစုတွေအနေနဲ့ ရရာနည်းနဲ့ ဆက်လက်လှုပ်ရှားမှုတွေပြုလုပ်နေသလို မြို့နေလူထုအနေနဲ့လည်း သွေးမအေးဖို့၊ အတူတူရုန်းပြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုပါ။ စကစဘက်က လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေ အခက်ခဲတွေအများကြီးကြားက လုပ်ခဲ့ရတာပါ။"

လက်ဝဲမြင်းနီရွာ လေကြာင်းတိုက်ခိုက်ခံရလို့ နေအိမ် ၈ လုံးပျက်စီး

“နေအိမ် ၃ လုံးကတော့ ဘယ်လိုမှနေလို့မရတော့ဘူး၊ တော်တော်ပျက်စီးသွားတာ။ အမျိုးသမီး ၁ ယောက်ကတော့ မှန်စလေးပဲထိသွားတယ်။ အဲ့နားမှာ စျေးဆိုင်ရှိတယ်၊ စျေးဆိုင် ကံကောင်းတာ။ စျေးဆိုင်ဘက်ကျရင်တော့ တော်တော်သေတာပေါ့၊ အဲ့မှာက စျေးဝယ်သူတွေများတယ်။”

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဓားပြတိုက်ခံရ

" ကျနော်တို့သိရသလောက်က ဌာနပိုင်ကားတွေ ပါသွားတယ်။ လူတော့မပါဘူး။ ငွေနည်းနည်းလပါသွားတယ်။ ကားနဲ့မောင်းဝင်လာပြီး လက်နက်နဲ့ဝင်ချလာတာဆိုတော့ ဓားပြဝင်တိုက်တာဖြစ်နိုင်တယ်။"

ဝါဇီငွေစက္ကူစက်ရုံနဲ့ အနီးရှိအထိုင်စခန်းတွေကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်

“လက်ရှိကျနော်တို့ ကနဦးသတင်းရတာတော့ ဝါဇီစက်ရုံထဲမှာရှိတဲ့ အဆောက်အဦတွေ ထိမှန်ပျက်စီးတယ်၊ အထိုင်တပ်စခန်းတွေ ဒရုန်းနဲ့ဗုံးကြဲချတာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်ရှိပြီး သေဆုံးမှုလည်းရှိတယ်၊ အရေအတွက်တော့အတိအကျမသိရသေးဘူး။”

စနိုက်ပါကျည်ထိပြီး ကျဆုံးခဲ့တဲ့ BLDF ရဲဘော်ကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

ကျဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဇင်မျိုးလင်း (ခ) လင်းယုန်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေချိန် စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ပေါက်ခေါင်းမှာ ပြည်သူ့စစ်သင်တန်းဆင်းတဦး ပစ်သတ်ခံရ

“တောထဲမှာ ကျနော်တို့စခန်းနားထိလာပြီး သတင်းယူနေလို့ သေနတ်နဲ့ပစ်သတ်ခဲ့တာ။ ကိုယ့်စခန်းနား ဆိုတော့ ကိုယ်ပဲမြေမြှုပ်လိုက်ရတယ်။“

ရွှေရောင်ကောင်းကင်ပိုင်ရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန် (ရုပ်/သံ)

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဂီတအနုပညာရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။

ငါန်းဇွန်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

“မိုင်းကွင်းထဲကို ဝင်လာတာက ၄ ကောင်ဝင်လာတယ်။ ၄ ကောင်ကတော့ အတုံးအရုန်းလဲသွားတယ်။ ချက်ခြင်းကြီးတော့ မသေဘူး။ မသေမရှင်ဖြစ်ပြီးတော့ မြို့သာဆေးရုံကို ပို့လိုက်တယ်။ ထိချက်က ပြင်းတော့ သေဖို့က များတယ်”

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အကျဉ်းသား ၆၀ ကျော်ရှိနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိ

“အထူးသဖြင့် ထောင်ကကျွေးတဲ့ အစားအသောက်တွေကို ပြန်လည်စိစစ်ဖို့ လိုအပ်တယ်၊ သောက်သုံးရေတွေကို ပြန်လည်စိစစ်ဖို့ လိုအပ်တယ်။”

သံဃာတွေလိုက်ပါတဲ့ ပုဂံဘုရားဖူးပြန် ကား ၁ စီး လမ်းဘေးထိုးကျ၊ သံဃာ ၃ ပါး ဒဏ်ရာရ၊ ၂ ပါး စိုးရိမ်ရ

" ကားက နောက်ဘီးပေါက်ပြီး ကားလမ်းဘေး မြောင်းထဲထိုးကျသွားတာ။ ကားပေါ်ပါ သံဃာ ၂ ပါးကတော့ စိုးရိမ်ရတယ်။ ၁ ပါးကတော့ နည်းနည်းပါးပါးပဲထိတယ်။ ယာဥ်မောင်းကတော့ ဘာမှမဖြစ်ဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10