ရုပ်ပုံလွှာ

နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

ဗိုလ်ကောက်ရိုးပြောပြတဲ့ သူ့အကြောင်း၊ တော်လှန်ရေးအကြောင်း (ရုပ်ပုံလွှာ)

မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော်တွေဟာ မြေပြင်ကျွမ်းကျင်မှုရှိသလို ရည်ရွယ်ချက်နဲ့ အနာဂတ်ရှိပြီး စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်နေကြတာကြောင့် စစ်ကောင်စီတပ်သားတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နယ်မြေကျွမ်းကျင်မှုမှာ အနိုင်ရရှိထားပြီဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုအသာစီးရထားပေမယ့် တော်လှန်ရေးဘာကြောင့် ကြာနေရသလဲဆိုတဲ့ အချက်ကို သူက အခုလို ပြောပြပါတယ်။ "ဘာဖြစ်လို့ ကြာနေတာလဲဆိုတော့ နိုင်ငံရေးသမားတွေအများစုတော့ မပြောလိုဘူး။ နိုင်ငံရေးသမားတွေ၊ ရေပေါ်ဆီတွေ၊ လေကြီး၊ မိုးကြီးပြောတဲ့အကောင်တွေကြောင့် ကြာနေတာ" လို့ သူ မှတ်ချက်ပြုပါတယ်။

လိပ်ပြာ

တကယ်က သူ့အရွယ်ဟာ ကျောင်းတက်၊ စာဖတ်၊ ပညာရေးကို လေ့လာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေ နေရမယ့်အရွယ်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အဲဒီလိုတွေလုပ်ဖို့ အခွင့်အရေးတွေ မပေးတဲ့အခါ ဒီလိုအခွင့်အရေးတွေ ရနိုင်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေကို ရင်းနှီးပြီး တော်လှန်ရေးမှာ အသက်တွေ ပေးထားရတာပါ။

တော်လှန် ကျီးကန်း (ရုပ်ပုံလွှာ)

တကယ်က မိုင်းပေါက်ကွဲနေတာကို သူ့အကြားအာရုံက မသိတော့ဘဲ ကုန်းအော်နေတာသာဖြစ်ပါတယ်။ သူ့ညီဆီကမူ ဘာအသံမျှ ထပ်မကြားရတော့ဘဲ ငြိမ်သက်တိတ်ဆိတ်သွားပါတယ်။ “ကျနော့်ညီဆို မီးသွေးတုံးလိုပဲ မီးလောင်သွားတာ” လို့ သူညီ သေဆုံးသွားခဲ့တဲ့ ပုံစံကိုပြောပြပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် သူ့ညီအပါအဝင် ၆ ယောက်က ပွဲချင်းပြီးသေဆုံးပြီး သူအပါအဝင် ၃ ယောက်က ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10