လက်တကမ်းကျန်းမာရေး

“ဆေးဖက်ဝင် အုန်းပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေကို အုန်းရေက ဘယ်လိုအာဟာရတွေပေးသလဲ။ အုန်းသီးစားသုံးခြင်းဟာ ဝိတ်ချနေသူတွေအတွက် ဘယ်လိုအထောက်အကူပြုသလဲ။ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါ အုန်းရွက်ပြုတ်ရေဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအဆိပ်သင့်တဲ့အခါ အုန်းပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် ဝါးပင်” (Podcast)

သွေးတိုး၊ ဆီးချိုထိန်းသိမ်းနိုင်ဖို့ ဝါးရွက်ကို ဘယ်လိုအသုံးပြုမလဲ။ ဝါးရွက်လက်ဖက်ခြောက်ပြုတ်ရည်နဲ့ ပျားရည်ရောနှောသောက်သုံးရင် ဘယ်လိုရောဂါတွေကို သက်သာပျောက်ကင်းစေသလဲ။ ဝါးလုံးထဲကရတဲ့ ဝါးရေကရော လူ့ခန္ဓာကိုယ်ကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“မျက်စိနာရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

မျက်စိနာရောဂါ ဘာကြောင့်ဖြစ်ရသလဲ။ အုန်းဆီ၊ နှမ်းဆီ၊ ပျားရည်တို့နဲ့ မျက်စိနာရောဂါကို ဘယ်လို ကုသလို့ရသလဲ။ မျက်စိနာရောဂါ သက်သာဖို့အတွက် ရှားစောင်းလက်ပတ်နဲ့ မာလကာရွက်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် သရက်ပင်”

ဆီးချိုသွေးချိုရောဂါတွေသက်သာအောင် သရက်ရွက်အရင့်ကို ဘယ်လိုသုံးမလဲ။ သွားကိုက်၊ သွားဖုံးသွေးယိုစတဲ့ရောဂါတွေအတွက် သရက်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ခြေဖဝါးကွဲအက်ဒဏ်ရာတွေကို သရက်စေးနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကိုနားဆင်ရမှာပါ။

“ရေစီးကမ်းပြိုရောဂါနှင့် လက်တကမ်းဆေးပညာ”

ရေစီးကမ်းပြိုရောဂါဘာကြောင့်ဖြစ်ရသလဲ။ ရေစီးကမ်းပြိုရောဂါကို သဖန်းခေါက်၊ ဂျာမဏီရွက်တို့နဲ့ ဘယ်လိုကုလို့ရသလဲ။ အုန်းသီးကင်းနှင့် ကွမ်းသီးကင်းတွေဟာ ရေစီးကမ်းပြိုရောဂါကို ဘယ်လိုသက်သာစေသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် တောင်မရိုးပင်”

တောင်မရိုးပင်ဟာ ခန္ဓာကိုယ်ဖောရောင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ။ ငှက်ဖျားရောဂါဖြစ်ရင် တောင်မရိုးပင်နဲ့ ဘယ်လိုကုသနိုင်သလဲ။ တောင်မရိုးရွက်ရေနွေးကြမ်းဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲဆိုတာတွေကိုနားဆင်ရမှာပါ။

“မီးယပ်သွေးဆုံးခြင်းနှင့် လက်တကမ်းဆေးပညာ”

မီးယပ်သွေးဆုံးချိန် လက္ခဏာများ။ မီးယပ်သွေးဆုံးခြင်းကို ထိန်းချုပ်နိုင်ဖို့ လက်တကမ်းက ဆေးဝါးတွေအကြောင်း။ မီးယပ်သွေးဆုံးချိန်မှာပေါ့ဆရင် နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်နိုင် သလဲဆိုတာကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် တမာပင်”

တမာကိုအသုံးပြုပြီး ဆီးချိုရောဂါကိုဘယ်လိုကုသနိုင်သလဲ။ အဆုတ်နဲ့တီဘီရောဂါကုသနိုင်ဖို့ တမာဟာ ဘယ်လိုအရေးပါသလဲ။ တမာဆီကို ဦးရေပြားမှာလိမ်းကြံပေးပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ စတာတွေကိုနားဆင်ရမှာပါ။

“ငှက်ဖျားရောဂါနှင့် လက်တကမ်းဆေးပညာ”

ငှက်ဖျားရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ ငှက်ဖျားရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲ။ ငှက်ဖျားရောဂါကိုမကုသပဲ ပေါ့ဆရင် နောက်ဆက်တွဲဘယ်လိုဆိုးကျိုးတွေရင်ဆိုင်ရနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် မန်ကျည်းပင်”

ကိုယ်အလေးချိန်ကျဖို့နဲ့ အသားအရည်လှပဖို့ မန်ကျည်းကိုဘယ်လိုအသုံးပြုမလဲ။ မန်ကျည်းမှည့်အနှစ်ဟာ သွေးတွင်းအဆီကို ဘယ်လိုလျော့ကျစေနိုင်သလဲ။ အူလမ်းကြောင်းအနာတွေသက်သာစေဖို့ မန်းကျည်းရွက်ကို ဘယ်လိုစားသုံးရမလဲဆိုတာတွေကို နားဆင်ရမှာပါ။

“သွေးလွန်တုပ်ကွေးရောဂါနှင့် လက်တကမ်းဆေးပညာ”

သွေးလွန်တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် ထနောင်းပင်”

ဆီးချို၊ သွေးတိုးထိန်းညှိပေးနိုင်ဖို့ ထနောင်းရွက်ကို ဘယ်လိုစားသုံးလို့ရမလဲ။ ကာလသားရောဂါအနာတွေအတွက် ထနောင်းရွက်ကို ဘယ်လိုအသုံးပြုကုသလို့ရမလဲ။ ထနောင်းခေါက်ပြုတ်ရည်ဟာ ဘယ်လိုရောဂါတွေသက်သာပျောက်ကင်းအောင် ကုသလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“တုပ်ကွေးရောဂါနှင့် လက်တကမ်းဆေးပညာ”

တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ တုပ်ကွေးရောဂါမဖြစ်အောင် ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများ၊ တုပ်ကွေးရောဂါဖြစ်ပွားလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် ရဲယိုပင်”

နှလုံးသွေးကြောကျဉ်းရောဂါ သက်သာအောင်ရဲယိုရွက်က ဘယ်လိုအထောက်အကူပြုနိုင်သလဲ။ နို့တိုက်မိခင်တွေအတွက် ရဲယိုပင်ရဲ့အသုံးဝင်ပုံ။ အစာလမ်းကြောင်းကောင်းမွန်စေဖို့ ရဲယိုပင်ရဲ့ ဘယ်အစိတ်အပိုင်းက ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“နှလုံးသွေးကြောကျဉ်းရောဂါနှင့် လက်တကမ်းဆေးပညာ”

နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေတဲ့အကြောင်းအရင်းတွေ။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10