တိုက်ပွဲကြား၊ သံတိုင်ကြားက လွတ်မြောက်လာတဲ့ စုတ်တံတချောင်း (ရုပ်ပုံလွှာ)
“သံတွဲမြို့ကို လာတိုက်တယ်ဆိုတာ ဘဝမှာလေ အနောက်ကနေ နေထွက်သွားသလိုမျိုး။”
“သံတွဲမြို့ကို လာတိုက်တယ်ဆိုတာ ဘဝမှာလေ အနောက်ကနေ နေထွက်သွားသလိုမျိုး။”
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်က ကြားလမ်းပိုင်းတခုဖြစ်တဲ့ ရွှေဘို-၀က်လက်မီးရထားလမ်းပိုင်းဟာ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာ ပျောက်ဆုံးလို့သွားပါပြီ။ မီးရထားသံလမ်းတွေပျောက်ဆုံးသွားပြီ ဖြစ်သလို တချို့နေရာတွေမှာ ဇလီဖားတုံးတွေ မရှိတော့တဲ့အပြင် ရထားသံလမ်းတလျှောက် ရေမြောင်းကြီးတွေပင် ဖြစ်လို့နေပါပြီ။
Miss Grand International ပြိုင်ပွဲမှာ အလှမယ် သဲစုငြိမ်း အခု ဖြစ်တဲ့သဘောကို စာရေးသူ ကိုယ်ချင်းစာမိ တယ်။ သူ့ကို နားလည်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့သင်ကြားခဲ့ရတဲ့ပညာရေး၊ ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်မှာ အပြိုင်အဆိုင် ငါသာအနိုင်ရမယ်ဆိုတဲ့ အတွေး၊ ငါသည်သာ လူတကာထက် သာလွန်တယ် ဆိုတဲ့အတွေး၊ အတ္တကိုသာ ဗဟိုပြုစဉ်းစားတဲ့အတွေးကိုသာ ကြိုးစားမွေးမြူကြတယ်။
သူများပေါ် မုဒိတာပွား မေတ္တာထားဖို့ ဆိုတဲ့အလေ့အကျင့်တွေကို စာရေးသူတို့ လူအဖွဲ့အစည်းမှာ သင်ကြားပေးဖို့ ပျက်ကွက်နေခဲ့တယ်။ မေတ္တာတွေ၊ ကရုဏာတွေ၊ ခွင့်လွှတ်သည်းခံခြင်းဆိုတာတွေဟာ ဘာသာရေးလုပ်တဲ့ အချိန်အခိုက်အတန့်မျှသာ ပြောဆိုကြတယ်၊ ဘုရားစေတီရှေ့ရောက်မှ အဲဒီစိတ်တွေ ပေါ်ကြတယ်။ ဒါပေမဲ့ နေ့စဉ်လူ့အဖွဲ့အစည်းထဲမှာ လက်တွေ့ကျင့်ကြံဖို့ ပျက်ကွက်နေတာ အားလုံးအသိပါ။
စစ်ကောင်စီရဲ့ နည်းမျိုးစုံသော တပ်သားစုဆောင်းမှုအမျိုးမျိုးကနေ ကင်းလွတ်ခွင့်ရရန် ပြည်သူတွေက ငွေပေးနေရာကနေ အခုအချိန်မှာ အရောင်အဝယ်လုပ်ခံရတဲ့အထိဖြစ်လာတာလို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ အတင်းအဓမ္မကြိုးပမ်းလျက်ရှိရာမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ အရောင်းအဝယ်သဘောမျိုး ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက်ပါ EAO နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်မှုများတွင် အညာတော်လှန်ရေးရဲဘော်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွေ့ အကြုံများရယူခဲ့ကြသည်။ ရင်းနှီးပေးဆပ်မှု ကြီးကြီးမားမားပေးခဲ့ရသည်ဟုလည်း သိရသည်။
ကိုယ်စားပြုမှုတွေ များပြားလှတဲ့ အညာဒေသက လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေကြားထဲမှာ ရင့်ကျက်၊ တည့်မတ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပေါ်လာဖို့လိုပါတယ်။ မျက်နှာကြီးရာ ဟင်းဖက်ပါ၊ လက်သင့်ရာ စားတော် ခေါ်၊ အကျိုးလိုလို့ ညောင်ရေလောင်းကြတဲ့အခြေအနေမှာ သမာသမတ်ကျမှုဟာ အရေးတကြီးလိုအပ်နေပါပြီ။
၃၆ နှစ်ပြည့်တဲ့ ဒီနေ့ထိတိုင် “ ရှစ်ဆယ့်ရှစ် “ လို့ ဆိုလိုက်ရင်၊ “ ရှစ်ဆယ့်ရှစ် ကျောင်းသား” လို့ ပြောလိုက် ရင်၊ “ ရှစ်ဆယ့်ရှစ် တုန်းက ” လို့ မိတ်ဆက်လိုက်ရင် တန်ဖိုးတခုက ရှိနေတုန်း။ ၈၈ ဆိုတဲ့စကားလုံးဟာ လတ် ဆတ်နေတုန်းပဲ။
သူ့ပန်းချီကားတွေဟာ သူနေထိုင်ခဲ့တဲ့ ဝါးတောထဲက တော်လှန်ရေးရဲဘော်တွေရဲ့ ပုံတွေ များတယ်။ သစ်လွင်တဲ့ အစိမ်းရင့်ရောင် ပြောက်ကျားယူနီဖောင်းဝတ်၊ မောင်းပြန်သေနတ်နဲ့ စနိုက်ပါသေနတ်ကိုင်ထားတဲ့ ရဲဘော်တွေရဲ့ ရုပ်ပုံပန်းချီကားတွေ။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု ထားကြသလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြတဲ့ ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကိုလည်း ကမ္ပည်းကျောက်စာရေးထိုး ဂုဏ်ပြုသင့်တယ်။
ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့ ပြည်သူတွေ ဦးဆောင်ပြီး မွေးနေ့ရှင် ဘေးကင်း ကျန်းမာစေဖို့ ဆုတောင်းရင်း DASSK 79 စာတန်းကို ဆီးမီးတွေနဲ့ ပုံဖော်ခဲ့တဲ့အပြင် “ ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ” ဘန်နာစာတမ်း ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းများအတွင်း အာဏာသိမ်းစစ်တပ်သည် ပြည်သူများကို ဖမ်းဆီးကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ လေကြောင်းပစ်ခတ်မှု၊ မြေပြင်လက်နက်ကြီး ပစ်ခတ်မှု များကြောင့်လည်း အရပ်သားပြည်သူများ တချိန်တည်း၊ တနေရာတည်း၌ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းများ မြင့်တက်လျှက်ရှိသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ပုလဲမောင်ကို BNRA တပ်ရင်းမှူး သခင်ဒေါင်းညိုက ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က သံသယရှိတာကြောင့် သခင်ဒေါင်းညိုကို ခေတ္တခဏထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲမောင်ရဲ့ ရုပ်အလောင်းကို ပုလဲမြို့နယ်ပအဖတာဝန်ခံ ဦးဇော်ထက်ရဲ့ နေအိမ်မြေအောက် ခန်းထဲမှာ တွေ့လိုက်ရတဲ့အခါမှာတော့---
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးတာကို ပြည်သူတွေအနေနဲ့ ရတဲ့နည်းနဲ့ ဆန့်ကျင်ဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထဲဝင်ရောက်ဖို့ တိုက်တွန်းချက်တွေရှိနေပေမယ့်လည်း အလုံးအရင်းနဲ့ ရောက်ရှိလာတဲ့တပ်သားသစ်တွေကို လက်နက်တွေ ဘယ်လိုတပ်ဆင်ရမလဲဆိုတာက ခေါင်းခဲစရာဖြစ်လာပါတယ် လို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။