လက်တကမ်းကျန်းမာရေး

“ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်းအတွက် ခရမ်းကစော့” (Podcast)

ခရမ်းကစော့သီးဟာ ကိုယ်ဝန်ဆောင်တွေအတွက်ဘယ်လိုအကျိုးပြုပါသလဲ။ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း လျော့ပါးစေဖို့ ခရမ်းကစော့သီးကိုဘယ်လိုစားသုံးရမလဲ။ ရေယုန်ရောဂါ အတွက်ခရမ်းကစော့ပင်ရဲ့ဘယ်အစိတ်အပိုင်းကို အသုံးပြုရမလဲ။ ခရမ်းကစော့မှာရော ဘေးထွက်ဆိုးကျိုးရှိသလား စတာတွေကို နားဆင်ရမှာပါ။

“အိပ်မပျော်ခြင်းပြဿနာ” (Podcast)

အိပ်မပျော်ခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ အိပ်မပျော်ခြင်းပြဿနာရင်ဆိုင်လာရရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။ အိပ်မပျော်ခြင်းကိုကုသနိုင်တဲ့ လက်တကမ်းကဆေးဝါး ဓာတ်စာတွေက ဘာတွေလဲ။ အိပ်မပျော်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေဟာ ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

“အူမကြီးကင်ဆာမဖြစ်အောင် ဟန့်တားပေးနိုင်တဲ့ ချဉ်ပေါင်” (Podcast)

ချဉ်ပေါင်ပင်ရဲ့ဘယ်အစိတ်အပိုင်းတွေကို ဆေးဘက်ဆိုင်မှာအသုံးပြုလို့ရသလဲ။ ချဉ်ပေါင်ပွင့်လဘက်ခြောက်ကို ပုံမှန်သောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။ အူမကြီးကင်ဆာကိုကာကွယ်ဖို့ ချဉ်ပေါင်စေ့ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ချဉ်ပေါင်ပင်မှာရော ဘေးထွက်ဆိုးကျိုးရှိသလား စတာတွေကို နားဆင်ရမှာပါ။

“ရေကြီးရေလျှံချိန်မှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာများ” (Podcast)

ရေကြီးရေလျှံချိန်မှာ ဘယ်လိုရောဂါတွေအဖြစ်များပါသလဲ။ ရေကြီးရေလျှံချိန်မှာ ကျန်းမာရေး ကောင်းမွန်စေဖို့ ဘယ်လိုနေထိုင်ရမလဲ။ ရောဂါဝေဒနာတွေဖြစ်လာရင် ဘယ်လိုပြုစုကုသလို့ရမလဲ စတာတွေကို နားဆင်ရမှာပါ။

“မျက်စိကျန်းမာရေးကို အကျိုးပြုတဲ့ သီဟိုဠ်သရက်ပင်” (Podcast)

အာရုံကြောရောဂါတွေကို သီဟိုဠ်စေ့က ဘယ်လိုကာကွယ်နိုင်သလဲ။ သီဟိုဠ်စေ့မှာ ဘယ်လို အာနိသင်တွေပါဝင်ပါသလဲ။သီဟိုဠ်ရွက်ဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲစတာတွေကို နားဆင်ရမှာပါ။

“နားအူနားကိုက်ခြင်းအတွက် နာနတ်” (Podcast)

နာနတ်ဟာ မီးလောင်ဒဏ်ရာ အရေပြားသေတွေကို ဘယ်လိုလျော့ကျစေသလဲ။ နာနတ်ရွက် လက်ဖက်ရည် နံနက်တိုင်းသောက်သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ အနာကျက်မြန်စေဖို့ နာနတ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းက လုပ်ဆောင်နိုင်သလဲ။ နာနတ်သီးမှာ ဘယ်လိုဓာတ်တွေ ပါဝင်ပါသလဲ စတာတွေကို နားဆင်ရမှာပါ။

“မူးဝေမောပန်း အိပ်မပျော်ခြင်းအတွက် ကြက်သဟင်းပင်” (Podcast)

ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းနာကျင်တာတွေသက်သာဖို့ ကြက်သဟင်းရွက်ကို ဘယ်လို စားသုံးသင့်သလဲ။ ကြက်သဟင်းရွက်သတ္တုရေဟာ အမျိုးသားတွေအတွက် ဘယ်လိုအကျိုးရှိစေလဲ။ အရေပြားကျန်းမာရေးအတွက် ကြက်သဟင်းရွက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြက်သဟင်းပင်ရဲ့ဘယ်အစိတ်အပိုင်းကို အသုံးပြုနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

“စိတ်ဓာတ်ကျ စိုးရိမ်ပူပန်မှုကိုလျော့ကျစေတဲ့ တရော်” (Podcast)

သံဓာတ်ချို့တဲ့တဲ့အခါ တရော်ပင်ရဲ့ဘယ်အစိတ်အပိုင်းကို စားသုံးပေးရမလဲ။ တရော်သီးဖျော်ရည်ဟာ ဘယ်လိုမျိုးရောဂါဝေဒနာတွေကို သက်သာစေသလဲ။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ဖို့ တရော်ရွက်ကို ဘယ်လိုစားသုံးသင့်သလဲ။ တရော်ပင်ရဲ့အစိတ်အပိုင်းတွေကို အလွန်အကျွံစားသုံးမိရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်စေသလဲစတာတွေကို နားဆင်ရမှာပါ။

“သွေးအန်၊ သွေးလျှံခြင်းတို့အတွက် မာလကာ” (Podcast)

မာလကာရွက်သတ္ထုရေဟာ ဘယ်ရောဂါတွေကိုသက်သာစေသလဲ။ အူတွင်းအန္တရာယ်ရှိပိုးမွှားတွေကို မာလကာက ဘယ်လိုရှင်းလင်းပေးနိုင်သလဲ။ သွားကိုက်၊ သွားနာရောဂါတွေအတွက် မာလကာရွက်အရေဟာ ဘယ်လိုအသုံးဝင်သလဲ။ ဦးရေပြားကျန်းမာရေးအတွက် မာလကာပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

“ဒူလာ၊ အကြောတက်ရောဂါများအတွက် တောင်ဇလပ်” (Podcast)

တောင်ဇလပ်ရွက်ပြုတ်ရေက ဘယ်လိုရောဂါတွေကိုသက်သာစေသလဲ။ သွေးတွင်းမကောင်းတဲ့အဆီ လျော့ကျစေဖို့ တောင်ဇလပ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းကိုအသုံးပြုလို့ရသလဲ။ တောင်ဇလပ်ပွင့်ဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချပေးနိုင်သလဲ။ တောင်ဇလပ်ပင်ကို ဘယ်သူတွေ ရှောင်ကျဉ်သင့်သလဲ စတာတွေကို နားဆင်ရမှာပါ။

“ခေါင်းတခြမ်းကိုက်နေသလား” (Podcast)

ခေါင်းတခြမ်းကိုက်ရောဂါဟာ ဘာတွေကြောင့်ဖြစ်စေတာလဲ။ ခေါင်းတခြမ်းကိုက်ခြင်းသက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ငြုတ်သီးခြောက်နဲ့ နနွင်းမှုန့်ဟာ ခေါင်းတခြမ်းကိုက်ခြင်းသက်သာစေဖို့ ဘယ်လိုအထောက်အကူပြုသလဲ။ ခေါင်းတခြမ်းကိုက်တဲ့အခါမှာ စားသောက်သင့်တဲ့အသီးအနှံတွေဟာ ဘာတွေလဲစတာတွေကို နားဆင်ရမှာပါ။

“အရိုးပွခြင်းကိုကာကွယ်နိုင်တဲ့ ကနစိုး” (Podcast)

ကလေးငယ်နဲ့အရွယ်ရောက်ပြီးသူတွေ ကနစိုးသီးကို ဘယ်လိုစားသုံးသင့်သလဲ။ ကနစိုးသီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ အဆစ်အမြစ်ရောင်ရမ်းခြင်း အတွက် ကနစိုးပင်ရဲ့ ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

“အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ မုန်လာဥဖြူပင်” (Podcast)

သွေးအားနည်းသူများ မုန်လာရွက်ကိုဘယ်လိုသုံးစွဲပေးသင့်သလဲ။ ကင်ဆာရောဂါတွေကို ဟန့်တားထိန်းချုပ်နိုင်အောင် မုန်လာဥဖြူကို ဘယ်လိုစားသုံးရမလဲ။ မုန်လာဥဖြူကို ဆီးချိုဝေဒနာရှင်တွေ ဘာကြောင့်စားသုံးသင့်သလဲ။ မုန်လာဥဖြူမှာ အသည်းကိုကျန်းမာစေတဲ့ဓာတ် ဘယ်နှမျိုးပါဝင်သလဲစတာတွေကို နားဆင်ရမှာပါ။

”မွေးကင်းစကလေး ဗိုက်နာ၊ ဝမ်းလျှောခြင်းကိုသက်သာစေတဲ့ ပိတောက်” (Podcast)

အခုတပတ် လက်တကမ်း ကျန်းမာရေးအစီအစဉ်မှာ ”မွေးကင်းစကလေး ဗိုက်နာ၊ ဝမ်းလျှောခြင်းကိုသက်သာစေတဲ့ ပိတောက်”အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10