Photo Essay

တော်လှန်ရေးနယ်မြေ ယောဒေသမှာ ရိုးရာဆီမီးပူဇော်ပွဲကျင်းပဖို့ ပြင်ဆင် (photo essay)

"မီးကြာလှည့်မယ်။ ဆီမီးထွန်းထားတဲ့ ဝင်္ကပါထဲမဝင်ခင် သနပ်ခါးပါးတို့မယ်။ ဝင်္ကပါက ပြန်ထွက်တော့ ကျောင်းပေါ်မှာ ပန်းကမ်း၊ မီးကမ်းကြမယ်။ ကျောင်းသူလေးတွေ ကကြမယ်။ ပြီးရင်တနေ့တာ ကုသိုလ်အတွက် ရေစက်ချအမျှပေးသာဓုခေါ်ပြီး အိမ်ပြန်ကြတယ် "

ကြို့ပင်ကောက်မှာ စစ်ကောင်စီကို ကျောင်းသားလူငယ်တွေ ဆန္ဒပြ (photo news)

"ကျနော်တို့ ပြောချင်တာကတော့ လက်ရှိကာလဟာ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစုစည်းစည်းရှိပြီး ဘုံရန်သူကို အင်နဲ့အားနဲ့ ဦးတည်တိုက်ကြရမယ့် ကာလလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အားလုံးစုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်တဲ့ တပ်ပေါင်းစုတခုကို တည်ဆောက်ပြီး လူထုလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအစစ်ဆီကို ချီတက်ကြရမှာ ဖြစ်တယ်"

CHU-PDF ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲ (photo-news)

"ကျနော်တို့ရဲ့အဖွဲ့က ခေါင်းဆောင်ငယ်လေးတွေကို တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တပ်စု၊ တပ်စိတ်တွေကိုဦးဆောင်ပြီးတော့ စီမံခန့်ခွဲပြီးတိုက်ခိုက်နိုင်ဖို့အတွက် ပြုလုပ်ပေးခဲ့တာပါ။ ဒီဟာတွေရဲ့ပညာရပ်တွေကို သင်ကြားပေးခဲ့တာပါ။ ဒီသင်တန်းမှာ အကုန်လုံးက အမျိုးသားတွေဖြစ်ပါတယ်"

ဆားလင်းကြီးက စစ်ရှောင်ကလေးငယ်တွေကို အာဟာရကျွေးမွေး (Photo News)

ကလေးငယ်ဦးရေ ၅၀၀ ကျော်ကို အာဟာရဒါနအဖြစ် မုန့်ဟင်းခါးကျွေးခဲ့တာ

မီးရှို့ခံရလို့ အိုးအိမ်မဲ့သွားသူတွေကို မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်တပ်က မီးရှို့လို့ အိုးအိမ်မဲ့ ဖြစ်သွားတဲ့ ကျေးရွာတရွာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ချီတက်ဆန္ဒပြ

“ကျဆုံးရဲဘော်၁၀ ဦးအတွက် ဆားလင်းကြီးရွာပေါင်းစုံ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ မနက်စောစောစတင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူတွေပေါ် နှင်းဆီတွေတင်တာ အလေးနီပြုတာတွေ ပြုလုပ်ခဲ့တာ" လို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆားလင်းကြီးက လူထုသပိတ် (Photo News)

"ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" စာသားကိုင်ဆောင်ကာ အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ မုံရွာလူငယ်များအစည်းရုံးတို့က ပူးပေါင်းခဲ့ကြတာလို့ သိရပါတယ်။

စစ်အုပ်စုမီးရှို့တဲ့ ပုလဲက ၇ ရွာကို မြို့နယ် ပအဖက စားနပ်ရိက္ခာထောက်ပံ့

“ဖေဖော်ဝါရီလ ၄ ရက်နေ့က သရက်ကန်၊ ညောင်ရင်းကုန်း၊ သရက်လှ၊ တောင်ရွာသစ်နဲ့ ဖေဖော်ဝါရီလ ၅ ရက်က သပြေအေး၊ ကြောင်ဝန်ဒူး၊ ကိုးပင်ရွာတွေကို ကျနော်တို့အဖွဲ့တွေ ကူညီခဲ့တာ၊ ကမ်းလက်မေတ္တာအဖွဲ့က သိန်း ၃၅၀ ကျော် ရန်ပုံငွေထဲက ကူညီထောက်ပံ့ပေးခဲ့တာ၊ အိမ်ထောင်စု ၁၆၂ စု စာအတွက် ၁ စု ကို ပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးခဲ့ပြီး ငွေကျပ်တန်းဖိုးအရ ၂ သိန်းကျော်ဖိုး ထောက်ပံ့ပေးခဲ့တာ”

တော်လှန်ရေးကာလ ၂ နှစ်ပြည့်မှာ PDF အင်အား ၂၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်ဒီမနက်၇ နာရီလောက်မှာ တော်လှန်ရေးကာလ ၂ နှစ်ပြည့်သွားပေမယ့် ရဲဘော်တွေအနေနဲ့ ဘယ်တော့မှသွေးမအေးကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မုံရွာမှာ တိတ်ဆိတ်သပိတ်မှာ ပါဝင်ဖို့ လှုပ်ရှားမှုပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က နေရာ ၄ ခုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်တပ်က အာဏာသိမ်းယူတဲ့ ၂ နှစ်ပြည့်နေ့မှာ ပြုလုပ်မယ့် တိတ်ဆိတ်သပိတ်မှာ ပြည်သူတွေအနေနဲ့ပါဝင်ဖို့ လှုံ့ဆော်တဲ့ Stickers တွေကို လမ်းမပေါ်မှာ ဖြန့်ကြဲတာနဲ့ လိုက်လံကပ်တာတွေကို ဇန်နဝါရီလ ၃၀ ရက် ဒီမနက်မှာ ပြုလုပ်ခဲ့ ကြပါတယ်။

တော်လှန်ရေး ကျေးလက်ဆေးခန်းနံရံပေါ်က ပန်းချီကားများ

“ကျွဲကူးရေပါဆိုသလို ကျနော်တို့က ကဗျာဆရာတွေ ပန်းချီဆရာတွေ ဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြစ်ပေမယ့်လည်း ကျနော်တို့နောက်မှာ ကဗျာတွေ၊ ပန်းချီတွေ ပါလာတယ်။ ဒီသဘောပဲ လက်ဆောင်တွေ ရတယ်။ ပန်းချီဆရာတွေကလည်း ပေးတယ်။ အဲဒါနဲ့ စခန်းမှာ ပန်းချီကားတွေ ရှိတယ်။ ဆေးခန်းလေးဖွင့်ဖြစ်တော့ သပ်သပ်ရပ်ရပ်နံရံလေးတွေ ဖြစ်ချင်တော့ ချိတ်ဆွဲမိတယ်။” လို့ MRG က မြေလတ်ဒေသပြောက်ကျား တပ်ဖွဲ့ MRG ရဲ့တာဝန်ခံ ရဲဘော်ပြေဇော် က ပြောပါတယ်။

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်ဒီနေ့မနက်အစောပိုင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ စာတန်းနဲ့အတူ မြန်မာတနိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) က ထုတ်ဝေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမှာ ရွာ ၁၅ ရွာပေါင်းပြီး PDF ကို ဆန်နဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့

“အခုလို ထောက်ပံ့တဲ့အပေါ်မှာ အတိုင်းမသိ ဝမ်းသာတာပေါ့။ ကျနော်ရပ်တည်နေရတာကလည်း စားနပ်ရိက္ခာအစ လက်နက်တွေဝယ်ဖို့ ဘတ်ဂျက်တွေ လိုအပ်နေတာ၊ ကျနော်တို့က အာဏာရှင်စနစ်ဆိုးကိုမကြိုက်လို့ တော်လှန်နေရပေမယ့် ငွေရေးကြေးရေးအပိုင်းမှာ ဘက်ဂရောင်း မရှိကြဘူး။ လက်ရှိတော်လှန်နေတာကလည်း ကျနော်တို့မှာ အိုးပစ်အိမ်ပစ်နဲ့ ဆိုတော့ အခက်အခဲတွေ ကြုံနေရပါတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10