သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်းအခြေစိုက် ချင်းကာကွယ်ရေးတပ်-အရှို (CDF - Asho) ရဲ့ အပတ်စဥ် ၆ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်ဒီကနေ့မှာ CDF-Asho ကထုတ်ပြန်ပါတယ်။
အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့မတ် ၁၉ ရက်နေ့မနက် ၇ နာရီကနေ ၁၀ နာရီအထိ CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး လုံခြုံရေးအခြေအနေအရ ဒီနေ့မှာထုတ်ပြန်ရတာလို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF - Asho )မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းကပြောပါတယ်။

သင်တန်းဆင်းပွဲမှာ ဆု ၆ ဆုချီးမြှင့်ခဲ့ပြီး အဲဒီဆုတွေကတော့ အောင်စစ်သည်ဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ ဇွဲဆု၊ ကျန်းမာရေးကောင်းမွန်ဆု၊ လက်ဖြောင့်ဆု၊ ကြံ့ခိုင်ရေး ကောင်းမွန်ဆုတို့ ဖြစ်ကြပါတယ်။
အဲဒီဆု ၆ ဆုထဲက စစ်ရေးပြအကောင်းဆုံးဆု၊ ကျန်းမာရေးကောင်းမွန်ဆု၊ ဇွဲဆုစတဲ့ ၃ ဆုကို အမျိုးသမီးတပ်ဖွဲ့၀င်တွေရရှိခဲ့တယ်လို့ ဆလိုင်းရိုးချင်းက ဆက်ပြောပါတယ်။

သင်တန်းပွဲကို ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဆုရကျောင်းသားတွေကို ဆုချီးမြင့်ခြင်း၊ အလံအလေးပြုခြင်း နဲ့ အားကစားအစီအစဥ်တွေ ပြုလုပ်ပြီး အဆုံးသတ်ခဲ့တယ်လို့သိရပါတယ်။







စာတည်း - လင်း
#မြေလတ်အသံ
#CDF-Asho #သင်တန်းဆင်းပွဲ
Share Share Share