တပတ်အတွင်း မြေလတ်သတင်း
- စစ်ကြောင်းထိုးနေလို့ မန္တလေး - ရွှေဘိုကားလမ်းကို ယာယီပိတ်သိမ်းကြောင်း ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန် - သစ်ခိုးထုတ်စစ်သားတွေကို လုံခြုံရေးပေးတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ - မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ - စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံး စီးနင်းခံရလို့ ၂ ဦးသေ၊ သေနတ် ၁ လက်ရ - မြောင်နဲ့ ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်း - စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ - လူသွားလမ်းမှာထောင်ထားတဲ့ စစ်တပ်နင်းမိုင်းတွေကြောင့် ပြည်သူတွေထိခိုက်မှုရှိလာလို့ PDF က မိုင်းရှင်းပေး - ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ် - စစ်ရိက္ခာကား ၁၂ စီး ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ - စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန် လမ်းပြန်ဖွင့်ပေးဖို့ တမူးပြည်သူတွေ မျှော်လင့်နေ - မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး