ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြန် PDFတွေကို ပြည်သူတွေကကြိုဆို (ရုပ်/သံ)
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးနဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲတွေ အခုရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
"လိုက်ပို့ပေးလိုက်ရတဲ့ခရီးသည် ၂ ဦးပြောပြတာကတော့ အမြန်လမ်း မြို့သစ်စစ်ဆေးရေးဂိတ်မှာ လူချိန်းမောင်းလိုက်တာ။ ဒရိုင်ဘာ(ယာဉ်မောင်း)က အိပ်တော့ စပါယ်ယာကမောင်းရင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျမှောက်သွားရတာလို့ ကျနော်တို့ကိုပြောပြတယ်။"
စစ်ကောင်စီက နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။
" အလင်းဝင်တဲ့သူက အရင်တည်းကအလင်းဝင်ချင်နေတာ။ ဖုန်းတွေကို စစ်ဗိုလ်ကသိမ်းတော့ ချိတ်မရဘူးဖြစ်နေတာ။ အဲ့နေ့ကတော့ အရဲစွန့်ပြီး ကျနော့်ဆီကိုပြေးလာတာပဲ "
“ ဆိုင်ကယ်လိုင်စင် စစ်တယ်။ အကုန်စုံရင် လူငယ်တွေဆိုဖမ်းတယ်။ ငွေမပေးနိုင်ရင် စစ်မှုထမ်းရမယ်။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာ နေ့တိုင်းပဲ။”
"၁ စုံကို မြန်မာကျပ်နဲ့ဆိုရင် ၁၆ သိန်းလောက် ရှိမယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေ ထည့်ဝင်တဲ့ငွေနဲ့ ဝယ်တာပါ။"
"ခုဆို သိန်း ၁၀၀ ကျော်လောက်ရှိမယ်။ ရေဘေး စဖြစ်ကတည်းက လာလှူတာတွေလေ။ သူက(အုပ်ချုပ်ရေးမှူး) ဒေသဖွံဖြိုးရေလုပ်ဖို့ဆိုကာ ရွာကဘုန်းကြီးကျောင်းမှာအပ်ထားတယ်ပြောတယ်။ အိမ်ထောင်စုအလိုက် ခွဲရင်ရတဲ့ငွေပမာဏအလိုက် ၃ သောင်းဆိုရင် ၁ သောင်းလောက်ပဲ ပေးဝေတာတွေလုပ်နေတာပါ။ ခုက အလုပ်အကိုင်မရှိတော့ လာလှူတာလေးတွေနဲ့စားနေကြရတာ။ အဲ့ဒါမကျေနပ်ကြဘူးလေ။"
ပုလဲမြို့နယ်အတွင်းမှာ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူပေါင်းတိုက်ခိုက်နေတဲ့ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)က ရဲဘော် ၂ ဦးဟာ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ကျဆုံးခဲ့ရပြီး ကျဆုံးရဲဘော်တွေရဲ့ စျာပနကို အောက်တိုဘာ ၈ ရက်ကပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ECBT ဆင်စခန်းမှာရှိတဲ့ ပုလဲဆင့်နဲ့ ကျော်ပုလဲ ဆင်အမွှာလေး ၂ ကောင်ဟာ ကျန်းကျန်းမာမာရှိနေပြီး သူတို့ကိုလာရောက်ကြည့်သူတွေလည်း ယခင်ကထက် ပိုမိုများပြားနေပါတယ်။
မန္တလေးတိုင်း၊ မြစ်သာမြို့နယ်ထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ရေဘေးသင့်ပြည်သူတွေ ၁ လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ဒေသတွင်းမြစ်တွေမှာ ရေပြန်တက်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မကွေးတိုင်း၊ စေတုတ္တရာနဲ့ နတ်မောက်မြို့နယ်တွေမှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦးတို့ အောက်တိုဘာ ၁ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ရဲ စုစုပေါင်းအင်အား ၅၀ ခန့် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက် မနက် ၉ နာရီခန့်မှာ Drone ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ EagleWings Drone Force အဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာသိမ်းတိုက်ပွဲကပြန်လာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဘုတလင်၊ ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံတွေဟာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။