မသန်စွမ်း

သေရွာ ၂ ခါ ပြန် ရဲဘော်တဦးရဲ့ တော်လှန်ရေးအပေါ် မလျှော့တဲ့ ဇွဲ

လူငယ်သူရဲကောင်းတပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်သလို ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးလည်းဖြစ်တဲ့ ကိုဗလဟာ တော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ထိ သေဘေးကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကျမသွားဘဲ ရရာနေရာက ဆက်လက်တော်လှန်နေဆဲပဲ ဖြစ်ပါတယ်။

သူငယ်ချင်းဖြစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ ရဲဘော် ကိုတွင်ခုံ (ရုပ်/သံ)

အဲ့ဒီနေ့က ဗိုလ်လရောင်ကျဆုံးပြီး ရဲဘော်တွင်ခုံလည်း သေနတ်ဒဏ်ရာအပြင် ကားနဲ့ပါတိုက်ခံထားရလို့ လွတ်အောင်မပြေးနိုင်တော့တဲ့ အခြေအနေမှာ မုံရွာ ပျောက်ကြား၂ဖွဲ့က သူ့ကိုကယ်ထုတ်သွားခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ အရင်ကတော့ သူတို့ ၂ယောက်တူတူ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေ၊ လက်နက်ထုတ်လုပ်ရေးတွေမှာ တူတူလုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ရဲဘော် တွင်ခုံတယောက်တည်း ဂျိုင်းထောက် နှစ်ချောင်းနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10