စစ်ရှောင်

ကလေးဝမှာ စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ရေစကြိုဘက်ကရွာ ၁ ရွာကို စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့လို့ လူဦးရေ ၉၀၀ ကျော် ရွာပြင်ထွက်ပြေးခဲ့ရ (ရုပ်/သံ)

တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာ ၁ ရက် မနေ့က မနက် ၅ နာရီခွဲလောက်မှာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပစ်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင်မှာ နေအိမ် ၂၀၀ နီးပါးကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ စစ်ရှောင်နေရတဲ့ ၄,၀၀၀ ကျော် စောင်၊ အနွေးထည် အကူအညီတွေ လိုအပ်နေ

“ ဆောင်းတွင်းကာလဖြစ်တဲ့အတွက် တောထဲတောင်ထဲမှာ ဖြစ်သလိုနေရတာကြောင့် ဖျားနာတဲ့သူတွေများပါတယ်။ လယ်မရွာမှာ ပိတ်မိပြီးမပြေးနိုင်တဲ့ အဖိုးအို ၁ ဦးလည်း မီးလောင်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီအဖိုးအိုကိုလည်း ဆေးဝါးကုသမှုပေးနေပါတယ်။”

စီပါရွာထဲ စစ်ကြောင်းပြန်ထိုးလာမှာကြောက်လို့ ဒေသခံတချို့  ရွာပြင်မှာ တဲထိုးပြီးနေရ

"တဲအလုံးရေ ၂၅၀ လောက်ရှိတယ်၊ တဲလေးတွေနဲ့ကတော့ စင့်တွေဘာတွေ မထိုးနိုင်ဘူးလေ ဒီအတိုင်းပဲမြေပြင်မှာပဲအိပ်ရတာ မြေပြင်မှာပဲနေပြီးတော့မှ ဘေးက အကာရံလေးတွေနဲ့ပေါ့၊ အပြည့်စုံတော့မကာနိုင်ဘူးပေါ့၊ ရွာထဲ စစဝင်ချင်းမြင်ရတဲ့မြင်ကွင်းက တအားဝမ်းနည်းမိတယ် တအားလည်းသူတို့ကိုဒေါသဖြစ်တယ် ဘယ်တော့မှလဲ သူတို့ကိုအရှုံးပေးမှာမဟုတ်ဘူး"

ဆောင်းတွင်းကာလမှာ ကြုံရာကျပန်းလုပ်နေရတဲ့ စစ်ရှောင်တွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ အင်မထီး ပအဖ အဖွဲ့ဆီက သိရပါတယ်။

မြေကွက်ငှားပြီးနေရတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသရေးနဲ့ စားဝတ်နေရေးခက်ခဲနေ (ရုပ်/သံ)

အလုပ်မလုပ်ကိုင်နိုင်တဲ့ စစ်ရှောင်သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေနဲ့ ချို့တဲ့တဲ့မိသားစုဝင် ကလေးငယ်တွေဟာ အစာအာဟာရ မျှတစွာမစားရတဲ့အပြင် ဆေးဝါးကုသရေးပါ ခက်ခဲနေတဲ့အတွက် ဖော်ဖော်ဝါရီလကနေ ယခုနိုဝင်ဘာလအတွင်း သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ် သေဆုံးသူဦးရေ ၈ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

နတ်မောက်က နေအိမ် ၁၁ လုံးကို စစ်တပ်ကမီးရှို့

"ရွာအရှေ့ပိုင်းက နေအိမ်တွေကို မီးရှို့သွားတာ။ မီးရှို့ခံရတဲ့ အချို့နေအိမ်တွေက လူရှိနေတယ်။ သူတို့မီးရှို့တော့ ရွာကလက်ကျန်လူတွေလည်း ထွက်ပြေးရတယ်။"

စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်တပ်ကမီးရှို့   ■ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၆ ဦးအဖမ်းခံထားရ

"ရပ်ရွာတွေထဲမှာ ရှိရှိသမျှလူတွေကို မြင်ရာပစ်ခတ်တာ။ ရွာတွေထဲက လျှပ်စစ်မီးလိုင်းတွေဖြတ်တယ်။ ထရမ်စဖာတွေ ဖျက်ဆီးတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေယူတယ်။ ရပ်ရွာထဲက ကြက်၊ ငှက်တွေ သတ်ဖြတ်စားတယ်။ အရက်သေစာသောက်စားပြီးမှ ရွာတွေကိုမီးရှို့တာ"

စေတုတ္တရာမြို့နယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၂ ထောင်ကျော် အရေးပေါ် စစ်ရှောင်နေရ

“ခုဖြစ်နေတဲ့နေရာက ကျနော်တို့ စေတုတ္တရာအဖွဲ့တွေ စိုးမိုးထားတဲ့နေရာမဟုတ်ဘူး။ ပြည်သူတွေကိုတော့ အတတ်နိုင်ဆုံး ကူညီမှာပါ။ လတ်တလော အန္တရာယ်ကင်းအောင် ရှောင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။"

ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနဲ့ ဆင်ကြို့ရွာကို စစ်ကောင်စီစစ်ကြောင်းကဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ရွာခံပြည်သူတွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာ ၃ ရွာကို စစ်တပ်မီးရှို့ ■ တိုက်ပွဲကို ပစ်ကူပေးတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

မီးရှို့ခံခဲ့ရတဲ့ကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းအနီးရှိ သူဌေးကျွန်း၊ ရွှေဘိုးကြီး၊ ထန်းခြောက်ပင်ကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာ နေအိမ်တွေကနေ ပစ္စည်းတွေသယ်ယူပြီးနောက် ကျေးရွာနေအိမ်တွေကိုမီးရှို့ခဲ့ပြီး မတ္တရာမြို့ထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်လင်မယားချင်းစကားများရာက မိန်းမဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

“ ကျောင်းဝန်းထဲမှာ သူတို့ကို မီးစက်ခန်းအဟောင်းလေးတခု ပေးထားတာပေါ့။ သူတို့လင်မယား အဲ့မှာနေတာပေါ့။ သူ(ကိုထွန်းထွန်း)က အဲ့ထဲမှာ ဆေးသုံးဖို့လုပ်နေတဲ့အချိန် သူ့အမျိုးသမီးဝင်လာတယ်။ ဆေးကနည်းနည်းပဲ သုံးခင်ရတယ် (သုံးတယ်လို့ပြောတယ်)။ သုံးပြီးတော့ လင်မယားနည်းနည်းစကားအခြေတင်ဖြစ်တာ။”

မုံရွာမှာစစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံ ၆၀ ဝန်းကျင်ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၂၃ ရက် ဒီကနေ့အထိ ဒေသခံ ၆၀ ဝန်းကျင်ကျော်ကို ဖမ်းသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီက သိရပါတယ်။

ဆိပ်ဖြူမှာ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး  ■ ထီးလင်းမှာလည်း ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်းပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Yenather Column အဖွဲ့ဆီက သိရပါတယ်။

မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ  ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား

"ကျနော်တို့စခန်းတွေ ဝင်စီးခံရတာ။ ရှေ့တန်းစခန်းတွေပါ။ ကျနော်တို့က နေရာလေးတွေ ခွဲထားတာ။ လူတွေကတော့ အကုန်လွတ်တယ်။ ရွှေမြင်းတင်တောင်မြောက်ဘက် ပတ္တမြားဘက်ခြမ်းမှာတော့ Battle (တိုက်ပွဲ)ပစ်ခဲ့တာရှိသေးတယ်။ အဲ့မှာ ထိခိုက်တော့ မသိရဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10