တော်လှန်ရေးနယ်မြေ ယောဒေသမှာ ရိုးရာဆီမီးပူဇော်ပွဲကျင်းပဖို့ ပြင်ဆင် (photo essay)

တော်လှန်ရေးနယ်မြေ ယောဒေသမှာ ရိုးရာဆီမီးပူဇော်ပွဲကျင်းပဖို့ ပြင်ဆင် (photo essay)

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာအောက်တိုဘာ ၂၇ ရက် ယနေ့ညနေကစလို့ သီတင်းကျွတ်အခါသမယ မြတ်ဗုဒ္ဓကိုရည်မှန်းပြီး ရိုးရာဆီမီးပူဇော်ပွဲ ပြုလုပ်မှာဖြစ်တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဆောနယ်မြေရဲ့တနေရာမှာ မြန်မာလဆန်း ၁၃၊ ၁၄၊ ၁၅၊ လပြည့်ကျော် ၁ ရက်ညတွေမှာ မီးကြာလှည့်ပွဲပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ယောဒေသ ရိုးရာဓလေ့ဆီမီးပူဇော်ပွဲကို ရပ်ရွာလူငယ်တွေက ဦးဆောင်ပြီး၊ ကျား/မ မရွေးလူငယ်၊ လူလတ်၊ လူကြီးပိုင်းအဖြစ် တာဝန်ခွဲဝေကာ တောထဲမှ ဝါးခုတ်သူ၊ ဝင်္ကဘာလုပ်သူ၊ မီးပုံးပြုလုပ်သူတွေနဲ့ စတင်ပြင်ဆင်လုပ်ကိုင် နေကြတယ်လို့ ဆိုပါတယ်။

"မီးကြာလှည့်မယ်။ ဆီမီးထွန်းထားတဲ့ ဝင်္ကပါထဲမဝင်ခင် သနပ်ခါးပါးတို့မယ်။ ဝင်္ကပါက ပြန်ထွက်တော့ ကျောင်းပေါ်မှာ ပန်းကမ်း၊ မီးကမ်းကြမယ်။ ကျောင်းသူလေးတွေ ကကြမယ်။ ပြီးရင်တနေ့တာ ကုသိုလ်အတွက် ရေစက်ချအမျှပေးသာဓုခေါ်ပြီး အိမ်ပြန်ကြတယ် "  လို့ ဆောဒေသခံ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလို ယောဒေသရိုးရာဓလေ့ ဆီမီးပူဇော်ပွဲကို ကျေးလက်နေပြည်သူတွေ လာရောက် လည်ပတ်လေ့ရှိပြီး၊ ဒေသခံပြည်သူတွေအတွက် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖျော်ဖြေပွဲတွေထည့်သွင်းထားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #သီတင်းကျွတ် #မီးထွန်းပွဲ #မကွေးတိုင်း #ယောဒေသ #ဆောမြို့နယ် #photoessay #ရိုးရာဓလေ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10