တပတ်အတွင်း မြေလတ်သတင်း

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဗုံးသီး ရာနဲ့ချီပစ်ခတ် - ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ချေမှုန်းတိုက်ခိုက် - စစ်ကောင်စီရဲ့ အဓိကစစ်စခန်းတွေရှိတဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်မယ်လို့ SAF ထုတ်ပြန် - ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေ - ဖြူးက ဟိန္ဒူဘုရားကျောင်းပေါ် စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသား ၇ ဦးသေဆုံး - ငဖဲမြို့နယ်မှာ စစ်ကောင်စီဒုအရာခံဗိုလ်အပါ ၁၁ ဦးဖမ်းမိ သေနတ် ၉ လက်ကို သိမ်းဆည်း - စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ - အရပ်ဝတ်နဲ့စစ်ဆေးနေတဲ့PDFတွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းကဖြစ်ကြောင်းပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၆ ဦးကို ဖမ်းမိ - ကလေးမြို့အတွက် အဓိက လမ်းပိုင်းကို စစ်ကောင်စီက မြေတူးစက်နဲ့ဖျက်ဆီး

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးအရှိန်မြှင့်ဖို့ မန္တလေး PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ်လို့ဆို - ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်သွား - မြိုင်က ရဲနဲ့ ပျူစောထီး ကင်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရဲ ၂ ဦးသေဆုံး - မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီက ကာမီကာဇေဒရုန်းတွေ စတင်အသုံးပြုတိုက်ခိုက်လာ - စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားတဲ့ ကန့်ဘလူဒေသခံ ၃၀ ကျော်မှာ အမျိုးသား ၃ ဦး ၂ ပတ်ကျော်အထိ မလွတ်သေး - ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ - အမ်း နပခတိုက်ပွဲ၊ မင်းတပ်မြို့သိမ်းတိုက်ပွဲနဲ့ မုံရွာနမခတို့ကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရမိ - လူမနေတဲ့ရွာထဲမှာ တောဝက်တွေအသိုက်ဆောက်ပြီး စစ်ရှောင်တွေရဲ့ ယာခင်းတွေကို ဖျက်ဆီး - ရွာ ၈ ရွာ အတွက် ကျေးရွာချင်းဆက်လမ်းကို သပိတ်ကျင်း ပကဖဖောက်လုပ်ပေး

တပတ်အတွင်း မြေလတ်သတင်း

- တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကို သတိထားအသုံးပြုရန် PDF အသိပေး - အမ်းနဲ့ တောင်ကုတ်ကို လက်လွှတ်ရပြီးနောက် ပြည်မြို့ မင်းကြီးတောင်နဲ့ တန့်ကြည့်တောင်မှာ စစ်ကောင်စီ ခံစစ်ပြင် - စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် - မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ ကြံ့ခိုင်ရေးပါတီထောက်ခံသူများတဲ့ ဒေါင့်ဘိုးရွာအပြင် ကနီနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - နေ့စဥ်နီးပါး လေကြောင်းနဲ့ဗုံးကြဲခံနေရလို့ ပြည်သူတွေအတွက် ခရိုင်ပကဖက ဗုံးခိုကျင်းများတူးပေး - မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွား ပြည်သူတွေကို မိုင်းရှင်းခိုင်း - တမူးမှာ စက်သုံးဆီပြတ်လပ်ပြီး ဆိုင်တချို့ပိတ်၊ စက်သုံးဆီဈေးခေါက်ချိုးမြင့်တက် - ပွင့်ဖြူက စစ်ရှောင် ၁၅၀ ခန့် ခူကောင်တွေကြောင့် ယားနာတွေပေါက်နေ - ၃ နှစ်ကျော်တဲ့အထိ အိမ်မပြန်နိုင်သေးတဲ့ စိုင်နိုင်ကွေ့ရွာခံတွေ အမိုးအကာနဲ့ခြုံစောင်တွေ လိုအပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ - မန္တလေးတိုင်းက တိုက်ပွဲရှောင် ဆင်ဦးစီးတွေနဲ့ ဆင်အချို့ကို TNLA ဆီ လွှဲပြောင်း - အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရန် WAB တောင်းဆို - CDM ရဲတပ်သားရဲ့အကူအညီနဲ့ တမူးပလဖထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၃၄ ဦးထွက်ပြေးလွတ်မြောက် - ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံး - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးနေ - ကလေးအကျဉ်းထောင်မှာ အခန်းခ ၃သိန်းထိကောက်ခံပြီး မပေးနိုင်သူတွေကို ဖိနှိပ်ချုပ်ချယ် - အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး - လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

တပတ်အတွင်း မြေလတ်သတင်း

- လက်လွှတ်ခဲ့ရတဲ့ မတ္တရာကကျေးရွာ ၃ ရွာ ကို MDYPDF ပြန်လည်သိမ်းပိုက် - စစ်အုပ်စုစစ်ကြောင်း မိုင်းထိလို့ ၄ ဦးသေဆုံးပြီး အထိုင်စခန်းကိုပါ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုရှိ - ပျူစောထီးထိန်းချုပ်ထားတဲ့ဇီးပြားရွာက ဘုန်းကြီး ၄ ပါးအပါ ၁၇ ဦး အစာပြတ်လပ်လို့ PDF ထံ ထွက်ပြေးခိုလှုံလာ - မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ - မန္တလေးတိုင်း၊ ငါန်းဇွန်နဲ့တောင်သာမြို့တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေ အစာရေစာရှားပါးလို့ လူနေအိမ်တွေအထိဝင်ရောက် - အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော - စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နဲ့ ကလေးမြို့တို့မှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာ တွေလုပ်နေ - မြိုင်မြို့နယ်က NUG စာသင်ကျောင်း ၁ ခုမှာ လိင်အကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲကျင်းပ

တပတ်အတွင်း မြေလတ်သတင်း

- ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ - ၃ ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါ ၁ ဒါဇင်ကျော် သေဆုံးပြီး သုံ့ပန်း ၁ ဦး၊ သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိ - ခမရ ၆ ကထွက်လာတဲ့စစ်အုပ်စု တပ်အနီးမှာတိုက်ခိုက်ခံရလို့ ဗိုလ်နဲ့တပ်ကြပ်သေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ - မုံရွာမှာ စစ်တပ်က မီးကြိုးတွေဖြတ်တောက်ပြီး ပြည်သူတွေကို မီတာဆောင်ခိုင်းတာကြောင့် ၄ နှစ်စာလုံးရဲ့ မီတာခကို ပွဲစားခ ဈေးအမျိုးမျိုးပေးပြီး မီတာဆောင်နေရ - စစ်ကိုင်းမှာ စစ်တပ်က ၂ ရက်ဆက်တိုက် ကားတန်းတွေကိုဗုံးကြဲလို့ ဆီကားနဲ့ ကုန်ကား ၅ စီး မီးလောင် - မကွေးတိုင်းထဲက ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့ခဲ့လို့ နေအိမ်တွေမီးလောင်ဆုံးရှုံးပြီး ဒေသခံတွေထွက်ပြေးနေရ - နွားထိုးကြီးမှာ စစ်တပ်ကဗုံးထပ်ကြဲလို့ ကလေး ၂ ဦးအပါ ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ရက်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ - စစ်ရှောင်စခန်းက အမျိုးသမီးငယ်တွေအတွက် လိင်ပိုင်ဆိုင်ရာအသိပညာပေးဟောပြော - ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို မဖြတ်သန်းဖို့ ပကဖအသိပေး - စစ်သား ၃၀ ဝန်းကျင်သေဆုံးပြီး တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက် ဖမ်းဆီးရမိခဲ့တဲ့ မင်းတုန်းတိုက်ပွဲ - မုံရွာမှာ စစ်အုပ်စုဖမ်းဆီးထားတဲ့ ဒေသခံ ၆၀ ဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား - ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ ၅ ဦး အချုပ်ဖောက် ထွက်ပြေးလွတ်မြောက်လာ - ကနီက မြစ်ကမ်းနားလမ်း အလျားပေ ၃,၀၀၀ ကျော်ပြိုကျလို့ ဒေသခံတွေ သွားလာရခက်ခဲနေ - မြစ်သားမှာ လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုကာ စျေးဆိုင် ၁၀၀ နီးပါးကို စစ်ကောင်စီဖျက်သိမ်းခိုင်း - ပျူစောထီးရွာက နှမ်းတွေကို ဝယ်ယူရောင်းချတဲ့ CDF-KKG ထောက်လှမ်းရေးအရာရှိကို ပစ္စည်းနဲ့အတူ ဖမ်းမိ - စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့တို့မှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ပြည်သူတွေထိခိုက်သေဆုံး - အကြမ်းဖက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ Transgender တွေအတွက် ဆုတောင်းပွဲနဲ့ ပြဇာတ်ကပွဲပြုလုပ်

တပတ်အတွင်း မြေလတ်သတင်း

- လေယာဉ်ဗုံးကြောင့် လူသေဆုံးမှုများခဲ့တဲ့ မိုးကုတ်မှာ CDMA ဖုန်း၊ Star Link အင်တာနက် အသုံးပြုခွင့်နဲ့ လူစုလူဝေးခွင့်ပိတ် - စစ်ကြောင်းဝင်လာလို့ ထွက်ပြေးရင် ပစ်သတ်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက် - ဘုတလင်ကနေ နမခကိုပြန်တဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး - မုံရွာမှာ လူငယ် ၇၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ - ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတဲ့ စာသင်ကျောင်းဗုံးကြဲခံရပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ပြီး ဘာသာရေး အဆောက်အအုံတွေလည်း ပျက်စီး - အမ်း - ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများ - မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမြို့နယ်တို့မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ - ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က အင်အားရာချီဖြည့်တင်းကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ် - ကလေးမှာ စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးချပစ်ခတ်လို့ ဆယ်နှစ်ကလေး ၁ ဦးအပါ လူ ၅ ဦး ဒဏ်ရာရ

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို - အမိန့်နာခံမှု ပိုကောင်းလာစေဖို့ တပ်ခွဲ ၃ ခုကို မွမ်းမံသင်တန်းပေးခဲ့ - မန္တလေးထဲက ရွှေလုပ်ကွက်တွေသိမ်းယူခံရပြီးနောက် စစ်ကောင်စီက ရွှေရောင်းချသူတွေကို စောင့်ကြည့်မယ့်သင်တန်းတွေ ဆက်တိုက်ပေးနေ - ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေးဘဲ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ - ဘုတလင်မြို့နယ်အတွင်း တကျော့ပြန်ဝင်လာတဲ့စစ်ကြောင်းက သဖန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးပစ်သတ် - တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ - ပျူစောထီး ၁၀၀ ခန့်ကို လက်နက်ချအောင်စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းမှူး စစ်ရေးဗျူဟာထူးချွန်ဆုရရှိ - ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့တာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး - ချောက်ဒေသမှာ လုပ်သားရှားပါးလာလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြ

တပတ်အတွင်း မြေလတ်သတင်း

- တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ - စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး စစ်သား ၃ ဦးသေဆုံးကာ ကျန်သူတွေ စခန်းစွန့်ထွက်ပြေး - ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက ၆ ရက်အတွင်း ဒေသခံ ၂၀၀ နီးပါးကိုဖမ်းဆီးထား - MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်သိမ်းယူဖို့ လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ် - ဆားတောင်စာသင်ကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ - ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ - ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့ - တနေ့တည်း စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံး - တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာမှာ ၁ ညတည်း ဗုံးအလုံး ၂၀ နီးပါးကြဲခံရ

တပတ်အတွင်း မြေလတ်သတင်း

- အညာမှာအခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မယ်လို့ BPLA အသိပေး။ - ပခုက္ကူက တင်းဂတ်စစ်‌ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်သား ၂ ဦးသေဆုံးဟုဆို။ - မန္တလေး PDF ရဲ့အချုပ်ဆောင်နေရာ လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၈ ဦးအပါ ၁၂ ဦးသေဆုံး။ - ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၄ ဦးကို မီးရှို့သတ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်းကျဆုံး။ - စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား။ - ပြည်နဲ့ သရက်က ကလေး ၁ ဦးအပါ ၁၁ ဦးအဖမ်းခံထားရပြီး နေအိမ်အချို့ပါ ချိပ်ပိတ်ခံရ။ - ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့။ - ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရကာ အိမ်ခြေ ၄၀ ခန့် မီးရှို့ခံရတာကြောင့် ဒေသခံ ၆,၀၀၀ ကျော်စစ်ရှောင်နေရ။ - မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ။

တပတ်အတွင်း မြေလတ်သတင်း

- ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ - ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား - ကပစ ၁၇ ကစစ်သားတွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို - ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ - ၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ - စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် - စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ နှစ်ဖက်ထိခိုကသေဆုံးမှုတွေရှိ - ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

တပတ်အတွင်း မြေလတ်သတင်း

- သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး - မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ - စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး - ထောင်တွင်းဆေးကုသခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ နိုင်ကျဉ်းတွေက ပြည်သူတွေဆီ စာပေးပို့ - ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ - ကွင်းဆင်းမှုမရှိသလို အိမ်ထောင်စုဝင်လည်းမပါဘဲ သန်းခေါင်စာရင်းအချက်အလက်တွေဖြည့်နေ - စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ - ၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ - ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်ခဲ့ပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု - ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး - တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော - ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော်ရရှိ - စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး - ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့ - ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ - ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၀ ကျော်ကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ကျပ် ၅ သိန်းစီ ထောက်ပံ့

တပတ်အတွင်း မြေလတ်သတင်း

- မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ - စစ်သား၃၀ကျော်သေဆုံးကာ ၄၀ကျော်အညံ့ခံပြီး လက်နက်၅၀ကျော်ရခဲ့တဲ့ ကူတော်ရွာတိုက်ပွဲ - သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ - ၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယား ပုဒ်မ ၃ ခုနဲ့အမှုဖွင့်ခံထားရ - ကောလင်း၊ ခင်ဦးနဲ့ ပေါက်နယ်တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ - စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ - မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးဟုဆို - လုံလောက်တဲ့ဆေးကုသခွင့်မရလို့ မြေလတ်ဒေသက အကျဥ်းသား ၇ ဦးအပါ ၁၂ ဦး သေဆုံး - တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10