စစ်ဆေးရေးဂိတ်တွေမှာ ဆော့ဖ်ဝဲလ်အသုံးပြုပြီး စစ်ပြေး၊ရဲပြေးတွေကို စီမံချက်နဲ့ ဖမ်းဆီးနေ
“ အဲ့ဒီလိုဖမ်းဆီးဖို့ စစ်ဆေးရေးဂိတ်တွေမှာTablet နဲ့ ဂိတ်ကြီးရင် ၃/၄ ယောက်၊ ဂိတ်သေးရင် ၁ ယောက် အဲ့ဒီလို သပ်သပ်ချပေးထားတယ်။ စစ်ပြေး၊ ရဲပြေး အရမ်းများလာလို့ အဲ့ဒီလိုလုပ်တာ။ အရင်လိုမှတ်ပုံတင်ကအလုပ်အကိုင်နေရာမှာ ကျောင်းသားတို့၊ ကုန်သည်တို့ ပြောင်းထားလည်း မရတော့ဘူး၊ လူပုံစံအနေအထားကြည့်ပြီး အဲ့ဆော့ဖ်ဝဲလ်ထဲကို မှတ်ပုံတင်က နာမည်၊ နံပါတ်ရိုက်ထည့်လိုက်တာနဲ့ စစ်ပြေး၊ရဲပြေးဆိုရင် အချက်အလက် အကုန်ပေါ်တယ်။”