စစ်ရှောင်

ချောင်းဦးနဲ့မုံရွာကို တညတည်း ဗုံးအလုံးရေ ၅၀ ကျော်ကြဲ၊ ကလေး ၃ ဦးပါ ၉ ဦးသေဆုံး

“ကလေး ၂ ယောက်သေတယ်။ သက်ကြီးရွယ်အို ၁ ယောက်သေတယ်။ ကျနော်တို့နား ချသွားတာတော့ ၄ လုံး၊ ကျနော်တို့လည်း တညလုံး ကတုတ်ကျင်းထဲမှာပဲ အိပ်နေရတာ။ ဗုံးအလုံးရေကတော့ စုစုပေါင်း ၁၂ လုံးထက်မနည်းရှိမယ်။ မနေ့ညက ဘေးနားကျတာ ကတုတ်ကျင်းထဲမို့သာ အစာတွေ(ဗုံးသီးအစတွေ)က ဝှီးကနဲ ဝှီးကနဲပဲ။ ခုလည်း ပြန်ပတ်လာနေပြီ Y12။”

တိုက်ပွဲဖြစ်ပြီးနောက် အုန်းတောရွာကိုမီးရှို့နေလို့ ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရ

"သူတို့(စကစ)ဘက်က ရောက်လာပြီးတော့ လက်နက်ကြီးအရင်ထောက်တယ်(ပစ်ခတ်တယ်)။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက်ထိတွေ့ဖြစ်တယ်။ ပြီးမှ ရွာကိုဝင်မီးရှို့တာ။ စစ်ကြောင်းကတော့ ရွာထဲမှာရှိနေတုန်း။"

ရွှေဘိုနယ် ဆိပ်သာကျေးရွာကို လက်နက်ကြီးကျလို့ သားအမိ ၂ ဦးဒဏ်ရာရ

"လက်နက်ကြီးတွေက ရွာနားနဲ့ရွာထဲကို ကျရောက်ပေါက်ကွဲတော့ သားအမိ ၂ ဦးမှာ မိခင်ကတော့ လက်အဖျားလေးထိတယ်။ သားကတော့ ခြေထောက်ကိုမှန်တယ်။ ကံကောင်းတယ်ပြောရမယ် စစ်ရှောင်ပြည်သူတွေနေတဲ့နေရာ မကျလို့။ ထိခိုက်တဲ့သားအမိကလည်း ရွာထဲမှာပဲရှိနေချိန် ထိတာ။"

ပဲခူးရိုးမထဲ ကြားဖြတ်တိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုများလို့ ရွာကိုမီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ဆို

" ကျနော်တို့အဖွဲ့လက်ချက်နဲ့ ** ၆ ကောင်သေ ၁၅ ကောင်ဒဏ်ရာရပြီး စစ်ကြောင်းတဝက်ပြုတ်သွားလို့ အထိနာတာကြောင့် ပြည်သူအိမ်တွေမီးရှို့တယ်လို့ ယူဆပါတယ်။ အဓိကတော့ PDF မနိုင်လို့ ပြည်သူမဲတာပါ။"

မြိုင်မှာ စစ်ကြောင်းထိုးလာလို့ထွက်ပြေးရာက သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး၊ ၃ ဦး ဖမ်းဆီးခံရ ■ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ မီးရှို့ခံခဲ့ရပြီး ကျပ်သိန်းရာချီဆုံးရှုံးတယ်လို့ဆို

“ သူကအသက်ကြီးတာဆိုတော့ စိတ်လှုပ်ရှားတာရော၊ အအေးမိတာရော၊ ကြောက်တာရော အဲလိုမျိုးအကုန်လုံးရောပြီးတော့ ရှော့ဖြစ်သွားပြီးတော့မှ ဆုံးသွားတယ်။ အကုန်လုံးကလည်း စစ်ရှောင်တွေချည်းပဲ ဖြစ်နေတဲ့အတွက် ဓလေ့ထုံးစံတွေအရ မလုပ်ခဲ့နိုင်ဘူးပေါ့နော်။ ဒီအတိုင်းပဲချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်။”

စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ချိန် အငြိမ်းစား ဗိုလ်မှူးကြီးရဲ့ ဆိုင်အပါ နေအိမ် ၄ လုံး ပျက်စီး ■ သံဃာ ၁ ပါးနဲ့ အရပ်သား ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရ

"စကစဘက်က Mi 35 နဲ့ ပထမတခါ ရွာပတ်ပတ်လည်ကို စက်လက်နဲ့ ကုတ်(ပစ်)တယ်။ နောက်တခါကျတော့ ဂျက်ဖိုက်တာနဲ့ တက်လာပြီးတော့မှ အုတ်ကျောင်းတိုက်ကို ပစ်တယ်။ "

ပုလဲမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၄၀ ကျော်ကို စောင်ထောက်ပံ့

“ကျနော်တို့ နွေ၊ မိုး၊ ဆောင်း အဆင်ပြေအောင်လို့ စောင်တွေ သွားလှူပေးတာ၊ ကျနော်တို့ အိမ်ထောင်စု ၄၂ စုကို သွားရောက်လှူဒါန်းပေးခဲ့တာ၊ ၉ သိန်းခွဲဖိုးလောက်ရှိတယ်ဗျ၊ မနှစ်ကကတည်းက စစ်ဘေးရှောင်နေကြရတာ၊ အခုကျမှ စစ်ဘေးရှောင်သီးသန့်ဆိုပြီး နေရာတွေရှိတာ၊”

ပွင့်ဖြူမှာတိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့နဲ့ အရပ်သားတွေသေဆုံးမှုရှိကာ အိမ်ခြေရာနဲ့ချီမီးလောင် ■ ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ

“ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရော့ကတ်တွေနဲ့ ထုတယ်။ မီးလောင်ဗုံးတွေနဲ့ ကြဲတယ်။ မဒဲမြောက်ရွာကိုကျပြီး ၃ ပုံ ၂ ပုံနေအိမ်တွေ မီးလောင်သွားပါတယ်။ ရှိသမျှ ကား၊ ဆိုင်ကယ်၊ အိမ်၊ တိုက်၊ သိုလှောင်ထားတဲ့ ဆန်၊ စပါး၊ ငရုပ်၊ ကြက်သွန်တွေ ဆုံးရှုံးပါတယ်။”

စစ်ရှောင်တွေ နေတဲ့နေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ကလေးအပါ ၉ ဦးသေဆုံး

“ကလေးတွေရော ခြေပြတ် ခေါင်းပြတ်တွေရော၊ စစ်ရှောင်တွေ နေကြတဲ့နေရာကို ကျတာ၊ စစ်ရှောင်စခန်းကျတာက ဆိုးတာ အသေအပျောက်က၊ တချို့က အရင်ရက်ထဲက လေကြောင်းသတင်းရလို့ ရှောင်ကြတယ်။”

ဆိပ်ဖြူမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၈,၀၀၀ ကျော်ထွက်ပြေးနေ ■ ဒေသခံ ၁၅ ဦးလည်း ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာနဲ့ ညောင်ဂွေးဝကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကျေးရွာပေါင်း ၇၀ ကျော်ကို စလင်းပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

"ကျနော်တို့ စိုးမိုးနယ်မြေမှာ ရွာပေါင်း ၈၀ ဝန်းကျင်ရှိ‌နေပြီးတော့ ဆေးဝါးဝန်ဆောင်မှုကို‌နယ်မြေရောက်ပြီး မကြာခင်မှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ၂၀၂၄ နိုဝင်ဘာလထဲမှာ ဆေးဝါးအပတ်စဉ် ၁ သင်တန်းအောင်မြင်စွာသင်တန်းဆင်းပေးခဲ့ပြီးတော့ ဆေးဝါးကျွမ်းကျင်သင်တန်းသားတွေနဲ့ အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်"

ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရုတ်ပိုင်ဝမ်ပေါင် ကုမ္ပဏီ အတွင်းဝင်လာတဲ့ ကုမ္ပဏီယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား

“သူတို့က ဘယ်လိုအခက်တွေနဲ့ စစ်ဘေးရှောင်လာရတာလည်းဆိုရင် စစ်တပ်ကင်းစခန်းနဲ့ ကျနော်တို့ ကြားထဲမှာ ပြည်သူတွေကကြားညပ်နေတာ၊ သူတို့က တောထဲမှာတဲတွေထိုးပြီးနေရတာ။ အဲ့ဒါကို ကျနော်တို့က သွားပြီးကယ်ထုတ်ခဲ့တာ။ သူတို့မှာဈေးဝယ်လို့လည်း အဆင်မပြေ၊ ဒုက္ခတွေ ရောက်နေလို့ ကျနော်တို့ဘက်ကို အကုန်‌လုံးခေါ်ခဲ့တော့တာ။”

ပျူစောထီးတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ငွေတွင်းရွာက ပြည်သူ ၄ ပုံ ၃ ပုံ PDF ဆီ ထွက်ပြေးခိုလှုံ

အရာတော်မြို့နယ်အတွင်းက ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေတွင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူ ၃,၀၀၀ နီးပါးရှိပြီလို့ လက်ခံပေးထားတဲ့ PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ရွှေဘို ကင်းဗျားရွာမှာ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းနဲ့နေအိမ်တချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နေအိမ်နဲ့စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သွားတယ်လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10