စစ်ရှောင်

ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား

"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"

ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကဒေသခံတွေ နေရပ်တိမ်းရှောင်

“တိုက်ပွဲဖြစ်လာရင်တော့ ပျက်စီးမယ်၊ သေ‌ကြမယ်ဆိုတာတော့ သိပါတယ်။ ကျနော်တို့လူငယ်တွေက အကြောင်းမဟုတ်ဘူး။ အသက်ကြီးတဲ့ မိဘတွေကျ မပြေးနိုင်မလွှားနိုင်ဘူး၊ အဲ့ဒါကြောင့် ပြောင်းရွှေ့ရတာပါ။”

မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ ရေကြီးလို့ စစ်ရှောင်တွေ နေရာပြောင်းရွှေ့နေရ

"ချောင်းမှာလှမ်းထားတဲ့အဝတ်တွေ ဖိနပ်တွေ ထင်းတွေ ရေနဲ့မျောကုန်တယ်။ လူတွေမျောတာ သေတာမရှိပါဘူး။ အိမ်သာတွေလည်း ရေမျောသွားတယ်"

မြိုင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ရွာ ၈ရွာက ပြည်သူ ၃ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

ဗုံးကြဲခံရတဲ့ ရွာတွေက ဒေသခံပြည်သူအများစုက ဗုံးကြဲတဲ့အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်ကြပြီး ကျန်နေခဲ့တဲ့ဒေသခံတွေကလည်း စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာတော့ အားလုံးစစ်ရှောင်လာကြတယ်လို့ ထန်းငယ်တောရွာခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ရေစကြိုမှာ လေကြောင်းဗုံးကြဲလို့ အမျိုးသမီးငယ် ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရပြီး ဒေသခံတွေထွက်ပြေးနေရ

“ မအူတိုက်နယ်ဆေးရုံမှာက CDM ဝန်ထမ်းအချို့နဲ့ ဆေးကုသပေးနေတာတွေရှိတယ်။ တိုက်နယ်ဆေးရုံကို ဗုံးကြဲတာမှာ အနီးဝန်းကျင်ကအိမ်ကို ဗုံးသီးကျတာ။ အဲ့ဒီအိမ်ဝိုင်းထဲက အသက် ၁၈ နှစ် အရွယ်နဲ့ ၁၂ နှစ်အရွယ် ၂ ဦးနေရာတင်ပွဲချင်းပြီး သေသွားတယ်”

ဂန့်ဂေါနယ်က စစ်ရှောင်စာသင်ကျောင်း ၉ ကျောင်းမှာ မိုးကာနဲ့ဆေးဝါး အဓိကလိုအပ်နေ

“လိုအပ်တာက တကျောင်းနဲ့တကျောင်းကတော့ မတူဘူး။ တချို့ကျောင်းက အမိုးကတော့ နေလို့ရသေးတယ်။ မာကာတို့၊ မင်အိုးတို့၊ စာရေးကိရိယာတို့ အဲ့ဒါတွေ လိုအပ်တဲ့ကျောင်းတွေလည်း ရှိတယ်။ တချို့က အမိုးအကာမလုံသေးတဲ့ကျောင်းတွေ အများကြီးရှိတယ်။”

ဝက်လက်နယ်ကစစ်ရှောင်တွေကို ထမင်းတနပ်စာကျွေးပြီး ကလေးငယ်တွေကို စာရေးကိရိယာထောက်ပံ့(ရုပ်/သံ)

ရှိန်းမကားရွာဘက်ကနေ ရွှေတိုက်တောင်ကျေးရွာကို စစ်ဘေးရှောင်လာရတဲ့ စစ်ဘေးရှောင်နဲ့ကလေးငယ် ၁၂၀ ဝန်းကျင်ကို စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာထမင်းတနပ်ကျွေးခဲ့တဲ့အပြင် အဲ့ဒီထဲက စစ်ရှောင်ကလေးငယ် ၇၂ ဦးကို စာရေးကိရိယာထောက်ပံ့ခဲ့ပြီး ငွေကျပ် ၈ သိန်း ကုန်ကျခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့်က ပြောပါတယ်။

လေကြောင်းဗုံးကြဲခံရလို့ ရွာခံ ၆ ဦးသေခဲ့တဲ့ လက်ယက်မရွာခံတွေ ကျေးရွာထဲ ပြန်မနေရဲကြသေး

“နေ့ဘက်တွေဆို သူများအိမ်က အလုပ်လေးတွေ လုပ်တယ်။ ညဘက်ကျရင်တော့ ပြန်ထွက်တယ်။ ပြန်ထွက်တဲ့အထဲမှာ လက်လုပ်လက်စားသမားတွေထက် ပိုက်ဆံချမ်းသာတဲ့သူတွေပဲ ထွက်ကြတာပါ” လို့ လက်ယက်မ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ် ။

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

“လောလောဆယ်တဲ့ ရှိတဲ့ဆရာ၊ ဆရာမတွေက အဆင်ပြေအောင်ကုသပေးထားပါတယ်။ ပစ်တာကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးပစ်တာ။ တကယ်တမ်းက PDF တွေမဟုတ်ဘဲ အရပ်သား ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်နေတာ”

ကောလင်းက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် အခြေခံ ရိက္ခာခြောက်တွေထောက်ပံ့ (ရုပ်/သံ)

စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီခွဲက စစ်ရှောင်အိမ်ထောင်စု ၂၀၀ စုကို ၁ အိမ်ထောင်ကို ငါးခြောက် ၁၀ သား၊ ဆား ၅၀ သား၊ လက်ဖက် ၁ ထုပ်၊ ပဲပြား ၁ ဗူး၊ ကြာဇံအထုပ်သေး ၁ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

"မင်းအောင်လှိုင်ကိုတော့ ဒီတသက် မကျေနပ်ဘူး၊ ရှေးတသက်လည်း မကျေနပ်ဘူး " (ရုပ်/သံ)

ဦးဝါသဝရဲ့ပျူစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာအတွင်းက နေအိမ်ကြီးငယ်အားလုံးမီးလောင်ပြာကျခဲ့ရပြီး ပြည်သူတွေဟာ စစ်ကြောင်းနဲ့ဝေးရာ လယ်တောတွေ၊ သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေနေကြရတယ်လို့ သုံးရွာတန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် စစ်ရှောင်အဖွားအိုက ပြောပါတယ်။

ဦးဝါသဝစစ်ကြောင်း မီးရှို့သွားတဲ့ ခင်ဦးနယ်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ (ရုပ်/သံ)

ခင်ဦးမြို့နယ်၊ သုံးရွာတန်းက စစ်ရှောင်ပြည်သူတွေဟာ နေအိမ်တွေမီးရှို့ခံရပြီး ရွှေ့ပြောင်းနေထိုင်နေရကာ ကိုယ်ဝန်သည်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် အများစုဟာ ဆေးဝါးနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကို စားဝတ်နေရေးနဲ့ ဝင်ငွေရဖို့ ခြင်းရက်နည်းသင်ပေး (ရုပ်/သံ)

စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ တဖက်တလမ်းကနေ ဝင်‌ငွေရဖို့အတွက် ရည်ရွယ်ပြီး တာဘိုစစ်ရှောင်စခန်းနဲ့ YC စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခြင်းရက်တတ်အောင် သင်ပေးတာလို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ဆိုပါတယ်။

စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက အိမ်ထောင်စု ၆၀ ကျော်ကို ငွေထောက်ပံ့

အိမ်ထောင်စုတစုကို ငွေကျပ် ၅ သောင်းစီနဲ့ စက်တင်ဘာလ ၇ ရက်မှာ ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံက သွားရောက်ထောက်ပံ့ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှရုံးအဖွဲ့မှူး မစုက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10