ကြို့ပင်ကောက်မှာ စစ်ကောင်စီကို ကျောင်းသားလူငယ်တွေ ဆန္ဒပြ (photo news)

ကြို့ပင်ကောက်မှာ စစ်ကောင်စီကို ကျောင်းသားလူငယ်တွေ ဆန္ဒပြ (photo news)

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်မှာ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

"တပ်ပေါင်းစုကို တည်ဆောက် ပြည်ထောင်စုအစစ်ဆီချီတက်"
စာတန်းပါဘန်နာကို ကိုင်ဆောင်ပြီး မြို့ရဲ့တနေရာမှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။


"ကျနော်တို့ ပြောချင်တာကတော့ လက်ရှိကာလဟာ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစုစည်းစည်းရှိပြီး ဘုံရန်သူကို အင်နဲ့အားနဲ့ ဦးတည်တိုက်ကြရမယ့် ကာလလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အားလုံးစုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်တဲ့ တပ်ပေါင်းစုတခုကို တည်ဆောက်ပြီး လူထုလွတ်မြောက်ရေးနဲ့  ပြည်ထောင်စုအစစ်ဆီကို ချီတက်ကြရမှာ ဖြစ်တယ်"
လို့ လူဘောင်သစ် လူငယ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီဆန္ဒထုတ်ဖော်မူကို ကြို့ပင်ကောက်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ အထက ကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂနဲ့ လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#ပဲခူးတိုင်း #ကြို့ပင်ကောက် #ဆန္ဒပြ #လူငယ် #ကျောင်းသားသမဂ္ဂ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10