ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဘာတွေလိမ်ခဲ့သလဲ (အတွေးအမြင်)
အာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘာတွေလိမ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ တနည်းပြောရရင်တော့ မင်းအောင်လှိုင်နဲ့ နောက်လိုက် အပေါင်းအပါတသိုက်က သူတို့ရဲ့ နောက်လိုက်တွေကို ဘာတွေလိမ်ခဲ့သလဲ၊ ဘယ်လိုဝါဒမှိုင်းတွေ တိုက်ခဲ့သလဲဆိုတာကို ကြည့်ကြရအောင်ပါ။