ပေါင်းတည်မှာ လမ်းသွားလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ
" မနေ့ကတင် (နိုဝင်ဘာ ၁၀) သရက်ချဥ်က ၇ ယောက်၊ ထန်းတောရွာက ၃ ယောက် ဖမ်းသွားတယ်။ ရွာထဲကို ကင်းလှည့်သလို၊ ဘာလိုနဲ့ စောင့်စစ်တယ်။ သူတို့ဘောင်ဝင်တဲ့သူတွေဆို ခေါ်ခေါ်သွားတာ"
" မနေ့ကတင် (နိုဝင်ဘာ ၁၀) သရက်ချဥ်က ၇ ယောက်၊ ထန်းတောရွာက ၃ ယောက် ဖမ်းသွားတယ်။ ရွာထဲကို ကင်းလှည့်သလို၊ ဘာလိုနဲ့ စောင့်စစ်တယ်။ သူတို့ဘောင်ဝင်တဲ့သူတွေဆို ခေါ်ခေါ်သွားတာ"
"ဘယ်လိုဖြစ်လဲဆိုတော့ သူတို့သူငယ်ချင်း ၇ ယောက်ပုဂံကိုခရီးထွက်တယ်။ သောကြာနေ့ညရောက်တော့ သူတို့အိပ်လိုက်တယ်၊ စနေနေနိုးလာတယ်၊ လျှောက်လည်ကြတယ်။ အဲ့လိုသူတို့တွေလျှောက်သွားတယ် လျှောက်လည်တယ်။ တနင်္ဂနွေနေ့ ည ၇ နာရီလောက်မှာပဲ မြစ်ဘေးနားက ကန်ဘောင်မှာသောက်ရင်းစားရင်း Bluetooth Speaker နဲ့သီချင်းဖွင့်တယ်။ အဲဒါကို အသံတိုးပေးဖို့ ဟိုတယ်ဝန်ထမ်း ၁ ဦးလာပြောတယ်။ သောက်ရင်းစားရင်းဆိုတော့ နည်းနည်းတော့ စကားအချေအတင်ဖြစ်ပုံပဲ။ ဒါပေမဲ့ ပြဿနာတက်တဲ့ အဆင့်ရောက်မသွားဘူး။ ကျနော့်ကောင်တွေက Bluetooth ပိတ်လိုက်ကြတယ်။ ၅ ဦးဟိုတယ်ကို ပြန်တယ်။ ကျန် ၂ ယောက် သူတို့ကောင်မလေးတွေနဲ့ စကားပြောနေတော့ ကျန်ခဲ့တယ်။ အဲ့မှာ ဟော်တယ်အခန်းနား အရောက် စရိုက်တာပဲ"
ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။
အမ်း - ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
"သူတို့ ရွာအရှေ့ဘက်ခေါင်းရင်းကို ထွက်လာတာပေါ့။ ထွက်လာတဲ့အချိန်မှာ ကျနော်တို့က ဒီကောင်တွေအရင်တုန်းထဲကသူတို့ ထွက်နေတာကိုသိတယ်။ အဲ့တော့ကျနော်တို့ 8+အညာမြေတပ်ပေါင်းစုအဖွဲ့ ရှေ့ကစောင့်ကြိုပြီး မနက် ၉ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာ။"
“ကျနော်တို့ အနီးကပ်သွားရောက်ပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခန်းကို ကျနော်တို့ဝင်ရောက်သိမ်းပိုက်နိုင်တဲ့ အခြေနေထိတော့ မရှိခဲ့ပါဘူး။ သေဆုံးမှုကိုတော့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေမျက်မြင်အရှေ့မှာတော့ ၆ ယောက်လောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။"
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Black Hero LPDF အဖွဲ့ဆီက သိရပါတယ်။
" ကင်းပုန်းဝပ်ပြီး ထိပ်တိုက်ပစ်ရတဲ့ ၂ ကောင်ကတော့ ပက်လက်လန်တယ်။ နောက်က နောက်တိုးအင်အားလာတဲ့အချိန်မှာ အဲ့ဒီ Body ကိုပဲ ကျနော်တို့က ပစ်အားစုထားတာပေါ့နော်။ သေပြီးသားကောင်ကို ထပ်ပြီးပစ်နေတာဖြစ်တဲ့အတွက် အဲ့ ၂ကောင်ကတော့ လုံးဝ လုံးဝ မုန့်ဟင်းခါးပေါ့ဗျာ။"
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အထက စာသင်ကျောင်းနဲ့ ရဲစခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁ ရက်က PDF တွေပူးပေါင်းပြီး Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing တပ်ဖွဲ့ဆီက သိရပါတယ်။
" သူက အထက ၄ မကွေးမှာ ၉တန်းတက်နေတာ။ မိဘတွေက ဖုန်းပေးမကိုင်လို့ ခုလိုလုပ်လိုက်တာလို့ ပြောသံကြားရတယ်။"
နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
“တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ပျူစောထီးတွေက ၁ မိုင်လောက်ဝေးတဲ့ ဝဲလောင်ရဲစခန်းကို ထွက်ပြေးသွားတယ်။ စခန်းအရောက်မှာ သေနတ်ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ပျူစခန်း ဝင်စီးတဲ့အချိန်မှာ သွေးကွက်တွေ တွေ့ရတယ်။”
"နယ်မြေအခြေအနေကြောင့် ခုနေမှထုတ်ပြန်ရတာပါ။ ဆုငွေကတော့ ပထမပိုင်းလောက် မပေးနိုင်ပါဘူး၊ သိန်း ၄၀ စီပဲပေးနိုင်တယ်။"
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရပြီး အဆောက်အဦ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ဆီက သိရပါတယ်။
သူ့ရုပ်အလောင်းကိုတော့ ရှေ့တန်းတနေရာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ အရိုးပြာကို မိခင်တပ်ရင်းဆီပြန်သယ်ကာ အမိန့်ပြန်တမ်းဖတ်ပြီး အခမ်းအနားနဲ့ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။