သေရွာ ၂ ခါ ပြန် ရဲဘော်တဦးရဲ့ တော်လှန်ရေးအပေါ် မလျှော့တဲ့ ဇွဲ

လူငယ်သူရဲကောင်းတပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်သလို ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးလည်းဖြစ်တဲ့ ကိုဗလဟာ တော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ထိ သေဘေးကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကျမသွားဘဲ ရရာနေရာက ဆက်လက်တော်လှန်နေဆဲပဲ ဖြစ်ပါတယ်။

 

ကိုဗလဟာ အင်ဂျင်နီယာကျောင်းဆင်း တယောက်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ Company ဝန်ထမ်းအဖြစ်ကနေ အာဏာသိမ်းမှုကြီးကြောင့် သူ့ရဲ့ လူငယ်အိပ်မက်တွေကို လွှတ်ချရင်း တိုင်းပြည်အတွက် ဘဝတခုလုံးပေးဆပ်ကာ အိပ်မက်အသစ်တွေနဲ့ ဘဝတဆစ်ချိုး ပြောင်းလဲလာခဲ့ရပါတယ်။

 

တော်လှန်ရေးမပြီးခင် ငါသေလို့ မဖြစ်ဘူးလို့ ခံယူထားတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်လေးတယောက်ဟာ သေရွာကနေ ၂ ခါပြန်လာနိုင်ခဲ့ပြီး တော်လှန်ရေးကို ဆက်လုပ်သွားဖို့ ရှိနေတဲ့အတွက် သူ့ကို သေခွင့်မပေးသေးဘူးလို့ ယုံကြည်ထားရင်း နှစ် ၇၀ ကျော် အာဏာရှင် စစ်တပ်ကို သူမသေမချင်း ဆက်ပြီးခုခံနေမှာပဲ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ယင်းမာပင် #တပ်ရင်း၁ #သေရွာပြန် #ရဲဘော် #အင်ဂျင်နီယာ #လူငယ် #ကိုဗလ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10