ရုပ်ပုံလွှာ

CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

“သူတို့(စစ်ကောင်စီ)ဘက်ကပြောသလို ဒီဘက်မှာရိုက်နှက်တာတွေဘာတွေ မရှိဘူး။ အေးအေးချမ်းချမ်းပါပဲ၊ ကျမထက် အရင်ဝင်တဲ့သူငယ်ချင်းတွေကိုလည်း အေးအေးချမ်းချမ်းပဲတွေ့ရပါတယ်”

မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်ပုံလွှာ)

ရဲဘော်ဆွီးနိကိမ်ဟာ အသားဖြူဖြူ မျက်နှာသွယ်သွယ်နဲ့ တိုင်းရင်းသူပီပီ ချစ်စရာကောင်းပြီး သန့်သန့်ပြန့်ပြန့်လေး နေတတ်တာကြောင့် တပ်ရင်းရှိ လူအကုန် သူ့ကိုချစ်ကြသလို မိန်းကလေးပေမယ့် ကျားကျားလျားလျားနဲ့ ယောက်ျားလေးလိုမျိုး နေတတ်သူဖြစ်ပြီး တပ်သား၊ အရာရှိ မခွဲခြားဘဲ တန်းတူဆက်ဆံတတ်သူလို့ ရဲဘော်ရဲဘက်တွေက မှတ်ချက်ပြုကြပါတယ်။

နွေဦးရဲ့ ရဲရဲနီပန်းတပွင့် (သို့မဟုတ်) စစ်မြေပြင်ထဲက တကိုယ်တော်အမျိုးသမီးသူနာပြု

တောနေထူထပ်သလို တောင်ဆင်းတောင်တက် ကြမ်းတမ်းမတ်စောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသအတွက် ကျန်းမာရေးဖြေရှင်းဖို့ရာ သာမာန်ကျန်းမာရေးအသိရှိသူ တဦးနှစ်ဦးကသာ ဆေးထိုးပေးနေသည်။ တခြားနည်းကတော့ တိုင်းရင်းသားရိုးရာကုထုံးများနှင့် ဗိန္ဓောဆရာ တို့သာရှိသည်။ ဒေသတခုလုံးတွင် စနစ်တကျသင်ကြားတတ်မြောက်လာသည့် ကျန်းမာရေးမှူး၊ သူနာပြု၊ ဆရာဝန် မရှိပေ။ ဌာနတိုင်းရင်းသားများအတွက် ကျန်းမာရေးကိစ္စခက်ခဲသည့်အနေအထားတွင် တိုက်ပွဲဝင်စစ်မြေပြင်ထဲက ရဲဘော်များအတွက်တော့ ကုရာနတ္တိ ဆရာဝန်မရှိအခြေနေ။ ထိုအခြေအနေမှာပဲ သူနာပြုလိုအပ်ချက်အရ မမီးမီး သံတောင်ဒေသကို ရောက်သွားခဲ့သည်။ ထိုနေ့က ...

မုန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် မှန်လေး (ရုပ်ပုံလွှာ)

နောက်ဆုံး သူ့အမေနဲ့ ဖုန်းပြောခဲ့တဲ့နေ့ကလည်း သူ့ညီလေးကို ပညာတက်အောင်သင်ဖို့နဲ့ သူ့အတွက် စိတ်မပူဖို့ တဖွဖွမှာနေခဲ့ပါတယ်။ “သူအမြဲပြောနေတာက တော်လှန်ရေးပြီးရင် မိသားစုတွေ ပြန်ဆုံကြမယ်တဲ့။ ဒါပေမဲ့ နေစရာ အိမ်မရှိတော့ (သူ)အရမ်းဝမ်းနည်းပြီး ငိုတယ်။”လို့ သူ့အမေကပြောပြပါတယ်။

နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

ဗိုလ်ကောက်ရိုးပြောပြတဲ့ သူ့အကြောင်း၊ တော်လှန်ရေးအကြောင်း (ရုပ်ပုံလွှာ)

မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော်တွေဟာ မြေပြင်ကျွမ်းကျင်မှုရှိသလို ရည်ရွယ်ချက်နဲ့ အနာဂတ်ရှိပြီး စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်နေကြတာကြောင့် စစ်ကောင်စီတပ်သားတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နယ်မြေကျွမ်းကျင်မှုမှာ အနိုင်ရရှိထားပြီဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုအသာစီးရထားပေမယ့် တော်လှန်ရေးဘာကြောင့် ကြာနေရသလဲဆိုတဲ့ အချက်ကို သူက အခုလို ပြောပြပါတယ်။ "ဘာဖြစ်လို့ ကြာနေတာလဲဆိုတော့ နိုင်ငံရေးသမားတွေအများစုတော့ မပြောလိုဘူး။ နိုင်ငံရေးသမားတွေ၊ ရေပေါ်ဆီတွေ၊ လေကြီး၊ မိုးကြီးပြောတဲ့အကောင်တွေကြောင့် ကြာနေတာ" လို့ သူ မှတ်ချက်ပြုပါတယ်။

လိပ်ပြာ

တကယ်က သူ့အရွယ်ဟာ ကျောင်းတက်၊ စာဖတ်၊ ပညာရေးကို လေ့လာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေ နေရမယ့်အရွယ်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အဲဒီလိုတွေလုပ်ဖို့ အခွင့်အရေးတွေ မပေးတဲ့အခါ ဒီလိုအခွင့်အရေးတွေ ရနိုင်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေကို ရင်းနှီးပြီး တော်လှန်ရေးမှာ အသက်တွေ ပေးထားရတာပါ။

တော်လှန် ကျီးကန်း (ရုပ်ပုံလွှာ)

တကယ်က မိုင်းပေါက်ကွဲနေတာကို သူ့အကြားအာရုံက မသိတော့ဘဲ ကုန်းအော်နေတာသာဖြစ်ပါတယ်။ သူ့ညီဆီကမူ ဘာအသံမျှ ထပ်မကြားရတော့ဘဲ ငြိမ်သက်တိတ်ဆိတ်သွားပါတယ်။ “ကျနော့်ညီဆို မီးသွေးတုံးလိုပဲ မီးလောင်သွားတာ” လို့ သူညီ သေဆုံးသွားခဲ့တဲ့ ပုံစံကိုပြောပြပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် သူ့ညီအပါအဝင် ၆ ယောက်က ပွဲချင်းပြီးသေဆုံးပြီး သူအပါအဝင် ၃ ယောက်က ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10