ခရီးသွားဆောင်းပါး

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၄)

အာရက္ခတပ်တော် (AA) က အမတ ၃၇၇ တပ်ရင်းကို ထိုးစစ်ဆင်တိုက်တဲ့ ဒုတိယမြောက်နေ့မှာ စစ်ကောင်စီ တပ်သားတွေဟာ တပ်ရင်းရှိလက်နက်တိုက်ကို ဓာတ်ဆီလောင်းမီးရှို့တာ၊ အမြောက်လက်နက်ကြီး ဟောင်ဝစ်ဇာအပါအဝင် တာဝေးပစ်အမြောက် အကုန်လုံးနီးပါးကို အသုံးပြုပစ်ခတ်လို့မရအောင် ဖျက်ဆီးမှု ပြုလုပ်ပြီး ခမရ ၅၃၉ တပ်ရင်းထဲကို အားကိုးတကြီးနဲ့ ထွက်ပြေးခဲ့ကြတယ်။

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၃)

မြို့ထဲသို့ တုတ်တုတ်ယာဉ် စဝင်ချိန်မှာတော့ ကျနော့်ကို “တပ်ရင်းထဲကနေ စနိုက်ပါနဲ့ လှမ်းပစ်မလား။ စက်လတ်တွေနဲ့များ လှမ်းပစ်မလား” ဆိုပြီး ကြောက်စိတ် အတွေးက စိုးမိုးမင်းမူနေပါတော့တယ်။ တုတ်တုတ်ယာဉ်ကတော့ လမ်းကြိုလမ်းကြားတွေထဲမှာ မောင်းနှင်လို့ပါ။

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၂)

ငါးဖမ်းလှေငယ်တွေ ရှိ၊ မရှိကို ကြည့်တာပါ။ မြစ်တလျှောက်မှာ ငါးဖမ်းလှေငယ်တွေကို မတွေ့မြင်ရဘူးဆိုရင် စစ်ကောင်စီNavyသင်္ဘောက မြစ်ထဲဝင်ရောက်နေတယ်ဆိုတဲ့ သဘောပါ။ မြစ်မှာ Navy ရောက်ရှိနေတယ်ဆိုရင် ငါးဖမ်းထွက်တဲ့လှေငယ်တွေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာကြောင့် တံငါသည်တွေ ငါးဖမ်းမထွက်ကြတော့ပါဘူး။ အခုတော့ မြစ်တလျှောက်မှာ ကိုယ်တော်မြတ်တံငါသည်တွေက လှေကိုယ်စီနဲ့ ငါးဖမ်းနေတာကို တွေ့မြင်ရတော့ ကျနော်တို့စက်လှေဟာ ကုလားတန်ဖြစ်ကို ဖြတ်ကျော်လို့ လိုရာခရီးကို မောင်းနှင်ပါတော့တယ်။

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၁)

စစ်သားတဦးက ကျနော့်ရဲ့ ဖုန်းနဲ့ မှတ်ပုံတင်ကဒ်ကို ယူပြီးစစ်တယ်။ စစ်သားက “ခင်ဗျား စစ်တွေကို ဘာလုပ်ဖို့သွားလဲ” ဆိုပြီး မေးရင်း ကျနော့် လက်ကိုင်ဖုန်းထဲက ဓာတ်ပုံတွေကို တပုံချင်းစီး ကြည့်ပါတယ်။ ဓာတ်ပုံတွေကို တပုံချင်ရွှေ့ကာ စစ်ကြည့်နေတဲ့ စစ်သားက “မင်း ငါ့အနားကိုလာခဲ့” လို့ ဆိုတယ်။ ကျနော်ကလည်း စစ်သားအနီးကိုသွားပြီး ဘေးချင်းကပ်ကာ ရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ စစ်သားက ဖုန်းကို ကျနော့်မျက်နှာအနီးကိုကပ်ပြပြီး “ဒါ မင်းရိုက်ထားတဲ့ပုံလား” လို့ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။ စစ်သားပြတဲ့ဓာတ်ပုံကို ကြည့်လိုက်တော့....

အညာစစ်တွင်း ခရီးသည် (ခရီးသွားဆောင်းပါး)

အညာဒေသကို ခရီးထွက်မယ်ဆိုတော့ စာရေးသူအတွက် စွန့်စားခန်းတခုလိုပါပဲ။ သွားရာလမ်းတလျှောက်မှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်သလို မီဒီယာတွေပေါ်မှာ အမြဲတွေ့နေရတဲ့အညာဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်လို့ စစ်ကြောင်းတွေ ဝင်ထွက်နေတာကြောင့် အချိန်မရွေး ကိုယ်တိုင် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

စစ်တွင်းကာလ တွေ့မြင် ကြားသမျှ ကုန်ကားသမားဘဝ

မြေလတ်အသံက တင်ဆက်ခဲ့တဲ့ "စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ" ဆောင်းပါးကို ရုပ်သံအဖြစ် ပြန်လည်တင်ဆက်ပေးထားပါတယ်။

စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ

ဒီကာလကြီးမှာ ကားမောင်းရတာ ကျနော်တို့ ကားဆရာတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်ဗျာ။ ကားမောင်းရင်း တိုက်ပွဲနဲ့ကြုံလို့ ကားအောက် ဝင်ပုန်းခဲ့ရတဲ့အချိန်တွေ၊ ရှေ့မှာတိုက်ပွဲဖြစ်လို့ လမ်းပိတ်ပြီး ထမင်းငတ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ နောက်ပြီး စစ်ကြောင်းရှိတာ မသိဘဲ သွားမိလို့ တိုက်ပွဲဖြစ်တဲ့အခါ တိုက်ပွဲကြားညပ်ပြီး လက်နက်ထိဆုံးသွားတဲ့ ကားဆရာတွေ၊ စစ်ကောင်စီတပ်က ကားချောဆွဲတာပါသွားလို့ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်တာခံရပြီး အသက်ဆုံးရှုံးလိုက်ရတဲ့ ကားဆရာတွေ၊ ခရီးသွားနေရင်း တိုက်ပွဲနဲ့ကြုံပြီး လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့ဟာရ၊ အသက်ဆုံးရှုံးတဲ့ဟာ ဆုံးရှုံး ဖြစ်ခဲ့ရတဲ့ ခရီးသည်တင် ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြတယ်။

တပ်မတော်နေ့ မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ စတင်ခဲ့တဲ့ ပုဏ္ဏားရွာ

"ဥပမာ ညီလေးဆိုရင် ညီကေး၊ ချိုင့်ဂွက်များတာဆိုရင် ဂွက်ချိုင့်တွေကပေါ၊ စားမယ်ဆိုရင် မစားရင်၊ မသွားရင်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10