အညာရနံ့ စာရနံ့

လွန်ကြိုးပြတ်သော်လည်း မိုးမဆက်ပါ

"ရှေးလူကြီးတွေက ပြောခဲ့တော့ လွန်ဆွဲပွဲတွေလုပ်ရတယ်။ မိုးခေါင်ကျော်စွာနတ်တင်ရတယ်။ ငါးရံ့မင်းပရိတ်ရွတ်ရတယ်ဆိုတော့ လုပ်တာပေါ့။ လုပ်တာ ၄ နှစ်လောက်ရှိပြီ။ ဟိုတုန်းကတော့ လုပ်ပြီး မိုးကတန်းရွာတာပဲ အခုနှစ်တော့ မိုးကိုမရွာသေးဘူး။”

“အဘွားချက်တဲ့ ဇီးသီးချဉ်ရည်ဟင်း တခွက်”

ယာခင်းလမ်းဖုံဖုံတလျှောက် တောသူမကြီးတယောက်က ဇီးသီးခြောက်များ ကောက်ထားသည့် ခံတောင်းကို ရွက်ခါသွားနေသည်။ ညနေစောင်း တောင်ယာအလုပ်သိမ်းချိန်မှာ ရွာကအိမ်ဆီအပြန် လှည်းဖြင့် သယ်ဆောင်သွားရန် ဇီးသီးတောင်းများလည်း လှည်းပေါ်တွင် အတော်နေရာယူထားချေသည်။ ယနေ့ခေတ်ချိန်မှာတော့ ဇီးသီးများကို စီးပွားဖြစ်ရောင်းဝယ်ကြရန် ကောက်နေကြသည်။ တရုတ်နိုင်ငံကို ရောင်းချကြသည်။ ဇီးသီးထဲကအဆံကို တရုတ်တို့က ဆေးဖော်စပ်သည်လို့ ပြောကြသည်။ အော်….ဇီးသီးမှာ ယခင်ကတည်း ကျနော်တို့ ဒေသ အညာမကျရွာမကတဲ့နေရာမှာ ရာသီဓါတ်စာသဖွယ် အစာလည်းဆေး ဖြစ်ခဲ့သည် မဟုတ်လား။

ရွာရဲ့ကိစ္စ (ရွာအပြန်-၉)

မှောင်ရီပျိုးစအချိန်မှာ သူငယ်ချင်းမောင်တုတ်က သူဌေးကတော်ရဲ့ကိစ္စသွားဖို့ လာခေါ်လို့ လိုက်ခဲ့ရတယ်။ လူသေတဲ့အခါ နာရေး၊ အသုဘ၊ မသာလို့ သုံးနှုန်းတတ်ကြပေမဲ့ ကျုပ်တို့ရွာကတော့ တစ်မျိုးတစ်ဘာသာ ကိစ္စလို့သုံးနှုန်းတယ်။ ကိစ္စဆိုတာ မလွဲမသွေ ဆောင်ရွက်ရမယ့်အလုပ်လို့ ပြောရမလားမပြောတတ်ဘူး။

ရွာအပြန်-၇

အော် ဟိုစဉ်ကတော့ ရေနွေးကြမ်းစကားဝိုင်းတွေမှာ လယ်အကြောင်း၊ ယာအကြောင်း၊ နွားအကြောင်းတွေသာ မရိုးနိုင်အောင် ပြောဆိုတတ်တဲ့ ရွာကလူတွေဟာ ခုတော့ဖြင့် နိုင်ငံရေးအကြောင်းတွေကို စိတ်ဝင်စားနေကြပါပေါ့လား။

ရွာအပြန် - ၅

အဲဒီမှာ မောင်ခွေးက "စစ်တပ်အာဏာသိမ်းတာ ဒေါ်စုတို့ကမဲခိုးလို့၊ မဲမသမာမှုလုပ်လို့ဆို၊ အဲဒါဟုတ်ရဲ့လား" လို့ စကားစလိုက်တယ်။ "မဟုတ်လောက်ဘူးဆိုတာတော့ ငါတို့ သိထားတယ်ကွ၊ ဘာကြောင့်အာဏာသိမ်းတာလဲဆိုတာကို သိချင်တာ" လို့ ညိုမက ဆိုလာပြန်တယ်။ ကျုပ်ကတော့နွားအကြောင်း၊ ယာအကြောင်း၊ လယ်အကြောင်းလောက်သာ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ နိုင်ငံရေးစိတ်ဝင်စားလာကြလို့ ဝမ်းသာနေမိတယ်။ ခေတ်ကတောင်းဆိုလိုက်ပြီကိုး။

ရွာအပြန်-၄

ခုဆို ရှိတဲ့ ရွှေတိုငွေစလေးတွေရယ်၊ မှတ်ပုံတင်နဲ့ အရေးကြီးစာရွက်တွေရယ်ကို အိတ်တစ်ခုထဲ တစ်စုတစည်းတည်း ထည့်ထားရသတဲ့။ ဒါမှ အလွယ်တကူ ကိုယ်နဲ့မကွာ ယူဆောင်နိုင်အောင်တဲ့။ သေနတ်ကြီးတွေနဲ့ဆိုတော့ ကြောက်ကြရတာပေါ့ကွယ်။ ပြီးတော့ ဒင်းတို့က မထင်ရင် မထင်သလို ပစ်သတ်တတ်တာတဲ့လေ။ နင်တို့လည်း ကြားမှာပါ။ ခုဆို မီးရှို့ခံရတဲ့ရွာတွေ နည်းမှတ်လို့။ တကယ့်ကို ဘီလူး၊ သဘက်တွေတဲ့။

ရွာအပြန် -၃

နတ်စင်ဝင်းလွန်တာနဲ့ လှည်းလမ်းက တောင်ဘက်ကိုတစ်လမ်း၊ ရှေ့တည့်တည့်ကိုတစ်လမ်း ခွဲထွက်နေကြတယ်။ ရှေ့တည့်တည့်လမ်းထဲဝင်လိုက်ရင် ဘေးတစ်ဖက်တစ်ချက်မှာ ဂျီးယားတို့အိမ်ဝင်းနဲ့ အရီးလေညိုမတို့အိမ်ဝင်းတွေ ရှိနေကြတယ်။ ဂျီးဆိုတာ ဦးကြီး၊ ဦးလေးသဘောပါပဲ။ ဂျီးယားဆိုတော့ ဦးကြီးယားပေါ့။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10