တပတ်အတွင်း မြေလတ်သတင်း
- အညာမှာအခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မယ်လို့ BPLA အသိပေး။ - ပခုက္ကူက တင်းဂတ်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်သား ၂ ဦးသေဆုံးဟုဆို။ - မန္တလေး PDF ရဲ့အချုပ်ဆောင်နေရာ လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၈ ဦးအပါ ၁၂ ဦးသေဆုံး။ - ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၄ ဦးကို မီးရှို့သတ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်းကျဆုံး။ - စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား။ - ပြည်နဲ့ သရက်က ကလေး ၁ ဦးအပါ ၁၁ ဦးအဖမ်းခံထားရပြီး နေအိမ်အချို့ပါ ချိပ်ပိတ်ခံရ။ - ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့။ - ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရကာ အိမ်ခြေ ၄၀ ခန့် မီးရှို့ခံရတာကြောင့် ဒေသခံ ၆,၀၀၀ ကျော်စစ်ရှောင်နေရ။ - မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ။