၃ ချီပြည့်အပြိုင်အဆိုင်ထိုးပြီး အမှတ်နဲ့ရှုံးခဲ့တဲ့ စိုးလင်းဦး (အားကစားသတင်း)
ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ပြိုင်ဘက် ဆက်ဆန်ကို ၃ ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ အရှုံးပေးခဲ့ရပါတယ်။
ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ပြိုင်ဘက် ဆက်ဆန်ကို ၃ ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ အရှုံးပေးခဲ့ရပါတယ်။
ဇန်နဝါရီ ၂၄ ရက်၊ ယခုလက်ရှိကျင်းပနေတဲ့ ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက် ဒီနေ့ည ဘန်ကောက်မြို့၊ Impact Arena မှာ ကျင်းပသွားမယ့် ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်ညမှာကျင်းသွားမယ့် ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ထိုင်းနိုင်ငံရဲ့ဝါရင့်ဖိုက်တာတဦးဖြစ်တဲ့ ဆက်ဆန်နဲ့ထိုးသတ်ရမှာဖြစ်ပြီး ဆက်ဆန်ဟာ မွေထိုင်းပွဲစဉ်ပေါင်း ၂၀၀ ကျော်ထိုးသတ်ထားကာ ONE ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ၁၀ ပွဲထိုး ၉ ပွဲနိုင် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက အနီကဒ်နဲ့ ၁ ယောက်အထုတ်ခံခဲ့ရပေမယ့် ဂိုးပြတ်ရလဒ်နဲ့ ဖလားရယူနိုင်ခဲ့သလို FA Cup 3rd Round ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ၁ ယောက်ထုတ်ခံခဲ့ရပေမယ့် နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။
စပိန်စူပါဖလား ၂၀၂၄ ဗိုလ်လုပွဲကို ဒီနေ့ည ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်မှာ ရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။
ဒီပွဲအလဲထိုးမယ်လို့ ပွဲကြိုစကားပါးထားတဲ့ သွေးလင်းထက်က နောက်ဆုံးမွေထိုင်းပွဲမှာ လူငယ် ထိုင်းဖိုက်တာ ဘရာဇီးကိုရှုံးခဲ့လို့ ဝေဖန်မှုတွေခံထားရတဲ့အပြင် ဖိုက်တာဘဝပထမဆုံးအရှုံး သွေးစွန်းထားတဲ့ ကျားဆိုရင်လည်း မမှားနိုင်ဘူး။
ဇန်နဝါရီ ၁၀ ရက် ဒီနေ့ညမှာ ကျင်းပသွားတဲ့ ONE Friday Fights 93 ပြိုင်ပွဲမှာ သွေးလင်းထက် ဟာ ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာ ရော့ကစ်တီကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
သွေးလင်းထက်အနေနဲ့တော့ ပြီးခဲ့တဲ့ပွဲမှာရှုံးနိမ့်လိုက်တာဟာ သူ့အတွက်အချက်ပေးသံဖြစ်သွားခဲ့ပြီး ပွဲအတွင်းမှာ ထိုးသတ်တဲ့စနစ်အပြောင်းအလဲမလုပ်နိုင်ရင် ONE မှာထိပ်တန်းရောက်ဖို့ မလွယ်ဘူးဆိုတာ ကောင်းကောင်းသိသွားလောက်ပါတယ်။
UFC မှာ ထိုးသတ်ရင်း ၂၀၂၄ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာ အဆင့်သတ်မှတ်ချက် ၁၅ ထိရောက်အောင် စွမ်းဆောင်ပြခဲ့တဲ့ ချင်းဖိုက်တာလေးဗန်ကတော့ လာမယ့်မတ်လမှာပြုလုပ်မယ့် UFC-313 ပြိုင်ပွဲမှာ အခုနှစ်အတွက် ပထမဆုံးပွဲကို ထိုးသတ်သွားမယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။
အမော်ရင်ရဲ့ ယူနိုက်တက်တို့ဟာလည်း ပုံစံကောင်းပျောက်ဆုံးနေဆဲဖြစ်ပြီး ဝုဗ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ ပထမပိုင်းမှာ ဝုဗ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးမရရှိခဲ့တဲ့ ယူနိုက်တက်တို့ဟာဒုတိယပိုင်း ပွဲအစမှာပဲ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက် အနီကတ်နဲ့ ထုတ်ပယ်ခံရတာကြောင့် ၁ ယောက်လျော့နဲ့ယှဉ်ပြိုင်ခဲ့ရပြီး ဝုဗ် ကို အရေးနိမ့်ရတာပါ။
ခေတ်ဆိုးစနစ်ဆိုးမျိုးစုံဖြတ်သန်းရှင်သန်ခဲ့တဲ့ ရိုးရာလက်ဝှေ့အတွက် အမှောင်မိုက်ဆုံးကာလက ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်တွေလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ဒီ ၄ နှစ်ကာလ အတွင်း ရိုးရာထိုးသားတွေဟာ ပွဲရှားပါးမှုနဲ့အတူ မွေ၊ ခမာအရိပ်တွေမှာ သွားရောက်မှီခိုရတဲ့အထိ သမိုင်းတလျှောက် အဆိုးရွားဆုံးအခြေအနေ ဆိုက်သွားပါတယ်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီ ၅ ပွဲမှာ မန်စီးတီးက ၄ ပွဲနိုင်ထားပြီး ယူနိုက်တက်က ၁ ပွဲသာ အနိုင်ရယူထားခဲ့သလို မန်စီးတီးအိမ်ကွင်း အီတီဟက်မှာ ယူနိုက်တက်တို့ နောက်ဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရယူထားခဲ့တာ ၂၀၁၉ ဒီဇင်ဘာ ၇ ရက်က ဖြစ်ပါတယ်။ နှစ်သင်းစလုံးအတွက် အမှတ်ရော ရလဒ်ပါ လိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးက အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လာနိုင်မလား၊ အမိုရင်ရဲ့ ယူနိုက်တက်ကပဲ အနိုင်ယူပြီး အီတီဟတ်မှာ အောင်ပွဲရှာပြသွားမလားဆိုတာကိုတော့ စောင့်ကြည့်တော့မှာပါ။
ဆွန်ရက်ဟာ ဒီပွဲနိုင်လိုက်တာကြောင့် ထိုင်းဖိုက်တာတွေကို ဆက်တိုက်ရှုံးထားတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သလို ONE ရဲ့ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုလည်း မျှော်လင့်လို့ရပြီဖြစ်ပါတယ်။