နိုင်ငံဖြတ်ကျော်စစ်ရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေ (ရုပ်သံဆောင်းပါး)
မိုးတွေရွာနေတဲ့ စနေတရက်ပေါ့။ နယ်စပ်ဖြတ်ကျော်စစ်ဘေးရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေဟာ မီးဖွားရှာပါတယ်။ ၉ ကောင်မွေးခဲ့ပေမယ့် ၅ ကောင်သေဆုံးလျှက်မွေးခဲ့ပါတယ်။ နောက်နှစ်ရက်မှာလည်း အညှပ်ဆုံးဖြစ်တဲ့ အဖြူရောင်အမွေးတွေနဲ့တကောင်ဟာ ထပ်မံသေဆုံးသွားခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ ခွေးကလေး ၃ ကောင်သာကျန်ရှာပါတယ်။ ရွှေရွှေဟာ သားထိန်းညံ့တဲ့ ခွေးသားအုပ်မလေးပါပဲ။