ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ပျောက်ဆုံးသွားတဲ့ ကလေး ၂ ယောက်ကို ရှာမတွေ့သေး
"အခုထိတော့ အစအနရှာလို့ မတွေ့သေးပါဘူး။ ကလေး ၂ ယောက်နဲ့ ပတ်သက်ပြီး ဒီလောက်ပဲဖြေပါရစေ" လို့ ကလေး ၂ ယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
"အခုထိတော့ အစအနရှာလို့ မတွေ့သေးပါဘူး။ ကလေး ၂ ယောက်နဲ့ ပတ်သက်ပြီး ဒီလောက်ပဲဖြေပါရစေ" လို့ ကလေး ၂ ယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ သီတဂူကျောင်းဝန်းထဲက စခန်းတခုနဲ့ တဖာလုံခန့်မှာရှိတဲ့ရွှေတောင်ဦးစစ်မှုထမ်းဟောင်းထဲက စခန်းတခုတို့ကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက်-PDF တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။
"အခုက ရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်နေကြပြီ။ နယ်မြေရှင်းလင်းနေတုန်းမို့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူး။ မြို့ကိုသိမ်းလိုက်ပြီဆိုတာတော့ အတည်ပြုပါတယ်"
"ဒီ ၂ စီးက ထောက်ပို့သဘောလိုက်လာတာ။ အဲ့ ၂ စီးကကောင်တွေနဲ့ အပြန်အလှန်ပစ် တိုက်ပွဲ ၁ နာရီကြာဖြစ်ပြီးမှ သိမ်းနိုင်ခဲ့တာ။ သင်္ဘောပေါ်မှာ ရိက္ခာ၊ လက်နက်မတွေ့ရဘူး။ အလောင်းတွေကို လည်း မတွေ့ခဲ့ရဘူး"
"အလောင်းတွေမှာ အမျိုးသား၊ အမျိုးသမီးတွေပါတယ်လို့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ရဲဘော်တွေပြောလို့ သိရတာ" လို့ ကောလင်းမြို့ခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မြောက်စည်းကျေးရွာရဲစခန်းကို နိုဝင်ဘာ ၄ ရက်မနက် ၁၀ နာရီကျော်မှာ အပြီးအသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ VAKOK-CNDF တာဝန်ခံဆီက သိရပါတယ်။
ချောင်းဦးမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မုံရွာ - မန္တလေးကားလမ်းပေါ်ရှိ စစ်သားနဲ့ ပျူစောထီး အင်အား ၃၅ ဦး အထိုင်ချတပ်စွဲထားတဲ့ မြပုလဲဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁ နာရီကြာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကိုသိမ်းပိုက်မီးရှို့နိုင်ခဲ့တာလို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF) ဒုတာဝန်ခံက ဆိုပါတယ်။
"ဂိတ်ထိတော့ ဝင်နိုင်ခဲ့တယ်။ စခန်းကိုတော့ မဝင်နိုင်ခဲ့ဘူး"လို့ Danger Force LPDFမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
"အဲ့စခန်းမှာ စကစအင်အားက ၄၀ ကျော်လောက်ရှိတယ်။ ၄ နာရီက စတိုက်တာ ၉ နာရီမှာ သိမ်းပိုက်မီးရှို့ခဲ့တာ။ စကစတွေကတော့ မြို့ထဲဝင်ပြေးသွားကြတယ်"
"ကျနော်တို့ သတင်းရတာက စကစ ၇ ကောင်ပဲ ကင်းဝပ်နေတယ်ပေါ့။ အဲ့ဒါကို အနီးကပ် ဗုံး ၂ လုံးပစ်တာ။ ၄ ကောင်ဝပ်တဲ့နေရာကို ကျသွားတာ။ အဲ့ဒီထဲက ၂ ကောင်ပွဲချင်းပြီးတယ်။ ၂ ကောင် ဒဏ်ရာရတယ်။ အနီးကပ်တိုက်တာဆိုတော့ ကျနော်တို့မျက်မြင်ပဲ"
"၃ယောက်စလုံး ခြေထောက်ပဲဒဏ်ရာရတာ။ အဲ့ဒီထဲက ၁ ယောက်က ခြေသလုံး အရေစုတ်သွားတယ်တဲ့။ ဘယ်သူလဲတော့ တိကျမသိရဘူး"
"စကစတွေ သေဆုံး၊ ဒဏ်ရာရတာကို မျက်မြင်တွေ့တဲ့ ပြည်သူတွေရဲ့ပြောပြချက်အရအတည်ပြုခဲ့တာ။ ဒဏ်ရာရကောင်တွေကို လက်ပံသာရွာနဲ့ ထနောင်းကုန်းရွာထဲမှာဝင်ပြီး ဆေးကုသခဲ့တယ်။ သေတဲ့ကောင်တွေကို ထော်လာဂျီတစီးနဲ့ တင်သွားတယ်"
"တိုက်ပွဲတွင်း မျက်မြင်ကျသွားတာကို တွေ့ရတာရယ်၊ ပြီးတော့ သူတို့(စကစ) ထမ်းစင်နဲ့ သယ်ထုတ်သွားတဲ့ အရေအတွက်ကိုသတင်းရတာနဲ့ အတည်ပြုနိုင်တာပါ"
"သူက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး တယောက်တည်းသွားနေချိန် သူအလာကို စောင့်နေတဲ့ ရဲဘော်တွေက ရှေ့တည့်တည့်ကနေ တချက်ပစ်ခတ်လိုက်တာ။ ပွဲချင်းပြီးတယ်"
"ဒီ ၈ ယောက်ထဲမှာ ရပ်ရွာကာကွယ်ရေး ၂ ယောက်ပါတယ်။ လုံခြုံရေးအရ တိတိကျကျ ပြောလို့မရဘူး။ အသတ်ခံရသူတွေက ခေါင်းဖြတ်ခံ၊ ဗိုက်ဖောက်ခံထားရတယ်။ အလောင်းတွေက မပီပြင်တော့ဘူး"