Aung Soe

ပြည်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်တွေဆီက လစဉ်ကြေးကောက်မယ်လို့ စစ်ကောင်စီပြော

"သူတို့က Plan(စီစဉ်)ဖို့ အစည်းအဝေးခေါ်တာဗျ။ ဆိုင်အနေအထားအလိုက် ၁ သိန်းကနေ ၁ သိန်းခွဲလို့ ပြောပါတယ်။ စကစဘက်က ဗိုလ်ကြီး ၂ ယောက်က ဦးဆောင်ပြီးပြောတာ။"

မုံရွာ-ချောင်းဦးကားလမ်းဘေးမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လိုက်လံပစ်ခတ်တဲ့ကျည်ထိမှန်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကနီမြို့နယ်က ကျေးရွာ ၁ ရွာဗုံးကြဲခံရပြီး PDF ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

"ရွာထဲကိုကြဲချသွားတာ။ နေအိမ်တွေလည်း အတော်လည်းပျက်စီးသွားတယ်။ ရွာမှာ စခန်းတော့ မရှိဘူး။ ရဲဘော်တွေက အလုပ်ကိစ္စနဲ့ ရွာထဲကို ရောက်နေကြတာထင်တယ်။ ယင်းမာပင် တပ်ရင်း ၂ ကပါ။"

စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဝက်လက်မြို့နယ်မှာ သပိတ်ပြုလုပ်

စစ်အာဏာသိမ်းလိုက်တဲ့ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေပူးပေါင်းပြီး စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှူပ်ရှားမှု ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ Wetlet Township Student's Union - ABFSUက ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဝက်လက်မြို့နယ်မှာ သပိတ်ပြုလုပ်

စစ်အာဏာသိမ်းလိုက်တဲ့ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေပူးပေါင်းပြီး စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှူပ်ရှားမှု ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ Wetlet Township Student's Union - ABFSUက ထုတ်ပြန် ပါတယ်။

ရွှေကျင်မြို့နယ်၊ သေခိုဆယ်ရွာဗုံးကြဲခံရ

"တိုက်ပွဲတွေက ရွှေကျင်၊ ပုဇွန်မြောင်းဘက်မှာ ဖြစ်တယ်။ အဲ့ရွာ (သေခိုဆယ်) ဘက်မှာက ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အဲ့ရွာက မြို့နဲ့လည်းတော်တော် လှမ်းတယ်။ ရွှေကျင်၊ ပုဇွန်မြောင်းဘက်တိုက်ပွဲတွေမှာ စကစဘက်က အကျအရှုံးများတယ်။ ဒါကြောင့်မို့ ရှုံးမဲမဲပြီးတော့ အဲဒီဒေသဘက်ရွာတွေကို ဗုံးလိုက်ကြဲနေတာ"

ကလေးထောင်အရာရှိတွေက နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေရှိနေ

"ဧည့်တွေ့ပြန်လာချိန်မှာ ဖုန်းဆက်လာတော့ ထောင်ပိုင်ကြီးက သူ့ကို အဘတို့၊ ဦးလေးတို့ခေါ်တာကို မခေါ်နဲ့၊ ကိုကြီးလို့ခေါ်ပါ အဲ့ကနေစကားစတယ်။ စကားစပြီးတော့ သူနဲ့သီးသန့်တွေ့ပေးမယ်၊ ချိန်းတွေ့ပြီးတော့အတူနေပေးမယ်ဆိုရင် အမျိုးသားကိုလျှော့ရက်တွေရမယ်။ လျှော့ရက်တွေရအောင်လုပ်ပေးလို့ရတယ်ဆိုပြီးတော့ ပြောသွားတယ်။"

စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ(ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

၈ ရက်အတွင်း မုံရွာမြို့ခံရာနဲ့ချီ အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံနေရတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းက အသက် ၁၈ နဲ့ ၃၀ နှစ်ဝန်းကျင်အကြား အရပ်သားအမျိုးသား၊ အမျိုးသမီး ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မှော်ဘီက စစ်ဆေးရေးဂိတ်ကို အညာ PDF တွေ မိုင်းခွဲတိုက်ခိုက်

" ခရီးထွက်ကတည်းက အသက်ကိုစွန့်ပြီးသား။ မစ်ရှင် မအောင်မချင်း သေလူလို့ သတ်မှတ်ထားရတာ။ နေရာဒေသမရွေး သွေးမအေးဖို့အတွက် ငြိမ်နေတဲ့နေရာတွေကို ထိထိရောက်ရောက်နဲ့ လှုပ်ပေးရတယ်။ နိုင်ငံကြီးပျက်နေတာကို မေ့နေကြတဲ့လူတွေ မမေ့ဖို့ အသက်စွန့်ပြီး လုပ်ခဲ့တာပါ။ စစ်ကောင်စီကိုလည်း မြို့တွင်းတွေထိ အညာသားတွေက လုပ်နိုင်တယ်ဆိုတာ သိစေချင်တယ်။"

ကျေးရွာပေါင်း ၇၀ ကျော်ကို စလင်းပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

"ကျနော်တို့ စိုးမိုးနယ်မြေမှာ ရွာပေါင်း ၈၀ ဝန်းကျင်ရှိ‌နေပြီးတော့ ဆေးဝါးဝန်ဆောင်မှုကို‌နယ်မြေရောက်ပြီး မကြာခင်မှာ စတင်လုပ်ဆောင်ခဲ့တာပါ။ ၂၀၂၄ နိုဝင်ဘာလထဲမှာ ဆေးဝါးအပတ်စဉ် ၁ သင်တန်းအောင်မြင်စွာသင်တန်းဆင်းပေးခဲ့ပြီးတော့ ဆေးဝါးကျွမ်းကျင်သင်တန်းသားတွေနဲ့ အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တယ်"

ရခိုင်-မကွေးနယ်ခြားရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအထူးလုံခြုံရေး ကမြင်းကန်စခန်းကို AA သိမ်းပိုက်

"ကမြင်းကန်စခန်းကို သိမ်းလိုက်တာဟုတ်ပါတယ်။ အဲဒီမှာ အခုအချိန်ထိ ရှင်းလင်းရေး လုပ်နေတုန်းပါ။"

ပေါင်းတလည်မြို့ပေါ်မှာ အမျိုးသား ၄ ဦးဖမ်းဆီးခံရ

"မသင်္ကာဘူးလို့ဆိုပြီး ဖုန်းယူစစ်ပါတယ်။ ဖုန်းထဲမှာ VPN တွေရှိနေတယ်လို့ပြောသံကြားတယ်လို့ လက်ဖက်ရည်ဆိုင်ထဲက ပြည်သူတွေကပြောတာပါ။ နောက် လက်ထိပ်ခတ်ပြီး ကားပေါ်ခေါ်တင်သွားတယ်။ ပြည်ဘက်ကို မောင်းသွားတယ်လို့ သိရပါတယ်"

ဆားလင်းကြီး ထွေအုပ်ရုံးနဲ့ ရဲစခန်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရ

"အဓိကတော့ ရုံးအဆောင်တွေနေရာနဲ့ အဝင်ပေါက်နေရာတွေကိုချခဲ့တာ။ အထိအခိုက်များရှိနိုင်ပါတယ်။ အတည်တော့မပြုရသေးပါ။ ထွေအုပ်ရုံးမှာက‌ ရုံးဆင်းတာရှိတယ်။ ရဲစခန်းနဲ့တော့ မျက်စောင်းထိုးလောက်ဖြစ်တယ် ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10